<div style='background-color: none transparent;'></div>

Home » » ကသာမြို့မှ၁၂နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှု

ကသာမြို့မှ၁၂နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှု


ကသာမြို့နယ်အပိုင်၊
အင်းရွာကျေးရွာရှိကြံခင်းအနီး၁၂နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားသွားခဲ့
ပါသည်။


သတ်ဖြတ်ခံသည့် ကလေးငယ်မှာ မလှလှဆိုသူဖြစ်ပြီး အင်းရွာရဲ
စခန်းမှ တရားခံပေါ်ပေါက်ရေးစစ်ဆေးနေကြောင်းသိရခဲ့ရပါသည်။

မှုခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ကသာခရိုင်မှ ရဲအရာရှိ(၂၀)ကျော်စေလွှတ်စုံစမ်းခဲ့သော်လည်း ရက်အတန်ကြာသည်အထိတရားခံဖေါ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ၊

နောက်တွင်စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးသာအေးမှကသာသို့ရောက်ရှိစဉ် တာဝန်ရှိရဲများ
အား တရားခံမပေါ်ပေါက်ပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းညွှန်ကြားသွားခဲ့ပါသည်၊။

ထိုသို့ညွှန်ကြားသွားပြီး (၂)ရက်အကြာတွင် လူသတ်မဒိန်းကျင့်သော တရားခံမှာ အသတ်ခံရသူမလှလှ၏ အဖိုးအရင်းဦးမြဒေါင်း(၅၇)နှစ်ကိုယ်တိုင်ဖြစ်ကြောင်းကြားရသော်အခါ မြို့ပေါ်မှ သို့လော သို့လော
ဖြစ်ကုန်ကြပါသည်။


ဦးမြဒေါင်းမှာ အရက်စွဲနေသူတစ်ယောက်သာဖြစ်ကြောင်း၊အင်းရွာကားလမ်းခွဲ၌ နေ့စဉ်ကုန်ထမ်းပိုးခြင်းဖြင့် အရက်ဖိုးရှာကြောင်း၊ရဲများက နှိပ်စက်ညှင်းပမ်းမှုကြောင့် သးကိုယ်တိုင်မကျူးလွန်ခဲ့သော လူသတ်မှုကို ၀န်ခံလိုက်ရကြောင်းကြားသိရပါသည်၊

နှိပ်စက်နည်းမှာမျိုးစုံဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူဦးမြဒေါင်း၏ကျဉ်ချောင်းကိုပင် ဆွဲထုတ်ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဦးမြဒေါင်းကိုယ်တိုင်ပြောကြားခဲ့ပါသည်။

ဦးမြဒေါင်းသည်တရားရုံးသို့ စတင်ရောက်ရှိစဉ်ကတည်းက ယခုအချိန်အထိ သူမသတ်ကြောင်း ငြင်းဆန်နေဆဲလည်း ဖြစ်ပါသည်၊

ထိုသို့ မတရားရိုက်နှက်နှိပ်စက်ခဲ့မှုနှင့် တရားခံမှားယွင်းဖမ်းဆီးခဲ့မှုအပေါ် တရားခံဦးမြဒေါင်းမှ တိုင်စာများပို့ထားပြီး ဒေသခံစာရေးဆရာဖြစ်သူ ကျွန်တော့် ထံလည်း ဦးမြဒေါင်း၏ ဇနီးသည်ဒေါ်တင်မြမှတစ်ဆင့် ပေးပို့ခဲ့ပါသည်၊

ကျွန်တော်မှ ဆရာတော်ဦးဝီရသူထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ဆရာတော်ကလည်း ထိုမတရားမှု
တွင် လိုက်ပါကူညီဆောင်ရွက်သွားမည်ဟုမိန့်ကြားခဲ့ပါသည်။

ထို့အပြင် ဦးမြဒေါင်းသည် မြောက်ပိုင်း၌ ကျောင်းသားချင်း အထင်မှားသတ်ဖြတ်ခံလိုက်ရသူ ABကျောင်းသားပေါသွပ်(ခ)အောင်မြင့်ထွန်း၏ ဘကြီးအရင်းလည်း တော်စပ်နေပါသဖြင့် ကသာမြို့ပေါ်ရှိABကျောင်းသားများကလည်း ပူးပေါင်းကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဟာဂျူလီ ကသာ FACEBOOK တွင် ဖော်ပြထားသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map