<div style='background-color: none transparent;'></div>

Home » » ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင် အောင်ချမ်းသာအိမ်ရာတွင် ဗုံးလန့်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)

ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင် အောင်ချမ်းသာအိမ်ရာတွင် ဗုံးလန့်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)


သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်၊ ဗိုလ်စိန်မှန်အားကစားကွင်း အရှေ့ရှိ အောင်ချမ်းသာ အိမ်ရာဝင်းအတွင်း၌ ရပ်ထားသော ကုမ္ပဏီပိုင် ကားတစ်စီးပေါ်တွင် ဗုံးဟု သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယဖြစ်ဖွယ် အထုပ်အား သက်ဆိုင်ရာမှာ လာရောက်စစ်ဆေးပြီး ဖယ်ရှားခဲ့ရာတွင် ဗုံးမဟုတ်ကြောင်းနှင့် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရှင်းလင်ဖယ်ရှားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။




eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map