<div style='background-color: none transparent;'></div>

Home » » "အတွဲလည်း ဆန်း၊ အတွဲလည်း ညီတဲ့ အဖွဲ့အကြောင်းမိုးဟေကို ပြော"

"အတွဲလည်း ဆန်း၊ အတွဲလည်း ညီတဲ့ အဖွဲ့အကြောင်းမိုးဟေကို ပြော"


ဒါရိုက်တာ ခိုင်မြတ်အောင် (ကောလိပ်ဂျင်နေဝင်း ရဲ့ဇနီး)က ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေး ရိုက်ကူးပြီး ဟိန်းဝေယံ၊ အောင်ရဲလင်း၊ ဖွေးဖွေး တို့ပါဝင်တဲ့ "ပတ္တမြားခဲ" ရုပ်ရှင် ဇာတ်ကားကြီ
းမှာ အောင်ရဲလင်းရဲ့ ညီမ အဖြစ် သရုပ်ဆောင်နေတဲ့ မိုးဟေကိုက အခုလို စုံရခဲတဲ့ လေးယောက် အတူပါဝင် သရုပ်ဆောင် ရတဲ့အတွက် ဒီဇာတ်ကားကြီးဟာ အမှတ် တရဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးနေစဉ် အတွင်း အမှတ်တရအနေနဲ့ ဘာတွေ ရှိနေပြီလဲ ဆိုတာကို မိုးဟေကို က "စစချင်း ရိုက်တဲ့နေ့က ဗွက်တွေနဲ့ အပက်ခံရတဲ့ ဇာတ်ဝင်ခန်း ရိုက်ရတာ။ အမှတ်တရ ပါပဲ။ တိုင်းရင်းသား ကျေးရွာနဲ့ ယုဇနဥယျာဉ်ကြားက ကမ်းနားဘက်မှာ သွားရိုက်တာ။ မင်းသားနှစ်ယောက်က မင်းသမီးနှစ်ယောက်ကို ဗွက်ရေတွေနဲ့ လောင်းရတာ။ နံစော်ပြီး ဆံပင်တွေလည်း စိုပြီး ပြန်သွားရတာ အမှတ်တရပါပဲ"လို့ ပြောပြပါတယ်။ ဖွေးဖွေးနဲ့ ပထမဆုံး အကြိမ်ဆုံတဲ့ ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေက ဒီဇာတ်ကားကြီးကို ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့တင် စိတ်ဝင်တစား ဖြစ်ပြီး ကြည့်ချင်နေကြပြီ ဖြစ်တဲ့ အပေါ်"အတွဲဆန်းလို့ ထင်ပါတယ်။ ဘာပဲပြောပြော မိုးတို့က အနုပညာ မောင်နှမတွေ ဖြစ်တဲ့အတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင် တာ မိုးတို့ တာဝန်ပေါ့။ အဖွဲ့လည်းညီ တယ်။ အတွဲလည်း ညီတယ်ဆိုတော့ ရိုက်ကွင်းမှာပျော်ဖို့ကောင်းပါတယ်" လို့ပြောပါတယ်။
ဒီဇာတ်ကား အပြီး ပြေတီဦး နဲ့အတူ ချောင်းသာမှာ ဗီဒီယို ဇာတ်ကား တစ်ကား သွားရောက် ရိုက်ကူးမှာဖြစ်ပြီး ရုပ်ရှင် အစည်းအရုံးက ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားမှာလည်း ပြေတီဦး နဲ့တွဲပြီး သရုပ်ဆောင်ဦး မှာဖြစ်ကြောင်း ပြောပါ တယ်။ အခုဆိုရင် ရုပ်ရှင် အစည်းအရုံး က ဦးဆောင်ပြီး သင်တန်းတွေ ဖွင့်လှစ် သင်ကြားမှာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့ ရုပ်ရှင်လောက သားတွေက နည်းစနစ်ကျကျ ပညာယူနိုင်ဖို့ ပြည်ပက ပညာရှင်တွေကို ဖိတ် ခေါ် သင်ကြားမှာ ဖြစ်တဲ့ အကြောင်းတွေ အပေါ် ကိုလည်း မိုးဟေကို က "ဒါကောင်းလည်း ကောင်းတယ်။ စိတ်လည်းဝင်စားပါတယ်။ မိုးတို့တက်ခွင့် ရှိမယ် ဆိုရင်လည်း တက်ချင် ပါတယ်။ အနုပညာကို လုပ်လုပ်၊ မလုပ်မလုပ် အတတ်ပညာ တစ် ခုကို လေ့လာစရာ ပညာ တစ်ရပ် အနေနဲ့ စိတ်လည်း ဝင်စားတယ်။ ဒီလိုမျိုး တွေက တကယ့်ကို ကောင်းတဲ့အတွက် ကြိုလည်း ကြို ဆိုပါတယ်" လို့ မိုးဟေကိုက ပြောပါ တယ်။


ဝဿန်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map