<div style='background-color: none transparent;'></div>

Home » » "ချစ်သုဝေရဲ့ ဆယ်ရက်တစ်ကားဗီဒီယိုရိုက်ကူးမှုအပေါ်အမြင်"

"ချစ်သုဝေရဲ့ ဆယ်ရက်တစ်ကားဗီဒီယိုရိုက်ကူးမှုအပေါ်အမြင်"

'
ဟက်စကီးချစ်သူ' ဆိုတဲ့ဇာတ်ကားမှာ နေတိုးနဲ့အတူ သရုပ်ဆောင်နေတဲ့ ချစ်သုဝေ က ဒီဇာတ်ကားရဲ့ ထူးခြားမှုတစ်ခုအနေနဲ့ နေတိုးက ဟက်စကီး မှာ CCTV တပ်ပြီး ချစ်သုဝေကိုလိုက်ကြည့်တဲ့ ဇာတ်လမ်းမျိုးဖြစ် ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကို စုစု ပေါင်း ရှစ်ရက်အချိန်ပေးထားခြင်းဖြစ်ပြီး အစ ကတည်းက ဇာတ်ကားရိုက်ကူးမှုပုံမှန်ပဲရိုက် တဲ့အတွက် အခုအချိန်မှာ ပြဿနာသိပ်မရှိ ကြောင်း ပြောပါတယ်။ အခုလို ဗီဒီယိုတစ်ကားကို ဆယ်ရက်နှုန်းသတ်မှတ်ထားချိန်မှာ ဇာတ်ကားရိုက်ကူးမှုတွေကို ဘယ်လို ရိုက်ရက် ပေးပြီး စီထားသလဲဆိုတာကိုတော့..''ရက်တွေ တအားပြည့်ကျပ် သွားတာကို နှစ်လ၊သုံးလလောက်ပဲကြုံဖူးပါတယ်။
ကျန်တဲ့ဟာတွေ မှာတော့ ကိုယ့်ဘာသာကိုယ်အဆို ကိစ္စတွေနဲ့ ပြည့်နေတော့ ရိုက်ကူးရေး ကိုလည်း အားနာတဲ့အတွက် ရိုက်ကူးရက်ကို လျှော့ပေးတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်မအတွက်က သိပ်အပြောင်းအလဲ မဖြစ်ပါ ဘူး။ ဒါပေမဲ့ အခုသတ်မှတ်လိုက်တဲ့ သဘောတရားလေးကကောင်း တယ်။ ငါတို့မြန်မာပြည်မှာ International ထိုးဖောက်ဖို့ကို မဖြစ် နိုင်သေးဘူး ဖြစ်နေတာပေါ့။ ရုပ်ရှင်လောကကလေ အတတ်ပညာအနေနဲ့ ကြည့်မယ်ဆို ရင်ကျွန်မတို့ဆီမှာလူတွေလည်း တော်ကြတယ်။ကြိုးစားမှုလည်း တအား ကောင်းတယ်။ စည်းစနစ်ကျကျနဲ့စက်ပစ္စည်းအကြောင်း အရာတွေ သင်ပေးမယ်၊ ပညာရေးတွေပါ သင်ပေးမယ်၊ အဲဒီအပြင် ထုတ်လုပ်ရေးတွေ ကလည်း ငွေရေးကြေးရေးတစ်ခုတည်း မကြည့်ဘဲနဲ့ အနုပညာကို ဖန်တီး ကြတာမျိုး ဖြစ်စေချင်တယ်။ အခုကျတော့ အခြေအနေ ဈေးကွက် အရ ရော၊ အရာအားလုံးအရရော စရိတ်တွေကို တတ်နိုင်သမျှချုံ့ကြတယ်။ ကျွန်မမြင်တာက ဇာတ်လမ်းတစ်ခုဆိုရင် ဘယ်မင်းသားနဲ့လိုက်မယ်၊ ဘယ်ဒါရိုက်တာကဖြင့် ဒီဇာတ်ကိုဦးစီးနိုင်မယ်၊ အချိန်ဘယ်လောက် ယူမယ်၊ Location ဘယ်လိုနေရာမျိုးယူ မှလိုက်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင် မှုနဲ့ သွားကြတာမှ မဟုတ်တာ။ ကျွန်မတို့မှာ အချိန်တွေက ပေးတဲ့ရက်နဲ့ လုပ်နေ ရတော့ ရှိတဲ့အချိန် ၅ ရက်၊ ၆ ရက်အတွင်းမှာရှိတဲ့ လိုကေးရှင်းနဲ့ ချိတ်ထားတဲ့ မင်းသား၊ မင်းသမီးနဲ့ လိုက်သည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ လုပ်နေရတဲ့ အပိုင်းကြီး ဖြစ်နေတော့အနုပညာမဆန်တော့ဘူးပေါ့။အဲဒီတော့ ထိုးဖောက်ဖို့ ဆိုတဲ့အဆင့်ကို မရောက်တော့ဘူး။အဲဒီတော့ အခု သတ်မှတ်ချက်လေးက ဘာမှမပြောပလောက်တဲ့ ပထမအဆင့်လေးပါ။ ကျွန်မပြောတာ အချိန် ၁ဝ ရက် ရိုက်ရတယ်။ အိုကေ အဲဒီဆယ်ရက် အတွင်းမှာ ဆယ်ရက်ပေးထားတာပဲကွာ တစ်ရက်ကို ၃ဆင်းန်လောက် အေးအေးဆေးဆေးရိုက်မယ် ဆိုတာမျိုးလည်း မဟုတ်သေးဘူးပေါ့။ အေးအေးဆေးဆေးလေးနဲ့ အကောင်းဆုံး ဖြစ်အောင်၊ဘက်စုံထောင့်စုံက အပြည့်စုံဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာက အဲဒီအချိန် ၁ဝရက်ရဲ့နောက်မှာအရေးကြီးတဲ့ အကြောင်းအရာတွေ အများ ကြီး ပါလာတယ်။ အဲဒါတွေ အားလုံး ဒီ ၁ဝရက် အတွင်းမှာလုပ်မှအရည် အသွေးပြည့်မီတဲ့ဇာတ်ကားတွေ ထွက်လာမယ်လို့ ထင်တယ်''လို့ကြိုတင် ပြင်ဆင်မှု အားနည်းတဲ့အတွက် ဇာတ်ကား အရည်အသွေး မပြည့်မီခြင်း ဖြစ်ကြောင်းကိုပါ ချစ်သုဝေက ထည့်သွင်း ပြောပြပါတယ်။


ဝဿန်
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map