<div style='background-color: none transparent;'></div>

Home » » ပခုက္ကူနယ်ဆင်ကြို့ရွာမှ လေးမြွှာပူးကလေး မွေးဖွား

ပခုက္ကူနယ်ဆင်ကြို့ရွာမှ လေးမြွှာပူးကလေး မွေးဖွား


ပခုက္ကူမြို့နယ် ချမ်းမြေ့ဆေးရုံတွင် ၉-၄-၂၀၁၂ ရက်က ကလေးလေးမြွှာပူးအောင်မြင် စွာ မွေးဖွားခဲ့သည်။ ၂၀၁၂ နှစ်သစ်ကူးအခါသမယ၌ ကလေးငယ် လေးမြွှာပူးကို ရေစကြိုနယ် ဆင်ကြို့ရွာမှ ဦးသိန်းစိုး၏ဇနီး ဒေါ်ခင်မြင့်ကြည်မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်မြင့်ကြည်သည် ယခုကိုယ်ဝန်မှာ ယခင်ကိုယ်ဝန်များနှင့်မတူ၍ ကိုယ်ဝန်ရှိစဉ်က တည်းကပင် ဒေါ်တာဒေါ်အေစိမ်းထံတွင် ပြသခဲ့သည်။
ဒေါက်တာဒေါ်မေစိမ်းမှလည်း ကြည့်ရှုစမ်းသပ် ကာ လိုအပ်သည်များ ပြုလုပ်ပေးခဲ့ပြီး ဧပြီလ ၉ ရက်နေ့လယ် ၁၂ နာရီ ၄၆ မိနစ်တွင် အရေးပေါ်ခွဲစိတ် ၍ မွေးဖွားခဲ့သည်။ ယောကျာ်းလေး နှစ်ဦးနှင့် မိန်းကလေးနှစ်ဦးဖြစ်ပြီး တစ်မိနစ်စီခြား၍ မွေးဖွားသန့် စင်ခဲ့သည်။ ကလေးများ၏ ခန္ဓာကိုယ်အလေးချိန်မှာ သုံးပေါင်ခန့်စီသာရှိသော်လည်း မိခင်ရောကလေး ငယ်များပါ ကျန်းမာချမ်းသာစွာဖြင့် ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဆင်ကြို့ရွာ၌ ယနေ့တိုင်နေထိုင် လျက်ရှိကြောင်း သိရသည်။
ပြည်မြန်မာသတင်းဂျာနယ် - အမှတ် (၈၃၄)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map