<div style='background-color: none transparent;'></div>

Home » » သိပ်ချစ်တယ်၊ စေ့စပ်လိုက်ပြီပြောပြီး တခြားတစ်ယောက်နဲ့ ရေကူးကန်ထဲမှာ ကြည်နူးနေတဲ့ မီလေးဆိုင်းရပ်စ်

သိပ်ချစ်တယ်၊ စေ့စပ်လိုက်ပြီပြောပြီး တခြားတစ်ယောက်နဲ့ ရေကူးကန်ထဲမှာ ကြည်နူးနေတဲ့ မီလေးဆိုင်းရပ်စ်


အမေရိကန် ပေါ့ပ်အဆိုတော်၊ သီချင်းရေးဆရာမ၊ ရုပ်ရှင်သရုပ်ဆောင် စသည်ဖြင့် အနုပညာ နယ်ပယ်ရပ်ဝန်းမှာ  အောင်မြင် ကျော်ကြားနေတဲ့ မီလေးဆိုင်းရပ်စ်ဟာ သြစတြေးလျမင်းသားချော လီယမ်ဟမ်းစ်ဝေါ့သ်နဲ့ တွေ့ဆုံ ချစ်ကြိုက်ရာကနေ စေ့စပ်ပြီး ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား ယောင်္ကျားတစ်ယောက်နဲ့ ရေကူးကန်ထဲမှာ တပူးတွဲတွဲ မြူးထူး ပျော်ပါးနေတာကြောင့် ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ မီလေးဆိုင်းရပ်စ်ဟာ အသက် ၂၂ နှစ်ရှိ လီယမ်ဟမ်းစ်ဝေါ့သ်နဲ့ ၂၀၀၉ ခုနှစ်မှာ တွေ့ဆုံပြီး ချစ်ကြိုက်လာခဲ့တာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ချစ်လို့မဝ ဖြစ်လာချိန်မှာတော့ စေ့စပ်လိုက်ကြဖို့ ဆုံးဖြတ်ပြီး ၂၀၁၂ ခုနှစ်၊ မေလ ၃၁ ရက်မှာ လူသိရှင်ကြား စေ့စပ်ခဲ့ကြပါတယ်။ စေ့စပ်ခြင်း အထိမ်းအမှတ်အဖြစ် လီယမ်က အလေးချိန် ၃ ဒသမ ၅ ကာရက်ရှိတဲ့ စိန်လက်စွပ် တစ်ကွင်းအား မီလေးဆိုင်းရပ်စ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။



စေ့စပ်ပြီးနောက် မီလေးဆိုင်းရပ်စ်တစ်ယောက် လီယမ့်ကို ဘယ်လောက်ချစ်ကြောင်း လူမှုရေးဝက်ဘ်ဆိုက် တွစ်တာကတစ်ဆင့် ရင်ဖွင့်ခဲ့တာများ အလွန် မှတ်သားလောက်ပါတယ်။ မီလေးက "ငါ....မင်းကို မနေ့ကထက် ဒီကနေ့ ပိုချစ်တယ်။ ဒါပေမဲ့ ဒီနေ့ အချစ်က မနက်ဖြန် အချစ်ထက် ပိုလျော့နေမှာပါ" လို့ ရေးသားဖော်ပြသွားခဲ့တာပါ။ အဲဒီတုန်းကတော့ ချစ်လိုက်ကြလေခြင်းလို့ အများက ထင်မှတ် ယူဆခဲ့ကြတာပေါ့။

ဒါပေမယ့် မီလေးဆိုင်းရပ်စ်ဟာ သီတင်းပတ်နှစ်ပတ်ပဲ ကြာသေးတယ်။ ရေကူးကန်မှာ အမျိုးသားမိတ်ဆွေ သူငယ်ချင်းတစ်ယောက်နဲ့ တပူးတွဲတွဲ မြူးထူးပျော်ပါးနေတဲ့ ဓာတ်ပုံတွေကို The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ မီယာမီမြို့က ရေကူးကန် တစ်ခုမှာ အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ မီလေးတို့ အလွန်နီးကပ်စွာ အတူတကွ ရှိနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ ယဉ်ကျေးမှုအရ ဘယ်လိုမှ မသင့်လျော်သလို စေ့စပ်ထားတဲ့ လီယမ်ဟမ်းစ်ဝေါ့သ်အတွက်လည်း လက်မခံနိုင်စရာ ကျွဲမြီးတိုစေတဲ့ ဖြစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

  news.yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map