<div style='background-color: none transparent;'></div>

Home » » "ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ထိုင်းလ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”

"ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ထိုင်းလ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”


 ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ကထုန်ဘန်မြို့ ကီလိုစစ်စောင်တွင်နေထိုင်သည့်CD ပြား အလုပ်ရုံ အလုပ်သမ မသဲမိုး ဆိုသူအား ယနေ့နေ့ လည်ပိုင်းက မဟာချိုင် လ၀က ၂ဦး ကားဖြင့်ရောက်လာပြီး ပတ်စပို့ စစ်ဆေးပြီးနောက် ပါးကိုဖျစ်ညှစ် ပြီး ၂ကြိမ်နမ်းသွားကြောင်း ကာယကံရှင်အမျိုးသမီးကပြောသည်။
               လက်ရှိ အိမ်ထောင်သည် ကလေးတစ်ဦးမိခင် အ သက် ၂၁ နှစ်အရွယ် မသဲမိုး က“ သမီးက ရေချိုးပြီးလို့ အ၀တ်လဲနေ တာ၊ တောမော(လ၀က) ကားနဲ့ ရောက်လာပြီး သမီးအခန်းထဲ ဟိုကြည့် ဒီကြည့်လုပ်တယ်။ သမီးကိုပတ်စပို့ ၀တ်ပါမစ် စစ်တယ်။   မြန်မာပြည်ကို ပြန်ပို့ထားတဲ့ သမီးတို့ မှာ ကလေး ဓါတ်ပုံကပ်ထား တာရှိတယ်လေ။ တောမော ပုလိပ်က ကလေးရှိလားတဲ့မေးတယ်၊ သမီးကလည်း ရှိတယ်လို့ ပြောတယ်။ဘာမပြောညာမပြောနဲ့ သမီး ပါး၂ဘက်ကို ကိုင်ပြီးတော့ ၂ကြိမ်တိုင်တိုင် နမ်းတယ်ရှင့်” ဟုပြောသည်။

သူမ၏ အမျိုးသား က  အလုပ်မှ ပြန်လာစဉ် ဇနီးဖြစ်သူ အဖြစ်အပျက်အား ပြောပြသဖြင့်  အခန်းပိုင်ရှင်အား
မေးမြန်းကြည့်ရာ မဟာချိုင်တောမော မှဖြစ်ကြောင်း သိရှိရသည်ဟု သူမ၏ ခင်ပွန်းဖြစ်သူကပြောသည်။
                     မဟာချိုင်နယ်မြေတွင်တာဝန်ထမ်းဆောင်ကြသည့်  ရဲအချို့နှင့် တောမော(လ၀က) အချို့ တို့သည် မြန်မာအလုပ်သမားများအား ဖမ်းဆီးငွေညှစ်ခြင်း၊ လှပသည့်မြန်မာအမျိုးသမီးများအား ဖမ်းဆီးပြီး မဖွယ်မရာ ပြုမူခြင်းများနှင့် ရွှေငွေနှင့် လက်ဝတ်လက်စားများအား လုယက်ခြင်းများ မကြာမကြာပြုကျင့်လေ့ ရှိကြောင်းကိုယ်တိုင် ခံစားသူများပြောပြချက်အရ သိရှိရသည်။
       ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့ကလည်း အဆိုပါနယ်မြေ မီးပွိုင်တွင် အသက်၄၀ ကျော်အရွယ် မြန်မာ
အမျိုးသမီးတစ်ဦးအား ရဲစခန်းအတွင်းသို့ ခေါ်ယူသွားခဲ့ပြီး ဘတ်ငွေ တစ်သောင်းကျော်အား အဓမ္မယူဆောင် ရုံသာမက အ၀တ်ချွတ်ကာ မဖွယ်မရာပြုကျင့်ခဲ့သည်။ အတူတူပါလာသည့် သားကြီး ကိုလက်သီးဖြင့်ထိုးကာ
၁ နှစ်ခွဲအရွယ်သားငယ်ကို ကြောက်လန့် အောင် အော်ဟစ်ခဲ့သည်။   ထို့ကြောင့် ဘန်ကောက် မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT က ကူညီဆောင်ရွက်ပေးခဲ့သဖြင့် လုယက် ခံခဲ့ရသည့်   ငွေ များကို ပြန်လည် ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သည့် ပုလိပ်များကို ရာထူးချထားခဲ့ကြောင်းအဆိုပါ အမျိုးသမီးပြောပြချက် အရ သိရှိရသည်။ 

 မြတ်ညို(အလွတ်သတင်းထောက်)
ေ၇ွှလုပ်သား
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map