<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးတွေအတွက် အလှတရားက အရေးကြီးပါတယ်ဆိုတဲ့ စိုးပြည့်သဇင်

အမျိုးသမီးတွေအတွက် အလှတရားက အရေးကြီးပါတယ်ဆိုတဲ့ စိုးပြည့်သဇင်

 
သရုပ်ဆောင် စိုးပြည့်သဇင် ကတော့ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်တဲ့ အနီးမှုန် ဟာသ ဇာတ်ကားကို ဖြိုးငွေစိုးနဲ့ ရိုက်ကူး နေပါတယ်။ သူမနဲ့ တွေ့ဆုံခိုက် မှာတော့ စိုးပြည့် ကတော့ ဖက်ရှင်ကို ရိုးရိုးလေးပဲ ကြိုက်ပါတယ်။ အသားအရေကို တတ်နိုင်သလောက် ထိန်းပါတယ်။ အမျိုးသမီးအတွက် အလှတရားက အရေးကြီးတယ်လို့ ထင်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားမှုတစ်ခု တည်းနဲ့မရဘူး။ ကံတွေ၊ စန်းတွေလိုပါတယ်။ အရမ်းကြိုးစားပြီး တော့ အောင်မြင်မှုမရတဲ့သူတွေလည်း အများကြီးရှိပါတယ်။
စိုးပြည့် အခုလိုအချိန်တိုလေးအတွင်းမှာ အနုပညာမှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုရရှိခဲ့တာလည်း စိုးပြည့်အစ်မရဲ့သင်ကြားမှုတွေကြောင့် ပါ။ စိုးပြည့်သီချင်းဆိုဖို့ရေးထားတာရှိတယ်။ စိုးပြည့်က သရုပ်ဆောင် အပြင် စန္ဒယားတီးတာဝါသနာပါတယ်။ စိုးပြည့်အတွက် အနုပညာ ကမရှိမဖြစ်ပါ။
အနုပညာကို ဒီထက်မကအောင်မြင်အောင်ကြိုးစား သွားမှာပါ။ စိုးပြည့်ရဲ့ဘဝမှာ မိဘကအရေးကြီးဆုံးပါ။
ဘာနဲ့မှအစား ထိုးလို့မရတဲ့အရာတွေပါ။ စိုးပြည့်က အနုပညာရှင်တစ်ယောက်ဖြစ် တဲ့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အနည်းနဲ့အများတော့ ဆုံး ရှုံးရတာပေါ့နော်။ ဘယ်လိုဇာတ်ရုပ်မျိုးမဆို ကိုယ်ကျတဲ့ဇာတ်ရုပ် တစ်ခုအပေါ်မှာ ပီပြင်အောင်သရုပ်ဆောင်ပါတယ်။
အနုပညာအလုပ် တွေပဲ စိတ်ထဲမှာအပြည့်အဝနှစ်ထားတယ်။ ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်အိုက်တင်ရယ်၊ ကိုယ့်ရဲ့လုပ် ကွက်ရှိရင်တော့ ရိုက်ဖြစ်ပါတယ်။ ဗီဒီယိုကားတွေတော့ ဆက်တိုက် ရိုက်မယ့်အကြောင်းလည်းပြောပါတယ်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map