<div style='background-color: none transparent;'></div>

Home » » "အင်တာနက်ပေါ်က ဇော်ဝင်းထွဋ် သတင်းနဲ့ ပတ်သက်ပြီး အံ့သြစိတ်နဲ့ အတူ စိုးရိမ်စိတ်လည်း ဝင်ခဲ့ရတဲ့ အက်စစ်အဖွဲ့သားများ"

"အင်တာနက်ပေါ်က ဇော်ဝင်းထွဋ် သတင်းနဲ့ ပတ်သက်ပြီး အံ့သြစိတ်နဲ့ အတူ စိုးရိမ်စိတ်လည်း ဝင်ခဲ့ရတဲ့ အက်စစ်အဖွဲ့သားများ"


ဖေ့စ်ဘုတ်မှာ ဇော်ဝင်းထွဋ် ကွယ်လွန်သွားပြီ ဆိုတဲ့သတင်းကို ဖတ်လိုက် ရချင်း မှာပဲ စိုးရိမ်စိတ်တွေ ဖြစ်သွားခဲ့တာကတော့ အက်စစ် အဖွဲ့က
အနဂ္ဂနဲ့ ရန်ရန်ချန်း တို့ပါပဲ။ ဒီသတင်း ဖတ်လိုက်ရချင်းမှာပဲ အံ့သြစိတ်တွေ နဲ့အတူ စိုးရိမ်စိတ်တွေလည်း ဖြစ်ခဲ့ပြီး ဇော်ဝင်းထွဋ်ရဲ့အိမ်ကို ဖုန်းနဲ့ချက်ချင်းမေးဖြစ် ခဲ့တဲ့ အက်စစ်အဖွဲ့ဝင် အနဂ္ဂက..
''ကျွန်တော် အန်တီမေခိုင်ဆီကို ညဘက် မိုးချုပ်ကြီး လှမ်းဆက်လိုက်တယ်။ ဦးညီထွဋ်က ဆီဒိုးနားမှာ သီချင်းသွားဆိုနေတယ်။ ဘာမှမဖြစ်ဘူးလို့ပြော တယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်မှာ ဦးညီထွဋ် ဘာမှမဖြစ်ဘူး ဆိုတာ တင်လိုက်တယ်။ ဒီသတင်းကြား တော့ အံ့သြတာပေါ့။ မဟုတ်ဘူး ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ရှော့ခ်နည်းနည်းတော့ ရတာပေါ့။ ကိုယ့်အဖေ၊ အမေနဲ့ ဦးညီထွဋ်တို့က တောက်လျှောက် ပေါင်းလာကြတာလေ။ သူတို့တွေ ကို အမြဲမြင်နေရတာ ဆိုတော့ ကိုယ်တွေရဲ့မိသားစုလိုမျိုး ဖြစ်နေပြီ လေ။ အဲဒါ ဒီသတင်းကြားတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်တာပေါ့'' လို့ပြောပါတယ်။ အနဂ္ဂလို ပဲဒီသတင်းကို ဖေ့စ်ဘုတ်မှာတွေ့တွေ့ ချင်းပဲ စိတ်ထဲမှာ စိုးရိမ်စိတ် ဝင်သွားခဲ့တဲ့သူက တော့ ရန်ရန်ချန်းပါ။
''ကြားကြားချင်းတော့ အံ့သြတာပေါ့။ ကျွန်တော့်ကို သူများက လှမ်းပြော တာလေ။ မဟုတ်သေးပါဘူးပေါ့။ ဒီသတင်းက မဟုတ်ဘူး ဆိုတာ သိတယ်လို့ ကို ပြောလို့မရဲဘူးဖြစ် နေတာလေ။ ဘာမှန်းမှ မသိတာလေ။ အက်ဆီးဒင့် လား၊ ဘာလားပေါ့။ ဒါပေမဲ့လည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မေး ကြည့်ရမယ် ဆိုပြီး ဦးညီထွဋ် ဖုန်းကိုဆက် တော့ ဖုန်းက ဘယ်လိုမှခေါ် လို့မရဘူး။ ခေါ်လို့မရတော့ ဟုတ်နေပြီလားမသိဘူး ပေါ့။ ချန်ချန်ရဲ့ ဖုန်းက လည်း ဆက်တော့ မအားဘူး။ ပြီးတော့မှ အန်တီမေခိုင်တို့၊ ဦးညီထွဋ် တို့ရဲ့ သူငယ်ချင်းအန်တီကြီး တစ်ယောက်ဆီကနေ သတင်းအမှန်ကို သိရတာပါ'' လို့ ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map