<div style='background-color: none transparent;'></div>

Home » » မကြာခင် အပျိုကြီး ဘဝကို စွန့်လွှတ်တော့မည့် ချောရတနာ

မကြာခင် အပျိုကြီး ဘဝကို စွန့်လွှတ်တော့မည့် ချောရတနာ


မကြာခင် အပျိုကြီး ဘဝကို စွန့်လွှတ်တော့မည့် ချောရတနာက အနုပညာ လုပ်ငန်းနှင့် ပတ်သက်၍ သူမ၏ ချစ်သူက ကန့်သတ် ချုပ်ချယ်ခြင်း ပြုလုပ်မှာ မဟုတ်ကြောင်း ပြောသည်။ “ကျွန်မရဲ့ လက်တွဲဖော်ကတော့ အနုပညာလုပ်ငန်းနဲ့ ပတ်သက်ရင် စိတ်ပါရင်လုပ်၊ စိတ်မပါရင် မလုပ်နဲ့လို့ ပြောပါတယ်” ဟု ချောရတနာက ပြောသည်။ အိမ်ထောင်ပြုရန် အစီအစဉ်ရှိပြီး ယခုနှစ်ကုန် ဖြစ်ဖို့များကြောင်းလည်း သူမက ပြောကာ ၎င်း၏ ချစ်သူကို အဆင်ပြေမည့် အချိန်တွင် ပရိသတ်နှင့် မိတ်ဆက်ပေးမည်ဟု ဆိုသည်။

“ယူသင့်တဲ့ အချိန်လည်း ကျော်နေပြီ။ ချစ်သူကို ဒီမှာပဲ တွေ့တာပါ။ ကြာပါပြီ” ဟု ချောရတနာက ပြောခဲ့ပြီး သရုပ်ဆောင်အပြင် အခြား စီးပွားရေးလုပ်ငန်း အနေဖြင့် အနုပညာနှင့် ဆက်နွယ်သော အလုပ်ကိုသာ ဆက်လုပ်ရန်ရှိသည်ဟု ထပ်လောင်း ပြောသည်။
popular news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map