အခု လတ်တလောမှာတော့ နန်းမြတ်ဖြိုးသင်းက ကြော်ငြာ တွေရိုက်ဖြစ်နေပြီး အတွဲခွေ အတွက်လည်း သီချင်းသွင်းဖြစ်နေ ကြောင်းပြောပါတယ်။ ဘောလုံးချစ်သူများနေ့ ဟာသပြဇာတ်မှာ လည်း နန်းမြတ်က ရွန်နီရဲ့ချစ်သူကောလင်းနေရာမှာ သရုပ်ဆောင် ခဲ့ကြောင်း ကိုလည်း ပြောပြခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက အခု လက်ရှိမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အခမဲ့ ဖွင့်လှစ်သင် ကြားပေးနေတဲ့ အဆင့်မြင့် သရုပ်ဆောင်သင်တန်းကို တက် ရောက်နေပါတယ်။ ဒီသင်တန်းကို တက်ရောက်ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းက''အနုပညာ အသိုင်း အဝိုင်း က အစ်ကိုတွေကပြောတယ်။ ပြင်သစ်က အနုပညာရှင် လာသင်ဖို့ ရှိတယ်တဲ့။ နန်းမြတ်ကလည်း ဒီပညာတစ်ခုကို စာတွေ့ရော၊ လက်တွေ့ရော တတ်ကျွမ်းချင်တယ်။ နန်း မြတ်တို့ဆိုရင် အနုပညာ အလုပ်တွေကို လုပ် တယ်။
လက်တွေ့တော့သင်ကြားထား ရတယ်ပေါ့။ ဒါပေမဲ့ စာတွေ့အနေနဲ့ နိုင်ငံ တကာနဲ့လည်း ယှဉ်နိုင်အောင်၊ စာတွေ့ လေးလည်းကိုယ်က တတ်မြောက် ထားမယ်ဆိုရင်ကိုယ့်ရဲ့အနုပညာ အလုပ်ကို ပိုပြီးတော့ အထောက် အပံ့ဖြစ်စနိုင်မယ်လို့ထင်တယ်။ နန်းမြတ် အနုပညာ အလုပ်တွေ ကိုနည်းနည်း ရွှေ့ဆိုင်းပြီးတော့ ဒီသင်တန်းတွေကို အချိန်ပေးပြီး လာ တက်ဖြစ်တာပါ'' လို့ပြောပါတယ်။
ပြင်သစ်နိုင်ငံ Drama School မှ ရုပ်ရှင်အနုပညာ သရုပ်ဆောင် သင်ကြားပေးတဲ့ အနုပညာရှင် Mr.Thierry Bleu ဆီက သရုပ်ဆောင် ပညာတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက် တစ်ခုခုတော့ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ နန်းမြတ်ဖြိုးသင်း က ''ဆရာ့ဆီကနေပြီး တော့ အများကြီးမျှော်လင့်ထားပါတယ်။ ပြင်သစ် ဆိုတာကလည်း ရုပ်ရှင် သမိုင်းမှာတကယ့်ကို နာမည်ရတဲ့နိုင်ငံ တစ်ခုပေါ့။ သူတို့ဆီက လျှို့ဝှက် ချက်လေး တစ်ခုခုတော့ ရရှိလိမ့်မယ် ထင်ပါတယ်။ အခုလို လာသင်ပေးတဲ့ အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်'' ကိုယ့်ရဲ့ ဒီတစ်လတာ အချိန် ပေးမှုကနောက် ၁ဝနှစ်မှာ ကိုယ်ပြန်အသုံးချနိုင်တဲ့ ပညာ တစ်ခုလည်းဖြစ် နိုင်တယ်။ ဒီတစ်လတာကို မကြည့်ဘဲနဲ့ နောက် ၁ဝနှစ်ပဲဖြစ်ဖြစ်၊ အနှစ်၂ဝ ပဲ ဖြစ်ဖြစ်ရည်မှန်းပြီးတော့ ဒီတစ်လကို အချိန်ပေးပြီး လာတက်ဖြစ်တာပါ'' လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
သိမ့်သိမ့်
popular journal
0 comments:
Post a Comment