<div style='background-color: none transparent;'></div>
♪♫♪အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ♪♫♪
Shwe Yoe
ဘယ်နိုင်ငံကလာတာလဲ
Popular Posts
ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း သတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့
ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ
နိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်
ရောက်ရှိလာမှုကို ရန်ကုန်အပြည်
 ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း
သတင်းရယူနေသော ပြည်တွင်း ပြည်ပ
 သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
 ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
Continue Reading | comments
သိပ်ချစ်တယ်၊ စေ့စပ်လိုက်ပြီပြောပြီး တခြားတစ်ယောက်နဲ့ ရေကူးကန်ထဲမှာ ကြည်နူးနေတဲ့ မီလေးဆိုင်းရပ်စ်
အမေရိကန် ပေါ့ပ်အဆိုတော်၊ သီချင်းရေးဆရာမ၊ ရုပ်ရှင်သရုပ်ဆောင် စသည်ဖြင့် အနုပညာ နယ်ပယ်ရပ်ဝန်းမှာ  အောင်မြင် ကျော်ကြားနေတဲ့ မီလေးဆိုင်းရပ်စ်ဟာ သြစတြေးလျမင်းသားချော လီယမ်ဟမ်းစ်ဝေါ့သ်နဲ့ တွေ့ဆုံ ချစ်ကြိုက်ရာကနေ စေ့စပ်ပြီး ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား ယောင်္ကျားတစ်ယောက်နဲ့ ရေကူးကန်ထဲမှာ တပူးတွဲတွဲ မြူးထူး ပျော်ပါးနေတာကြောင့် ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ မီလေးဆိုင်းရပ်စ်ဟာ အသက် ၂၂ နှစ်ရှိ လီယမ်ဟမ်းစ်ဝေါ့သ်နဲ့ ၂၀၀၉ ခုနှစ်မှာ တွေ့ဆုံပြီး ချစ်ကြိုက်လာခဲ့တာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ချစ်လို့မဝ ဖြစ်လာချိန်မှာတော့ စေ့စပ်လိုက်ကြဖို့ ဆုံးဖြတ်ပြီး ၂၀၁၂ ခုနှစ်၊ မေလ ၃၁ ရက်မှာ လူသိရှင်ကြား စေ့စပ်ခဲ့ကြပါတယ်။ စေ့စပ်ခြင်း အထိမ်းအမှတ်အဖြစ် လီယမ်က အလေးချိန် ၃ ဒသမ ၅ ကာရက်ရှိတဲ့ စိန်လက်စွပ် တစ်ကွင်းအား မီလေးဆိုင်းရပ်စ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။
Continue Reading | comments
 မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်ရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိ
မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့်ဝိုင်းဝန်း ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိကာ စစ်ဆေးလျက်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ပါဝင်ပတ်သက်သည့် ကျူးလွန်သူများကို ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်မှစ၍ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့အထိ စုစုပေါင်း၂၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် ထွက်ပြေး တိမ်းရှောင်နေသူ ဦးရေမှာ ၁၁ဦး ရှိနေသေးကြောင်း သိရသည်။ နောက်ဆုံးဖမ်းမိခဲ့သော ကျူးလွန်သူ ထွန်းငြိမ်း(၂၆)နှစ်၊ အလပ်ချောင်း ကြည်မြင်တိုင်မြို့နယ်နေသူကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ မွန်းတည့်အချိန်တွင် ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ကင်မရာတစ်လုံးအား လိုက်လံရောင်းချနေရာမှ တွေ့ရှိစစ်ဆေးမေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်း အထောက်ပြနိုင်ခြင်းမရှိသည့်အပြင် ၄င်းဆွဲထားသည့်အိတ်အတွင်းသို့ ရှာဖွေရာ အရိုးအသွား (၁၅)လက်မခန့်ရှိ ဓားမြောင်တစ်ချောင်းအား တွေ့ရှိရသဖြင့် ပန်းဘဲတန်းရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့ကြောင့် သိရသည်။
Continue Reading | comments
""အပြစ်မဲ့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား တစ်ဦးကို ထောင်ဒဏ် ၉ နှုစ်ချထား""
၂၀၀၉ခုနှစ် က
ဖမ်းဆီးခံရပြီး တောင်ဒဏ် ၉နှစ် ပြစ်ဒါဏ်ပေး
ခံနေရသော ရခိုင်ပြည်နယ် မြေပုံမြို့ နယ်
 ကမ်းထောင်းကြီးကျေးရွာမှ ကွန်ပျူတာ
တက္ကသိုလ်
ကျောင်းသား မောင်ရဲထက်စိုး။
၂၀၀၉ခုနှစ် ရခိုင်လူငယ် ၁၁ ယောက်ကိုဖမ်းဆီးပြီး ထောင်ဒါဏ် အသီးသီး
ချမှတ် ခဲ့  တဲ့ အထဲတွင်
ပြစ်ဒါဏ် အများဆုံး ချမှတ်ခံရသူတစ်ဦးဖြစ်ပါတယ်
လက်ရှိအစိုးရက လွတ်ငြိမ်းချမ်သာခွင့် တွေ အကြိမ်ကြိမ
ပေးပေမယ့်  လည်း အခုအချိန်အထိ သူမပါဝင်သေးပါဘူး။
မိဘတွေကနယ်မှာနေပြီး သူတို့ ရဲ့ သားရန်ကုန်မှာပညာသင်ပေးထားတာပါ။
 .တကယ့် ကို အေးအေးဆေးဆေး နေတတ်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်
.အခုတော့ အင်းစိန်ထောင်မှာ ကွန်ပျူတာသင်တန်း ပို့ ချနေတယ်လို့  သူရဲ့ အဒေါ်ဖြစ်
်
Continue Reading | comments
မကြာခင် အပျိုကြီး ဘဝကို စွန့်လွှတ်တော့မည့် ချောရတနာ
မကြာခင် အပျိုကြီး ဘဝကို စွန့်လွှတ်တော့မည့် ချောရတနာက အနုပညာ လုပ်ငန်းနှင့် ပတ်သက်၍ သူမ၏ ချစ်သူက ကန့်သတ် ချုပ်ချယ်ခြင်း ပြုလုပ်မှာ မဟုတ်ကြောင်း ပြောသည်။ “ကျွန်မရဲ့ လက်တွဲဖော်ကတော့ အနုပညာလုပ်ငန်းနဲ့ ပတ်သက်ရင် စိတ်ပါရင်လုပ်၊ စိတ်မပါရင် မလုပ်နဲ့လို့ ပြောပါတယ်” ဟု ချောရတနာက ပြောသည်။ အိမ်ထောင်ပြုရန် အစီအစဉ်ရှိပြီး ယခုနှစ်ကုန် ဖြစ်ဖို့များကြောင်းလည်း သူမက ပြောကာ ၎င်း၏ ချစ်သူကို အဆင်ပြေမည့် အချိန်တွင် ပရိသတ်နှင့် မိတ်ဆက်ပေးမည်ဟု ဆိုသည်။
Continue Reading | comments
သေမိန့်ချမှတ်ခံထားရသည့် ကျောက်နီမော်အမှု တရားခံနှစ်ဦး အယူခံလွှာ မကြားနာရသေး
သေမိန့်ချမှတ်ခံထားရသော မသီတာထွေးအမှု တရားခံနှစ်ဦး၏ အယူခံလွှာကိုကြားနာရန် အ ချက်အလက်များမပြည့်စုံသေးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ် ပြစ်မှုဌာနခွဲမှသိရသည်။
“အယူခံအတွက်ကြားနာဖို့ အချက်အလက်မပြည့်စုံသေးပါဘူး။ တရားခံနှစ်ဦးအတွက် အစိုးရစ ရိတ်နဲ့ ရှေ့နေတော့ ငှားထားပြီးပါပြီ”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်-သပြေချောင်းကျေးရွာတွင် မေလ ၂၈ ရက်က ရခိုင်အမျိုးသမီး မသီတာထွေးအား ထက်ထက်(ခ)ယော်ရှိး(ခ)ဖြိုးဇေယျာကျော်၊ ရော့ပီးနှင့် ခိုချီးတို့က အဓမ္မပြု ကျင့်၊ ပစ္စည်းလုယက်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
Continue Reading | comments
အမျိုးသမီးတွေအတွက် အလှတရားက အရေးကြီးပါတယ်ဆိုတဲ့ စိုးပြည့်သဇင်
သရုပ်ဆောင် စိုးပြည့်သဇင် ကတော့ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်တဲ့ အနီးမှုန် ဟာသ ဇာတ်ကားကို ဖြိုးငွေစိုးနဲ့ ရိုက်ကူး နေပါတယ်။ သူမနဲ့ တွေ့ဆုံခိုက် မှာတော့ စိုးပြည့် ကတော့ ဖက်ရှင်ကို ရိုးရိုးလေးပဲ ကြိုက်ပါတယ်။ အသားအရေကို တတ်နိုင်သလောက် ထိန်းပါတယ်။ အမျိုးသမီးအတွက် အလှတရားက အရေးကြီးတယ်လို့ ထင်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားမှုတစ်ခု တည်းနဲ့မရဘူး။ ကံတွေ၊ စန်းတွေလိုပါတယ်။ အရမ်းကြိုးစားပြီး တော့ အောင်မြင်မှုမရတဲ့သူတွေလည်း အများကြီးရှိပါတယ်။
စိုးပြည့် အခုလိုအချိန်တိုလေးအတွင်းမှာ အနုပညာမှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုရရှိခဲ့တာလည်း စိုးပြည့်အစ်မရဲ့သင်ကြားမှုတွေကြောင့် ပါ။ စိုးပြည့်သီချင်းဆိုဖို့ရေးထားတာရှိတယ်။ စိုးပြည့်က သရုပ်ဆောင် အပြင် စန္ဒယားတီးတာဝါသနာပါတယ်။ စိုးပြည့်အတွက် အနုပညာ ကမရှိမဖြစ်ပါ။
Continue Reading | comments
"အတွဲလည်း ဆန်း၊ အတွဲလည်း ညီတဲ့ အဖွဲ့အကြောင်းမိုးဟေကို ပြော"
ဒါရိုက်တာ ခိုင်မြတ်အောင် (ကောလိပ်ဂျင်နေဝင်း ရဲ့ဇနီး)က ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေး ရိုက်ကူးပြီး ဟိန်းဝေယံ၊ အောင်ရဲလင်း၊ ဖွေးဖွေး တို့ပါဝင်တဲ့ "ပတ္တမြားခဲ" ရုပ်ရှင် ဇာတ်ကားကြီ
းမှာ အောင်ရဲလင်းရဲ့ ညီမ အဖြစ် သရုပ်ဆောင်နေတဲ့ မိုးဟေကိုက အခုလို စုံရခဲတဲ့ လေးယောက် အတူပါဝင် သရုပ်ဆောင် ရတဲ့အတွက် ဒီဇာတ်ကားကြီးဟာ အမှတ် တရဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးနေစဉ် အတွင်း အမှတ်တရအနေနဲ့ ဘာတွေ ရှိနေပြီလဲ ဆိုတာကို မိုးဟေကို က "စစချင်း ရိုက်တဲ့နေ့က ဗွက်တွေနဲ့ အပက်ခံရတဲ့ ဇာတ်ဝင်ခန်း ရိုက်ရတာ။ အမှတ်တရ ပါပဲ။ တိုင်းရင်းသား ကျေးရွာနဲ့ ယုဇနဥယျာဉ်ကြားက ကမ်းနားဘက်မှာ သွားရိုက်တာ။ မင်းသားနှစ်ယောက်က မင်းသမီးနှစ်ယောက်ကို ဗွက်ရေတွေနဲ့ လောင်းရတာ။
Continue Reading | comments
မြို့ပတ်ဆင်ခြေဖုံး ရထားစီးသူများ အသိပေးချက် ထုတ်ပြန်ထား
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရေကူးဘူတာရုံ လက်မှတ်အရောင်းဌာနတွင် သြဂုတ်၂၃ ရက်က မြန်မာ့မီးရထားမှ မြို့ပတ်ဆင်ခြေဖုံး ရထားစီးခရီးသည်များသို့ အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ အသိပေးချက်တွင် ခရီးသည်များအနေဖြင့် ရထားတစ်ကြိမ် စီးနင်းပြီးတိုင်း ရောက်ရှိသည့် ခရီးဆုံးဘူတာတွင် ခရီးစဉ်တစ်ခုလက်မှတ် ပြန်အပ်နှံထားခဲ့ရပါမည်။
Continue Reading | comments
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်မြန်မာနိုင်ငံသားတစ်ဦးပြန်ပေးဆွဲခံရ”
 ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ခံတစ်ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြန်ပေးဆွဲခံလိုက်ရကြောင်း သူ၏ ဇနီးက ပြောသည်။
         မြ၀တီမြို့ အမှတ် ၄ရပ်ကွက် အောင်သိပ္ပံလမ်း တွင် နေထိုင်ကြသည့် ခင်ပွန်းဖြစ်သူ ကိုဖိုးစန်းသည် သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံရန် သွားရာမှ ပြန်ပေးဆွဲခံရသည်ဟု ဆိုသည်။
ဇနီးဖြစ်သူ မအေးမူက “၈ လပိုင်း ၂၀ ရက်နေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ ယောင်္ကျားနဲ့ နောက်ဆုံး ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတစ်ဦးက ကားတစ်စီးဝယ်ဖို့ အင်ဂျင်လာကြည့်ပေးပါ။ ပတ်စပို့  စာအုပ် သမား ၃ ယောက် ရှိတယ် မြန်မြန်လာလုပ်ပေးပါလို့ခေါ်တယ်။” ဟုပြောသည်။
Continue Reading | comments
မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေ ဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။
ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက် ထပ်ပြိး မြေကွက်များ ကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အာြး ပစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေး ခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Continue Reading | comments
နေပြည်တော်ဒေသခံတွေကြားမှာ အထူးတလည် စိတ်ဝင်စားနေကြတဲ့ ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင်မှု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။
သေမှုသေခင်းနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က RFA ကို အတည်ပြု ပြောကြားပါတယ်။
Continue Reading | comments
ကသာမြို့မှ၁၂နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှု
ကသာမြို့နယ်အပိုင်၊
အင်းရွာကျေးရွာရှိကြံခင်းအနီး၁၂နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားသွားခဲ့
ပါသည်။
သတ်ဖြတ်ခံသည့် ကလေးငယ်မှာ မလှလှဆိုသူဖြစ်ပြီး အင်းရွာရဲ
စခန်းမှ တရားခံပေါ်ပေါက်ရေးစစ်ဆေးနေကြောင်းသိရခဲ့ရပါသည်။
မှုခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ကသာခရိုင်မှ ရဲအရာရှိ(၂၀)ကျော်စေလွှတ်စုံစမ်းခဲ့သော်လည်း ရက်အတန်ကြာသည်အထိတရားခံဖေါ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ၊
နောက်တွင်စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးသာအေးမှကသာသို့ရောက်ရှိစဉ် တာဝန်ရှိရဲများ
အား တရားခံမပေါ်ပေါက်ပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းညွှန်ကြားသွားခဲ့ပါသည်၊။
ထိုသို့ညွှန်ကြားသွားပြီး (၂)ရက်အကြာတွင် လူသတ်မဒိန်းကျင့်သော တရားခံမှာ အသတ်ခံရသူမလှလှ၏ အဖိုးအရင်းဦးမြဒေါင်း(၅၇)နှစ်ကိုယ်တိုင်ဖြစ်ကြောင်းကြားရသော်အခါ မြို့ပေါ်မှ သို့လော သို့လော
ဖြစ်ကုန်ကြပါသည်။
Continue Reading | comments
လမ်းမတော်မြို့နယ်နေ ဆယ်တန်း ကျောင်းသူလေး အား သတ်ဖြတ် မီးရှို့ခဲ့သော တစ်ကယ်ဖြစ်ရပ်မှန် မှုခင်းရိုက်ကူးမှု လူအများ အထိတ်တလန့်ဖြစ်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည်များနှင့် ဒေသခံ ပြည်သူများကြား ထိတ်လန့်မှု ဖြစ်ပွား ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
“ရုပ်ရှင် ရိုက်နေတာ တဲ့ဗျာ၊ ကျွန်တော်တို့လည်း ရဲတွေ အများကြီး လူတွေ အများကြီး ကားတွေလည်း ပိတ်နေတော့ တစ်ခုခု ဖြစ်တယ် ထင်လို့ သွားကြည့် လိုက်တာပါ’’ ဟု ပုဇွန်တောင် ဈေးရှေ့တွင် နေထိုင်သူ အိန္ဒိယ နွယ်ဖွား တစ်ဦးက ဆိုသည်။
Continue Reading | comments (1)
မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ
ဒီလို Chatting မျိုးက အနောက်တိုင်းမှာ အင်မတန် ရေပန်းစားပါတယ်။ အနောက်တိုင်းရယ်လို့တောင်မဟုတ်ပဲ ဂျပန်၊ တောင်ကိုရီးယား၊ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါ ရေပန်းစားလာတဲ့ Chatting ဖြစ်ပါတယ်။
စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေကိုပါ မြင်အောင် ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါမှာ ဖြစ်ပါတယ်။အနောက်တိုင်းမှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။
Continue Reading | comments
အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ
အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ
popular myanmar news 
Continue Reading | comments
ပခုက္ကူနယ်ဆင်ကြို့ရွာမှ လေးမြွှာပူးကလေး မွေးဖွား
ပခုက္ကူမြို့နယ် ချမ်းမြေ့ဆေးရုံတွင် ၉-၄-၂၀၁၂ ရက်က ကလေးလေးမြွှာပူးအောင်မြင် စွာ မွေးဖွားခဲ့သည်။ ၂၀၁၂ နှစ်သစ်ကူးအခါသမယ၌ ကလေးငယ် လေးမြွှာပူးကို ရေစကြိုနယ် ဆင်ကြို့ရွာမှ ဦးသိန်းစိုး၏ဇနီး ဒေါ်ခင်မြင့်ကြည်မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်မြင့်ကြည်သည် ယခုကိုယ်ဝန်မှာ ယခင်ကိုယ်ဝန်များနှင့်မတူ၍ ကိုယ်ဝန်ရှိစဉ်က တည်းကပင် ဒေါ်တာဒေါ်အေစိမ်းထံတွင် ပြသခဲ့သည်။
Continue Reading | comments
ကျောင်းသားလူငယ်များအနေဖြင့် စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန် EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘများ စိုးရိမ်ပူပန်မှုမြင့်တက်
ကျောင်းသားလူငယ်များအနေဖြင့် စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် တက်ရောက်လေ့ရှိသော EXAM PARTY များတွင် စီးပွားရေးလုပ်ငန်းရှင်များက SEXY DANCE COMPETITION များပါထည့်သွင်းလာသည့်အတွက် မိဘများအနေဖြင့် စိုးရိမ်ပူပန်လျှက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကြော်ငြာများအား  စီးပွားရေးလုပ်ငန်းရှင်များက  လူသုံးများသော FACEBOOK  ၊TWITTER ကဲ့သို့သော လူမှုရေး ကွန်ယက်များတွင် ထည့်သွင်းလာသလို RELAX ပြုလုပ်နိုင်ရန် နေ့လည် ၂ နာရီမှ ည ၉ နာရီအထိဟု ဆိုကာ ENTERTAINMENT တစ်ခုက လက်ကမ်း စာစောင် ဖြန့်ဝေနေခြင်းဖြစ်ပြီး အချို့ကြော်ငြာများတွင်GSM ကဒ်ပါ ကံစမ်းမဲ ဖောက်ပေးဦးမည်ဟု ပါရှိသည်။
Continue Reading | comments
တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဝေဇယန္တာ လမ်းအတိုင်း တောင်ဥက္ကလာပ ဗဟိုဈေးဘက်မှ ပါရမီမီးပွိုင့်ဘက်သို့ မောင်းနှင်လာသောR Minus အပြာရောင် ကိုယ်ပိုင် ယာဉ်တစ်စီးသည် အင်းဝ ၃လမ်းထိပ်အရောက်တွင် တောင်ဥက္ကလာပ ရဲစခန်းမှ ဒုတပ်ကြပ်ဟန်သာစော စီးနင်းလာ သော Shanyan-110 အနက်ရောင် ဆိုင်ကယ်ကိုအနောက်မှ ဝင်တိုက်မိပြီး ဆက်လက်၍ တပ်ကြပ်
Continue Reading | comments
တောင်ကိုရီးယားနိုင်ငံကို ဗိုလာဘဲန် (BOLAVEN) တိုင်ဖုန်း ၀င်ရောက် (ယခုအချိန်ထိ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦး)
ကိုရီးယားသတင်းများမှ
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၇ ရက် ညနေပိုင်းက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက် လှပတဲ့ ဂျဲဂျူကျွန်းသို့ တိုင်ဖုန်း အမှတ် ၁၅ ဗိုလာဘဲန် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နေ့လည် ၁ နာရီ ကျော်အချိန်တွင် ဆိုးလ် (ဆောအုလ်) မြို့ဆီကို ၁၂၀ ကီလိုမီတာ အရှိန်ဖြင့် ၀င်ရောက် တိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ်နေစဉ် လေပြင်းဒဏ်ကြောင့် ဂျောန်လာပြည်နယ် ဂွာန်ဂျူမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပေါ်ကနေ အသက် ၈၉ နှစ် ရှိ အဖွာအိုတဦး ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ခန်းများ စောင့်နေတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လေပြင်းနဲ့အတူ လွင့်ပါပြီး ကုန်သေတ္တာ (ကွန်တိန်နာ - Container) စောင်းနဲ့ ထိပြီး သေဆုံးခဲ့ကြောင်း၊ ဂယောင်ဂီပြည်နယ် အန်ဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတဦးလည်း လေပြင်းမုန်တိုင်းနဲ့ ပါသွားပြီး အဆောက်အအုံတိုင်နဲ့ ထိမိပြီး ပေါင်ကျိုးသွားကြောင်း ကိုရီးယား သတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။ အခု သတင်းရေးသားချိန် (ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်) တွင် ဂယောင်ဂီပြည်နယ် ပူချွန်း ဒေသတ၀ိုက်ရှိ အိမ်အချို့ရဲ့အပေါ်ထပ် အမိုးအကာအချို့ ပြုတ်ကျနေပြီး လူများ လွင့်ပါသွားတော့မယ့်အလား လေပြင်းများ တိုက်ခတ်နေကြပါတယ်။ အဲဒီဒေသ အနီးအနားမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်းကလည်း သတိထား နေထိုင်ကြဖို့၊ ကူညီကြဖို့ အပြန်အလှန် တယ်လီဖုန်းဆက် ပြောဆိုနေကြပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရရှိသူဦးရေ ဆက်လက် တိုးပွားလျက်ရှိပြီး ကားလမ်းများ ပိတ်ဆို့နေကာ ဓာတ်တိုင်များ၊ မီးပွိုင့်များ၊ သစ်ပင်များ ကျိုးကျ ပျက်စီးနေကြပါတယ်။
Continue Reading | comments
"မန်ယူဘောလုံးသမား ရွန်နီရဲ့ ချစ်သူ နန်းမြတ်ဖြိုးသင်း"
အခု လတ်တလောမှာတော့ နန်းမြတ်ဖြိုးသင်းက ကြော်ငြာ တွေရိုက်ဖြစ်နေပြီး အတွဲခွေ အတွက်လည်း သီချင်းသွင်းဖြစ်နေ ကြောင်းပြောပါတယ်။ ဘောလုံးချစ်သူများနေ့ ဟာသပြဇာတ်မှာ လည်း နန်းမြတ်က ရွန်နီရဲ့ချစ်သူကောလင်းနေရာမှာ သရုပ်ဆောင် ခဲ့ကြောင်း ကိုလည်း ပြောပြခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက အခု လက်ရှိမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အခမဲ့ ဖွင့်လှစ်သင် ကြားပေးနေတဲ့ အဆင့်မြင့် သရုပ်ဆောင်သင်တန်းကို တက် ရောက်နေပါတယ်။ ဒီသင်တန်းကို တက်ရောက်ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းက''အနုပညာ အသိုင်း အဝိုင်း က အစ်ကိုတွေကပြောတယ်။ ပြင်သစ်က အနုပညာရှင် လာသင်ဖို့ ရှိတယ်တဲ့။ နန်းမြတ်ကလည်း ဒီပညာတစ်ခုကို စာတွေ့ရော၊ လက်တွေ့ရော တတ်ကျွမ်းချင်တယ်။ နန်း မြတ်တို့ဆိုရင် အနုပညာ အလုပ်တွေကို လုပ် တယ်။
Continue Reading | comments
ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား(သတင်း/ဓာတ်ပုံ)
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Continue Reading | comments
တောင်ကိုးရီးယားကရွှေ မြန်မာများ ယခုရက်ပိုင်းအတွင်းသတိထားသွာလာကြပါခင်ဗျား
ကိုရီးယား အနောက်တောင်ဘက်မှ နေ၍ မြောက်ဘက်ပိုင်းသို့ မုန်တိုင်းရွေ့မည် ။ ရွှေမြန်မာများ သတိနှင့် သွားလာကြပါခင်ဗျား
 -တောင်ကိုရီးယားကို ၀င်မဲ့ တိုင်ဖွန်မုန်တိုင်းကတော့ Bolaven မုန်တိုင်းဖြစ်ပါတယ် ၊ တစ်နာရီကို 58 မိုင် ကနေ 69 မိုင်အထိ တိုက်ခတ်နိုင်ပါတယ် ၊ အခု အဆိုရင် ဆိုလ်းမှာ ကျောင်းတွေ ၊ အတန်းတွေ တောင် ပိတ်ထားပါတယ် ၊ သင်္ဘောတွေကိုလဲ ဘေးလွတ်ရာမှာ ဆိုက်ကပ်ဖို့ ကြေငြာထားပါတယ်။
မြန်မာ့သားကောင်း
Continue Reading | comments
"ချစ်သုဝေရဲ့ ဆယ်ရက်တစ်ကားဗီဒီယိုရိုက်ကူးမှုအပေါ်အမြင်"
'
ဟက်စကီးချစ်သူ' ဆိုတဲ့ဇာတ်ကားမှာ နေတိုးနဲ့အတူ သရုပ်ဆောင်နေတဲ့ ချစ်သုဝေ က ဒီဇာတ်ကားရဲ့ ထူးခြားမှုတစ်ခုအနေနဲ့ နေတိုးက ဟက်စကီး မှာ CCTV တပ်ပြီး ချစ်သုဝေကိုလိုက်ကြည့်တဲ့ ဇာတ်လမ်းမျိုးဖြစ် ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကို စုစု ပေါင်း ရှစ်ရက်အချိန်ပေးထားခြင်းဖြစ်ပြီး အစ ကတည်းက ဇာတ်ကားရိုက်ကူးမှုပုံမှန်ပဲရိုက် တဲ့အတွက် အခုအချိန်မှာ ပြဿနာသိပ်မရှိ ကြောင်း ပြောပါတယ်။ အခုလို ဗီဒီယိုတစ်ကားကို ဆယ်ရက်နှုန်းသတ်မှတ်ထားချိန်မှာ ဇာတ်ကားရိုက်ကူးမှုတွေကို ဘယ်လို ရိုက်ရက် ပေးပြီး စီထားသလဲဆိုတာကိုတော့..''ရက်တွေ တအားပြည့်ကျပ် သွားတာကို နှစ်လ၊သုံးလလောက်ပဲကြုံဖူးပါတယ်။
Continue Reading | comments
ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင် အောင်ချမ်းသာအိမ်ရာတွင် ဗုံးလန့်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)
သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်၊ ဗိုလ်စိန်မှန်အားကစားကွင်း အရှေ့ရှိ အောင်ချမ်းသာ အိမ်ရာဝင်းအတွင်း၌ ရပ်ထားသော ကုမ္ပဏီပိုင် ကားတစ်စီးပေါ်တွင် ဗုံးဟု သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယဖြစ်ဖွယ် အထုပ်အား သက်ဆိုင်ရာမှာ လာရောက်စစ်ဆေးပြီး ဖယ်ရှားခဲ့ရာတွင် ဗုံးမဟုတ်ကြောင်းနှင့် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရှင်းလင်ဖယ်ရှားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။
Continue Reading | comments
မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့မင်းသမီး လီယောင်အေးက မြန်မာကလေးများကို ရန်ပုံငွေလှူဒါန်း
တောင်ကိုရီယား မင်းသမီး လီယောင်အေး၊ ဓာတ်ပုံ- The Chosun IIbo
မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့ နန်းတွင်း သမားတော် ဇာတ်ကားမှာ ချန်ဂင် အဖြစ် သရုပ်ဆောင်
ခဲ့သူ တောင်ကိုရီယား မင်းသမီး လီယောင်အေး ဟာ မြန်မာနိုင်ငံက အမျိုးသမီးငယ်များကို စောင့်ရှောက် ကူညီပေးနေတဲ့ မယ်သီလရှင်ကျောင်းတခုကို အလှူငွေ ထည့်လိုက်ပါတယ်။
The Chosun Ilbo လစဉ်ထုတ် မဂ္ဂဇင်းရဲ့ Woman Chosun ဆိုတဲ့ ချိုဆမ်အမျိုးသမီး အစီအစဉ်တခုမှာ တနင်္လာနေ့က ဖော်ပြတာပါ။
Continue Reading | comments
သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံစဉ် ရေနစ်သေဆုံး.
လက်ထပ်ပြီးကာစ အမျိုးသမီး တစ်ဦးသည် သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံရင်း မတော်တဆမှု တစ်ခုကြောင့် ရေနစ်သေဆုံးခဲ့သည့် ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ကနေဒါတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အသက်(၃၀) အရွယ်ရှိ မာရီယာ ပန်တာဇိုပူလော့စ်သည် ဒေါ်ဝင်ရေတံခွန် အနီးရှိ အော်ရီရော် ရေတံခွန် အနီးတွင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ကာ အလှဓာတ်ပုံ ရိုက်ရင်း ရေထဲပြုတ်ကျသွားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က သူမသည် ဒေါက်မြင့်ဖိနပ်ကို စီးနင်းကာ ကျောက်တုံးများအနီး သွားလာနေရင်း သတို့သမီး ဝတ်စုံသည် ရေစီးထဲ နစ်မြောကာ သူမကို တရွတ်ဆွဲသွားခြင်း ဖြစ်သည်။ ရဲများရောက်ရှိလာချိန်တွင် အခင်းဖြစ်ရာ နေရာ၌ ဒေါက်မြင့်ဖိနပ်အပြင် ကျောက်တုံးများပေါ် တင်ထားသည့် အခြား အဖြူရောင် သတို့သမီးဝတ်စုံ တစ်စုံကိုသာ တွေ့မြင်ရတော့သည်။
Continue Reading | comments
"အင်တာနက်ပေါ်က ဇော်ဝင်းထွဋ် သတင်းနဲ့ ပတ်သက်ပြီး အံ့သြစိတ်နဲ့ အတူ စိုးရိမ်စိတ်လည်း ဝင်ခဲ့ရတဲ့ အက်စစ်အဖွဲ့သားများ"
ဖေ့စ်ဘုတ်မှာ ဇော်ဝင်းထွဋ် ကွယ်လွန်သွားပြီ ဆိုတဲ့သတင်းကို ဖတ်လိုက် ရချင်း မှာပဲ စိုးရိမ်စိတ်တွေ ဖြစ်သွားခဲ့တာကတော့ အက်စစ် အဖွဲ့က
အနဂ္ဂနဲ့ ရန်ရန်ချန်း တို့ပါပဲ။ ဒီသတင်း ဖတ်လိုက်ရချင်းမှာပဲ အံ့သြစိတ်တွေ နဲ့အတူ စိုးရိမ်စိတ်တွေလည်း ဖြစ်ခဲ့ပြီး ဇော်ဝင်းထွဋ်ရဲ့အိမ်ကို ဖုန်းနဲ့ချက်ချင်းမေးဖြစ် ခဲ့တဲ့ အက်စစ်အဖွဲ့ဝင် အနဂ္ဂက..
''ကျွန်တော် အန်တီမေခိုင်ဆီကို ညဘက် မိုးချုပ်ကြီး လှမ်းဆက်လိုက်တယ်။ ဦးညီထွဋ်က ဆီဒိုးနားမှာ သီချင်းသွားဆိုနေတယ်။ ဘာမှမဖြစ်ဘူးလို့ပြော တယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်မှာ ဦးညီထွဋ် ဘာမှမဖြစ်ဘူး ဆိုတာ တင်လိုက်တယ်။ ဒီသတင်းကြား တော့ အံ့သြတာပေါ့။
Continue Reading | comments
ယနေ့ နံနက် ၇နာရီ၄၀မိနစ် အချိန်က ဗိုလ်တစ်ထောင်မြို့နယ်၊( ၃ )ရပ်ကွက်ဗိုလ် တစ်ထောင် ဈေးလမ်းရှိ လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)
ယနေ့ နံနက် ၇နာရီ၄၀မိနစ် အချိန်က ဗိုလ်တစ်ထောင်မြို့နယ်၊( ၃ )ရပ်ကွက်ဗိုလ် တစ်ထောင် ဈေးလမ်းရှိ လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုမီးလောင်မှုမှာ အဆိုပါလမ်းအတွင်း အမှတ်၉၀ရှိ ၆ထပ်တိုက်မြေညီခန်း၌ ပိုက်ကွန်ဂိုဒေါင် အဖြစ်အသံ
ုးပြုထားသော တိုက်ခန်းတွင် ဒါးမိန်းအပူလွန်ကဲ၍ ရှော့စ်ဖြစ်ရာမှ မီးစတင်လောင် ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် ငြမ်းဆင်ရာတွင် အသုံးပြုသော ပိုက်ကွန် ( ၈ )ပေခန့် ၊ ဒါးမိန်း ( ၁ )ခုနှင့် ၀ါယာကြိုးအနည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ်တစ်သောင်းခန့်ဆုံးရှုံးခဲ့ကြောင်း နှင့် ထိုတိုက်ခန်းအားဌာရမ်းထားသူအပေါ် ဗိုလ်တစ်ထောင် ရဲစခန်းမှ ( ပ )၁၉၄ / ၂၀၁၂ ၊ပုဒ်မ ( ၂၈၅ )ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။
Continue Reading | comments
ဂြိုလ်တု ပြောင်းလဲပြီးသူများ Sky Net ရုပ်သံ ၁လ အခမဲ့ ကြည့်ရှုခွင့် ရမည်
Sky Net ရုပ်သံလိုင်းက ဂြိုလ်တု ပြောင်းလဲပြီး သူများအား စက်တင်ဘာလ တစ်လလုံး အခမဲ့ ကြည့်ရှုခွင့် ပေးသွားမည် ဖြစ်ကြောင်း Park Royal တွင် ယနေ့ကျင်းပသော SkyNet ရုပ်သံ စာနယ်ဇင်း ရှင်းလင်းပွဲ၌ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ SkyNet ရုပ်သံလိုင်းကို အခမဲ့ရရှိရန်အတွက် Thaicom မှ Apstart-7 ဂြိုလ်တုသို့ ပြောင်းလဲ ပြီးသူများသာ ရရှိမည် ဖြစ်ပြီး အဆိုပါ ဂြိုလ်တု ပြောင်းလဲရန်အတွက် LNB လဲခ ၃၀၀၀နှင့် တပ်ဆင်ခ ၅၀၀၀ ကျပ် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
Continue Reading | comments
မလေးရှားနိုင်ငံတွင်(ဂပ်စ်)စက်ရုံပေါက်ကွဲပြီးသေဆုံးသွားသူ မြန်မာလုပ်သားများကို ယနေ့မီးသကြို (ပုံနှင့်တကွ) မြန်မာနိုင်ငံရှိ မိသားစုများမှသိရှိစေရန်
ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။
ဒီကနေ့ တနင်္ဂနွေနေ့  ၂၆ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံပီနန်း နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ကိုဝင်းသန်းထွန်းမှ ဦးဆောင်ကာ
၎ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင် မီးလောင်မှုဖြစ်ပွား
ရာမှ
သေဆုံးသူ ၄ ဦးအား နေ့လည် ၂ နာရီခန့်တွင် စနစ်တကျ ကောင်းမွန်စွာ မီးသကြိုပေးခဲ့ပြီး  ကောင်းရာသုဂတိလားစေဖို့ အမျှအတမ်းပေးဝေ ခဲ့ကြပါတယ်။
 ရေစက်ချ အမျှပေးဝေနေစဉ် တွေ့ရသည့်ပုံ
  ဆရာတော်အား သင်္ကန်း ဆပ်ကပ် လှူဒန်းနေပုံ
Continue Reading | comments
"ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ထိုင်းလ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”
 ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ကထုန်ဘန်မြို့ ကီလိုစစ်စောင်တွင်နေထိုင်သည့်CD ပြား အလုပ်ရုံ အလုပ်သမ မသဲမိုး ဆိုသူအား ယနေ့နေ့ လည်ပိုင်းက မဟာချိုင် လ၀က ၂ဦး ကားဖြင့်ရောက်လာပြီး ပတ်စပို့ စစ်ဆေးပြီးနောက် ပါးကိုဖျစ်ညှစ် ပြီး ၂ကြိမ်နမ်းသွားကြောင်း ကာယကံရှင်အမျိုးသမီးကပြောသည်။
               လက်ရှိ အိမ်ထောင်သည် ကလေးတစ်ဦးမိခင် အ သက် ၂၁ နှစ်အရွယ် မသဲမိုး က“ သမီးက ရေချိုးပြီးလို့ အ၀တ်လဲနေ တာ၊ တောမော(လ၀က) ကားနဲ့ ရောက်လာပြီး သမီးအခန်းထဲ ဟိုကြည့် ဒီကြည့်လုပ်တယ်။ သမီးကိုပတ်စပို့ ၀တ်ပါမစ် စစ်တယ်။   မြန်မာပြည်ကို ပြန်ပို့ထားတဲ့ သမီးတို့ မှာ ကလေး ဓါတ်ပုံကပ်ထား တာရှိတယ်လေ။ တောမော ပုလိပ်က ကလေးရှိလားတဲ့မေးတယ်၊ သမီးကလည်း ရှိတယ်လို့ ပြောတယ်။ဘာမပြောညာမပြောနဲ့ သမီး ပါး၂ဘက်ကို ကိုင်ပြီးတော့ ၂ကြိမ်တိုင်တိုင် နမ်းတယ်ရှင့်” ဟုပြောသည်။
Continue Reading | comments
(ဒီဆောင်းပါးဟာ ဖေ့စ်ဘုတ်တို့ ဂျီမေးလ်တို့မှာလည်း ပြန့်နေတာ တွေ့ရပါတယ်။ မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ဒီနေရာက ပြန်တင်ပေးလိုက်ပါတယ်။)
(ဒီဆောင်းပါးဟာ ဖေ့စ်ဘုတ်တို့ ဂျီမေးလ်တို့မှာလည်း ပြန့်နေတာ တွေ့ရပါတယ်။ မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ဒီနေရာက ပြန်တင်ပေးလိုက်ပါတယ်။) အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေး ကြားပြီးကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်းဆိုတော့ စာရိုက်ရမှာ ကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။ ၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကိုစွန့်ခွာခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြော ချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။ အပြော မတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည်ထဲမှာပဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။
Continue Reading | comments (1)
မူးယစ်ဆေးဝါးသုံးစွဲမိလို့ဆေးဖြတ်နေတယ်ဆိုတာလူတွေက အမျိုးမျိုးပြောကြတာပါလို့ဆိုတဲ့ရာဇာနေဝင်း
၂၀၀၀ ပြည့် လွန် နှစ် များ က နာမည် ကျော် လူ ကြိုက် များ ခဲ့ သည့် ရုပ်ရှင် သရုပ်ဆောင် ရာ
ဇာနေ၀င်း က သူမူးယစ်ဆေးဝါး သုံးစွဲ မှု ကြောင့် ဆေးဖြတ် နေတာ မဟုတ် ကြောင်း အဆို လိုင်း
ဖြင့် အနု ပညာ လောက ထဲ တစ်ကျော့် ပြန် ၀င် ရောက် လာ အုံးမည် ဖြစ် ကြောင်း ယနေ့  ထုတ်
Oasis ဂျာနယ် တွင် ဖော်ပြထား သည်။
ရာဇာ နေ၀င်း သည် လွန် ခဲ့ သည့် နှစ် အနည်း ငယ် ကျော် က ရုပ်ရှင် နှင့် ဗီဒီယို လောက တွင်
ပြိုင် ဘက် မရှိ ကျော်ကြား ခဲ့ သူ ဖြစ် ပြီး သူ ၏ ဟန်ပန် ကို တုပ ထား သည့် ပရိသတ် များ ပေါ်
ပေါက် ခဲ့ သည်။
Continue Reading | comments
နိုင်ငံအကြီးအကဲနှစ်ဦး၏ အမည်ကို အလွဲသုံးစားလုပ်ပြီး ကိုရီးယားတွင် အလုပ်ရမည်ဆိုကာ ငွေလိမ်လည်သူအား ဖမ်းဆီးအရေးယူ
နိုင်ငံအကြီးအကဲ နှစ်ဦး၏ အမည်အား အလွဲသုံးစားလုပ်၍ ကိုရီးယားတွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ဒေသအနှံ့ရှိ လူအမြောက်အမြားထံမှ ငွေကြေး လိမ်လည်ယူထားသူအား သြဂုတ် ၁၅ ရက်တွင် ဖမ်းဆီးစစ်ဆေး အရေးယူထားကြောင်း သိရသည်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်လိုင်စင် မရှိဘဲ နိုင်ငံတော်ဒုတိယသမ္မတ (ယခင်) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့၏ အမည်များအား အလွဲသုံးစားလုပ်ကာ ကိုရီးယားနိုင်ငံသို့ အလုပ် ရရှိရန် ပို့ပေးမည်ဟု ပြောပြီး ပွဲစားများမွေး၍ အုပ်စုဖွဲ့ကာ စာချုပ်စာတမ်းများ၌ လက်မှတ်ရေးထိုးခြင်း၊ ငွေများရယူခြင်းများကို အတင့်ရဲစွာ ပြုလုပ်နေသည်ဟုဆိုသော မ-----နှင့် ခင်ပွန်းဖြစ်သူတို့အား အရေးယူပေးရန်အတွက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက စုပေါင်းလက်မှတ်ရေးထိုး၍ အထက်အဆင့်ဆင့်သို့ တင်ပြတိုင်ကြားမှုကို ဇွန် ၆ ရက်က ပြုခဲ့ကြောင်း သိရသည်။
Continue Reading | comments
ပလက်ဖောင်းပေါ်မှ မြန်မာမလေးများ
အရင်တုန်း ကဆိုရင် ဒီအကြောင်းဟာ ရေးလို့မရတဲ့ အတွက် မျိုချ ပစ်လိုက်ရမှာပါ။ ခုတော့ရေးလို့ ရပြီထင်ပါတယ်။ ရေးပါရစေ နော်။ ကျွန်မဟာ ပလက်ဖောင်းပေါ်မှာ မတ် တတ်ရပ်ပြီး ဖောက်သည် စောင့်နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတာ မကြာလှသေးပါဘူး။ အရင်တုန်းကလည်း ဒီလို မိန်းကလေးတွေ ရှိ တယ်လို့ ကြားဖူးပါတယ်။ မျက်ဝါးထင်ထင် မမြင်ဖူးပါဘူး။ မသဲကွဲတဲ့ အတွက် မထင်ရက် တာလည်း ပါပါတယ်။ မထင်ချင်တာလည်း ပါပါတယ်။ ကျွန်မကျောင်းသွားတဲ့ အချိန်စောရင် တော့ သူတို့ကို မတွေ့ရတတ်ပါဘူး။ မနက် ၁၁ နာရီလောက် အဲဒီနားကို ဖြတ်ရင် တွေ့ ရတတ် ပါတယ်။ ပြည်လမ်းခြောက်မိုင်ခွဲ မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ မတ်တတ် ရပ်နေတတ်ပါတယ်။ ဟိုဘက် ပလက်ဖောင်းမှာရော ဒီ ဘက် ပလက်ဖောင်းမှာပါ သူတို့ရဲ့ ပုံစံက သိပ်ကို သိသာလွန်းပါတယ်။
အသက်ငယ်ငယ် လေးတွေပါ။ အဲဒီမြင်ကွင်းကို မြင်တိုင်း ကျွန်မ ရင်ထဲမှာ မကောင်းလှဘူး။ နင့်နင့်နာ နာခံစားရတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်မစားဘဲ ဒါမျိုး လုပ်စားရမလား ဆိုပြီး အဲဒီ မိန်ကလေးတွေကို အပြစ်တင်ရမလား။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလှ တဲ့ ခေတ်အခြေအနေကို အပြစ်ပြောရမှာ လား။ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လို့ လက်ညှိုးထိုး ရမှာလား ဆိုတာကို လျှောက်စဉ်းစားနေမိတယ်။ တစ်နေ့မှာတော့ ၈ မိုင်မှတ်တိုင်ကနေ ပြီး ၅၁ ဘတ်စ်ကားကြီး စီးလာမိတယ်။ ကား က အတော်ချောင်တယ်။ ထိုင်စရာနေရာ တွေ အများကြီးပဲ။
Continue Reading | comments
ရန်ကုန်-ဒလ ကြိုးတံတားတည်ဆောက်မည်
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်မည့် ရန်ကုန်-ဒလကြိုးတံတား ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၌ ကျင်းပသော လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“အခုက နိုင်ငံခြားအကူအညီနဲ့ ဆောက်ချင်တဲ့တံတား ခုနစ်ခုရှိပါတယ်။ အဲဒီတံတားအထဲမှာ ရန်ကုန်နဲ့ ဒလမြို့ကို ဆက်သွယ်ထားတဲ့ ကြိုးတံတားတစ်စင်းလည်းပါပါတယ်”ဟု ၎င်းကဆက်လက်ပြောကြား သည်။
Continue Reading | comments
"အောင်ရဲလင်းနဲ့ နပန်းလုံးရင်း လက်မှာဒဏ်ရာရခဲ့တဲ့ ဟိန်းဝေယံ"
"ပတ္တမြားခဲ" ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ အောင်ရဲလင်း၊ မိုးဟေကို၊ ဖွေးဖွေး တို့နဲ့ သရုပ်ဆောင်နေတဲ့ ဟိန်းဝေယံက ဒီဇာတ်ကားထဲမှာ အောင်ရဲလင်း ရဲ့ သူငယ်ချင်း အဖြစ် သရုပ်ဆောင်ထားပါတယ်။
အောင်ရဲလင်း ရဲ့ ညီမနဲ့ ချစ်သူဖြစ်တာကို အောင်ရဲလင်းက သူ့ညီမကို တကယ်ချစ်တာကို မယုံမကြည်ဖြစ် ကာ စကားများပြီး နပန်းလုံးကြတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရင်း ဟိန်းဝေယံက ဘယ်ဘက်လက်မှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီလို ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းကို ဟိန်းဝေယံက " အောင်ရဲလင်းနဲ့ ကျွန်တော် ရန်ဖြစ်ကြ တဲ့ ဇာတ်ဝင်ခန်းမှာ သူ့ညီမကို ကျွန်တော်က အပျော်ကြံတယ် ထင်ပြီး ပြဿနာရှာတယ်။ ကျွန်တော်ကလည်း ကိုယ်မဟုတ်တဲ့ အတွက် စိတ်တိုပြီး ပြန်ထိုးကြတယ်။ နပန်းလုံးရင်း လုံးရင်းနဲ့ အောက်ကို လိမ့်ကျသွားတာ လက် ထောက်မိလိုက်တော့ ခဲရှသွားတယ်။ ဘယ် ဘက်လက်မှာပေါ့" လို့ ပြောပြပါတယ်။
Continue Reading | comments
မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ
ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)
ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ၀င်ရောက်မှု များပြားလာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော်ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘီယာနှင့် အဖျော်ယမကာ ရောင်းချသော ဆိုင်ကြီးတချို့က တာဝန်ရှိသူများ က ပြော သည်။
Continue Reading | comments (1)
အင်တာနက်ပေါ်မှာခေတ်စားနေတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ မိသားစုဓါတ်ပုံလေး
အင်တာနက်ပေါ်မှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ မိသားစုဓါတ်ပုံလေးကို တွေ့ရပြီး ဒီဓါတ်ပုံကို ပရိသတ်တွေက တအားသဘောကျကြပါတယ်။ ဒီဓါတ်ပုံ ရိုက်ကူးတဲ့ ဓါတ်ပုံဝဏ္ဏခွာနီးကို ဒီဓါတ်ပုံ ဖြစ်တည်ခဲ့ရခြင်း အကြောင်းကို မေးကြည့်တော့ "ကျွန်တော်ဒီရက်ပိုင်းထဲမှာပဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်မိသားစုကို City Baby ကြေငြာ ဓါတ်ပုံရိုက်ကူးခဲ့တာပါ။ သူတို့အိမ်ခန်းထဲမှာပဲ သမီးလေးပြေသုဒြာနဲ့ ရိုက်ထားပါတယ်။ ကြေငြာရိုက်ပြီးတော့ အိန္ဒြာကျော်ဇင်ရဲ့တူမလေးနဲ့ အမှတ်တရ ဓါတ်ပုံရိုက်လိုက်တာပါ။ ကျွန်တော်အဲဒီပုံလေးကို သဘောကျလို့ အင်တာနက်ပေါ် တင်ဖြစ်သွားတာပါ" လို့ပြောပါတယ်။
ဓါတ်ပုံ - ၀ဏ္ဏခွာနီး Facebook
popular journal
Continue Reading | comments (5)
မိခင်က သေခါနီးဆဲဆဲ သမီးငယ်အတွက် ကမ္ဘာလှည့်ခရီးစရိတ်ကို ကြံကြံဖန်ဖန်အလှူခံ
A-T(Ataxia-Telangiectasia) ဟုအမည်တွင်သည့် ခန္ဒာတွင်း မျိုးရိုးဗီဇဖောက်ပြန်မှုရောဂါသည် ရှားပါးလှပြီး ကုသရန်ခက်ခဲ၍ သေစေနိုင်သည့်ရောဂါ တစ်မျိုးဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် ကလေးငယ်၆ဝခန့်မှာ ၎င်းရောဂါခံစားနေရပြီး လိုလာဘလိုမာဆိုသူ အသက်သုံးနှစ်အရွက် ကောင်မလေးတစ်ဦးလည်း ပါဝင်သည်။ A-Tရောဂါသည် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပြီး ရင်ဘတ်အောင့်ခြင်း အဆုတ်ရောဂါရခြင်း သွေးကင်ဆာနှင့် အခြားကင်ဆာရောဂါများကို ဖြစ်စေနိုင်သည်။ ရောဂါသည်များမှာ နှစ်နှစ်ခန့်သာ လူကောင်းပကတိပမာ နေနိုင်ပြီး နောက်ပိုင်းတွင် ဘီးတပ်ကုလားထိုင် အထောက်အကူပစ္စည်း အစောက်အရှောက်တို့ဖြင့် နေသွားရကာ အသက်၂ဝမတိုင်ခင် သေဆုံးကြရသည်။ လိုလာ အသက်တစ်နှစ်ခွဲအရွယ်တွင် A-Tရောဂါ ခံစားရကြောင်း သူ၏မိခင် ဂျိုကသိလိုက်ရသည်။
Continue Reading | comments (1)
ကျောက်ပန်းတောင်းကပုံစံတူသတ်ခံရတဲ့ စိတ္တဇလူသတ်သမားကို ခြေရာခံလိုက်နေ
မန္တလေးတိုင်း ကျောက်ပန်းတောင်း
 မြို့နယ်မှ အမျိုးသမီး ၂ ဦး ပုံစံတူ
သတ်ဖြတ်ခံခဲ့ရမှုကို စိတ်မူမမှန်သည့်
သတ်ဖြတ်မှုမျိုးဟု ရဲက ယူဆထားပြီး
ထိုအမှုမျိုး ထပ်မံ မဖြစ်ပွားရေး အတွက် ကြပ်မတ်ဆောင်ရွက်နေကြောင်း ရဲကပြောသည်။
ယခုနှစ် ဇွန်၊ ဇူလိုင် လပိုင်းက မြို့နယ်တွင်းရှိ ကြောင်းဒူးကျေးရွာသူ ဒေါ်သောင်း ( ၆၉ နှစ်) နှင့် ရေထွက်ကျေးရွာသူ ဒေါ်ရင်ကြည် ( ၅၆ နှစ်) တို့ ပုံစံတူ သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အခင်းဖြစ်ပွားခဲ့သည့် ရွာများထံ ရဲတပ်ရင်းများ ချ၍ စောင့်ကြပ်ရှာဖွေမှု ပြုလုပ်နေသည်ဟု သိရသည်။
Continue Reading | comments
တောင်တွင်းကြီးမြို့ ပုလဲ စတိုးဆိုင်ကြီးတွင်အရောင်း ၀န်ထမ်းတစ်ဦးကြိုးဆွဲချသေဆုံး
Continue Reading | comments
ထိုင်းနိုင်ငံတွင်ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့
မဲဆောက်သြဂုတ် ၂၄
မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရသည့် နောင်ဘွားအထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကို ယာဉ်မောင်းသူထိုင်းနိုင်ငံသား(မျှော့လူမျိုး)က တစုံတရာ
တာဝန်ယူမှုမရှိသည့်အတွက် နာရေးကိစ္စမြေချမှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုထားသည်။
မြေချရန်ဆိုင်းငံခြင်းနှင့် ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုရန် သေဆုံးသူ၏ အလုပ်ရှင်နှင့်နာ ရေးကူညီ မှုအသင်း(မဲဆောက်)အဖွဲ့ ကတောင်း ဆိုထားခြင်းဖြစ်သည်။မအေးအေးမော်သည် ပြီးခဲ့ သည့်တ နင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင် အဌားဆိုင်ကယ်နှင့်မြို့ထဲအသွား တွင်ဂေါ်ဖီထုပ်တင်လာသည့်ကားမှ ၀င်တိုက်ခဲ့ခြင်း ဖြစ်ပြီး ဆိုက်ကယ်မောင်းသူလွှတ်မြောက်ကာ မအေးအေးမော် မှာနေရာတွင် ပင်ပွဲခြင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ်
ကြောင်းသိရသည်။
Continue Reading | comments
အလုပ်သမား က အလုပ်ရှင်ကို လုယက်၊ သတ်ဖြတ်ခဲ့တဲ့မန္တလေးက လူသတ်မှုကြီး
                                          အခင်းဖြစ်ပွားရာနေအိမ် .......
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီ - ခတ္တန်းရပ်တွင် ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့ ညက လူသတ်မှုတခု ဖြစ်ပွားသွားခဲ့ပါတယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာ နေအိမ်မှာ မိသားစု ၄ ဦး နေထိုင်တယ်လို့ သိရပြီး အခင်းဖြစ်မှုနဲ့ပတ်သက်လို့ကတော့
အလုပ်သမား က အလုပ်ရှင်ကို လုယက်၊ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
Continue Reading | comments
မလေးရှားရောက်ရွှေ မြန်မာတွေရဲ့ကလဲ့စားလူသတ် မှု
သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူမျိုးများနှင့် ချင်းလူမျိုးဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှုဖြစ်ပွားသည်ဟု သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစားသောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှုဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေ ဆုံးကာ သုံးဦး ဆေးရုံရောက်သွားကြောင်း ချင်းဘာသာ ထုတ် one star Journal တွင်လည်းဖော်ပြထားသည်။
Continue Reading | comments
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map