<div style='background-color: none transparent;'></div>

Home » » မလေးရှားနိုင်ငံတွင်(ဂပ်စ်)စက်ရုံပေါက်ကွဲပြီးသေဆုံးသွားသူ မြန်မာလုပ်သားများကို ယနေ့မီးသကြို (ပုံနှင့်တကွ) မြန်မာနိုင်ငံရှိ မိသားစုများမှသိရှိစေရန်

မလေးရှားနိုင်ငံတွင်(ဂပ်စ်)စက်ရုံပေါက်ကွဲပြီးသေဆုံးသွားသူ မြန်မာလုပ်သားများကို ယနေ့မီးသကြို (ပုံနှင့်တကွ) မြန်မာနိုင်ငံရှိ မိသားစုများမှသိရှိစေရန်


ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။

ဒီကနေ့ တနင်္ဂနွေနေ့  ၂၆ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံပီနန်း နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ကိုဝင်းသန်းထွန်းမှ ဦးဆောင်ကာ
၎ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင် မီးလောင်မှုဖြစ်ပွား
ရာမှ
သေဆုံးသူ ၄ ဦးအား နေ့လည် ၂ နာရီခန့်တွင် စနစ်တကျ ကောင်းမွန်စွာ မီးသကြိုပေးခဲ့ပြီး  ကောင်းရာသုဂတိလားစေဖို့ အမျှအတမ်းပေးဝေ ခဲ့ကြပါတယ်။
  
 ရေစက်ချ အမျှပေးဝေနေစဉ် တွေ့ရသည့်ပုံ

  ဆရာတော်အား သင်္ကန်း ဆပ်ကပ် လှူဒန်းနေပုံ

 
 
  သေဆုံးသူများ၏ လွမ်းသူပန်းခွေများ စနစ်တကျ နေရာချနေပုံ
သေဆုံးသူများ၏ရုပ်လောင်းများအား  စနစ်တကျနေရာချထားပုံ

   ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ Passport NO
  ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ ရုပ်လောင်း

    ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင်  နေထိုင်သူ  နေမျိုးအောင်(ခ)ကိုကို  (ကွယ်လွန်)သူ၏ပုံ
 ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင်  နေထိုင်သူ  နေမျိုးအောင်(ခ)ကိုကို  (ကွယ်လွန်)သူ၏ ရုပ်လောင်း

 ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်မျိုးခိုင် (ကွယ်လွန်) သူ၏ ရုပ်လောင်း

စကိုင်းတိုင်း/ မုံရွာ/ဘုတလင်မြို့နယ် တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူ၏ Passport NO


သေဆုံးသူများ၏ ရုပ်လောင်းထည့်ထားသော အခေါင်းများကို မီးသကြိုစက်အတွင်းသို့ ထည့်နေစဉ် တွေ့ရပုံ

မလေးရှားနိုင်ငံ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ကိုဝင်းသန်းထွန်း ( ဘေးလွယ်အိတ် လွယ်ထားသူ)

 စကိုင်းတိုင်း/ မုံရွာ /ဘုတလင်မြို့နယ် တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူမှာ ကြည့်ခွင့်မရခဲ့ပါ။ သူ၏ ရုပ်လောင်းမှာ အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါသောကြောင့် သတ်ဆိုင်သူများက ကြည့်ခွင့် မပြုထားပါ။

ကိုဇော်လင်း                 (ကွယ်လွန်) အသက် ၃၀ နှစ်
ကိုမိုးလွင်                     (ကွယ်လွန်) အသက် ၃၈ နှစ်
ကိုဇော်မျိုးခိုင်                (ကွယ်လွန်) အသက် ၂၈ နှစ်
ကိုနေမျိုးအောင်(ခ)ကိုကို  (ကွယ်လွန်) အသက် ၁၉ နှစ်

မလေးရှားနိုင်ငံ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ကိုဝင်းသန်းထွန်း မှဦးဆောင်ပြီး  မလေးရှားနိုင်ငံ မြန်မာလုပ်သားများနှင့် မလေးရှားနိုင်ငံ နိုင်ငံသားတရုတ်များမှလဲ ၀ိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရပါတယ်။ အခေါင်းများကို မလေးရှားနိုင်ငံသား တရုတ်မိသားစုများမှ လှူဒန်းခဲ့ကြောင်းလဲ သိရပါတယ်။
ဝါးခယ်မမြို့နယ် ကျုံတိုင်ကျေးရွာနေ ကိုထွန်းငွေမှာ ယခင်ကထပ် များစွာ ကျန်းမာလာပြီ ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်ရာ ကြားသိခဲ့ရပါတယ်။  မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူနေကြောင်း သိရပါတယ်။ သေဆုံးသွားသူများအတွက်တော့ တကယ်ပဲ ၀မ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။

မလေးရှားနိုင်ငံ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ကိုဝင်းသန်းထွန်းနှင့် မလေးရှားနိုင်ငံမြန်မာလုပ်သားများ/မလေးရှားနိုင်ငံ နိုင်ငံသားတရုတ်မိသားစုများကို သွားလေသူ  မိသားစုများကိုယ်စား ကျနော် ဥယျာဉ်မှူး ၃ မှကျေးဇူးအထူးတင်ရှိပါကြောင်း ခင်မင်လေးစားစွာ ပြောကြားလိုက်ပါတယ်ခင်ဗျာ။
ဧဒင်ဥယျာဉ်၌ရှိကြသော  ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။
 http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A5796941&xgs=1&xg_source=msg_share_post
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map