<div style='background-color: none transparent;'></div>

Home » »  မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်ရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိ

 မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်ရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိ


မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားဖြင့်ဝိုင်းဝန်း ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသော ကျူးလွန်သူတစ်ဦးထပ်မံ ဖမ်းဆီးရမိကာ စစ်ဆေးလျက်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပါဝင်ပတ်သက်သည့် ကျူးလွန်သူများကို ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်မှစ၍ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့အထိ စုစုပေါင်း၂၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် ထွက်ပြေး တိမ်းရှောင်နေသူ ဦးရေမှာ ၁၁ဦး ရှိနေသေးကြောင်း သိရသည်။ နောက်ဆုံးဖမ်းမိခဲ့သော ကျူးလွန်သူ ထွန်းငြိမ်း(၂၆)နှစ်၊ အလပ်ချောင်း ကြည်မြင်တိုင်မြို့နယ်နေသူကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ မွန်းတည့်အချိန်တွင် ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ကင်မရာတစ်လုံးအား လိုက်လံရောင်းချနေရာမှ တွေ့ရှိစစ်ဆေးမေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်း အထောက်ပြနိုင်ခြင်းမရှိသည့်အပြင် ၄င်းဆွဲထားသည့်အိတ်အတွင်းသို့ ရှာဖွေရာ အရိုးအသွား (၁၅)လက်မခန့်ရှိ ဓားမြောင်တစ်ချောင်းအား တွေ့ရှိရသဖြင့် ပန်းဘဲတန်းရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့ကြောင့် သိရသည်။


အဆိုပါကျူးလွန်သူကို စစ်ဆေးမေးမြန်းခဲ့ရာ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ နေ့တွင် ကြည်မြင့်တိုင်ညဈေးရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဘီယာသောက်နေစဉ် ကိုမျိုးမှ ဖုန်းဆက်သဖြင့် ချောင်းဝတံတားထိပ်သို့ သွားရောက် ခဲ့ကြောင်း ကိုမျိုး၏လူ ၁၅ ဦးမှာ ဓားရှည်များနှင့်အတူ လိုက်ထရပ်ကားပေါ်သို့ တက်ခဲ့ကြောင်း၊ ၄င်းနှင့်ကိုမျိုးမှာ တက္ကစီဖြင့် ရှေ့ကသွားပြီး ည ၇နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာ ဝေဘာဂီသို့ ရောက်ရှိပြီး G-Star အရက်ဆိုင်တွင်ထိုင်နေသော ကျော်မင်းပါလေးဦးအား ကိုမျိုးမှမင်းက ကျော်မင်းလားလို့ မေးကာဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ထို့နောက်ကျော်မင်းမှာ ဆိုင်အပြင်သို့ ထွက်ပြေးလာရာ ၄င်းမှလက်ထဲတွင်ကိုင်ထားသော လှံဖြင့် ၀ဲဘက်ရင်အုံအားထိုးခဲ့ကြောင်း၊  ကျော်မင်းလှကျသွားစဉ် သောကနှင့် မင်းမင်းမှ ဓားဖြင့်ထပ်မံခုတ်ခဲ့ပြီး ၄င်းတို့အဖွဲ့မှာ ထွက်ပြေးခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်။
ယင်းကျူးလွန်သူမှာ စမ်းချောင်းရဲစခန်းမှ လုယက်မှုဖြင့် ထောင်(၅)နှစ်ကျခဲ့ရာ ၂၀၀၄ ခုနှစ်တွင် မုပ္ပလင်ရဲစခန်းသို့ ပါသွားရာမှ ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့အပြင် (၈)လခန့် အပြင်တွင်နေထိုင်ပြီး ကြည်မြင့်တိုင်ရဲစခန်းမှ ဖမ်းဆီးခြင်းခံရကာ ကစကဲရဲဘက်စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ သုံးရက်ခန့်အကြာတွင် ၄င်းရဲဘက်စခန်းမှ ထပ်မံထွက်ပြေးခဲ့ရာ ကြည်မြင့်တိုင်ရဲစခန်းမှ ထပ်မံဖမ်းဆီးခံရပြီး ကရင်ပြည်နယ်၊ မာလ၀ိရဲဘက်စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရဲဘက်စခန်းတွင် အကျင့်ပျက်၊ စည်းကမ်းပျက်ဖြင့် မွန်ပြည်နယ်၊ မက္ကသဲရဲဘက်စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အပြီးအပြတ်လွတ်ခဲ့ကြောင်းလည်း ထွက်ဆိုချက်အရ သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map