<div style='background-color: none transparent;'></div>

Home » » သေမိန့်ချမှတ်ခံထားရသည့် ကျောက်နီမော်အမှု တရားခံနှစ်ဦး အယူခံလွှာ မကြားနာရသေး

သေမိန့်ချမှတ်ခံထားရသည့် ကျောက်နီမော်အမှု တရားခံနှစ်ဦး အယူခံလွှာ မကြားနာရသေး


သေမိန့်ချမှတ်ခံထားရသော မသီတာထွေးအမှု တရားခံနှစ်ဦး၏ အယူခံလွှာကိုကြားနာရန် အ ချက်အလက်များမပြည့်စုံသေးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ် ပြစ်မှုဌာနခွဲမှသိရသည်။

“အယူခံအတွက်ကြားနာဖို့ အချက်အလက်မပြည့်စုံသေးပါဘူး။ တရားခံနှစ်ဦးအတွက် အစိုးရစ ရိတ်နဲ့ ရှေ့နေတော့ ငှားထားပြီးပါပြီ”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်-သပြေချောင်းကျေးရွာတွင် မေလ ၂၈ ရက်က ရခိုင်အမျိုးသမီး မသီတာထွေးအား ထက်ထက်(ခ)ယော်ရှိး(ခ)ဖြိုးဇေယျာကျော်၊ ရော့ပီးနှင့် ခိုချီးတို့က အဓမ္မပြု ကျင့်၊ ပစ္စည်းလုယက်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီး ၂၁ ရက်မြောက် နေ့(ဇွန် ၁၈) တွင်ကျောက်ဖြူ တရားရုံးက ၎င်းတို့အား သေဒဏ်ချမှတ်ခဲ့ပြီး၊ ယင်းအမိန့်အား အတည်ပြုနိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်သို့ အတည်ပြုရဦးမည်ဖြစ်ရာ ခုနစ်ရက်အတွင်း အယူခံဝင်ရန်လည်း တရားသူကြီးက မှာကြားခဲ့သည်။

“တစ်ပတ်အတွင်း အယူခံတင်ပေးထားပါတယ်။ အခြေအနေကိုတော့ မသိရသေးဘူး။ ဒါကတရားရုံး ကိစ္စဖြစ်သွားပြီ”ဟု စစ်တွေအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

အဆိုပါကျူးလွန်သူများအား ကျောက်ဖြူထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ဇွန် ၉ ရက်တွင် ထက်ထက်(ခ)ယော်ရှီး(ခ)ဖြိုးဇေယျာကျော်သည် ခါးဝတ်ပုဆိုးကို အသုံးပြုကာ မိမိကိုယ်ကို သေ ကြောင်းကြံစည်ခဲ့သည်။

7 DAY NEWS Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map