<div style='background-color: none transparent;'></div>

Home » » ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်မြန်မာနိုင်ငံသားတစ်ဦးပြန်ပေးဆွဲခံရ”

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်မြန်မာနိုင်ငံသားတစ်ဦးပြန်ပေးဆွဲခံရ”


 ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ခံတစ်ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြန်ပေးဆွဲခံလိုက်ရကြောင်း သူ၏ ဇနီးက ပြောသည်။
         မြ၀တီမြို့ အမှတ် ၄ရပ်ကွက် အောင်သိပ္ပံလမ်း တွင် နေထိုင်ကြသည့် ခင်ပွန်းဖြစ်သူ ကိုဖိုးစန်းသည် သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံရန် သွားရာမှ ပြန်ပေးဆွဲခံရသည်ဟု ဆိုသည်။
ဇနီးဖြစ်သူ မအေးမူက “၈ လပိုင်း ၂၀ ရက်နေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ ယောင်္ကျားနဲ့ နောက်ဆုံး ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတစ်ဦးက ကားတစ်စီးဝယ်ဖို့ အင်ဂျင်လာကြည့်ပေးပါ။ ပတ်စပို့  စာအုပ် သမား ၃ ယောက် ရှိတယ် မြန်မြန်လာလုပ်ပေးပါလို့ခေါ်တယ်။” ဟုပြောသည်။


“၂၁ ရက်နေ့ ည၇ နာရီ အချိန် ပြန်ပေးဆွဲသမားက နင့်ယောက်ကျားကို မသေစေချင်ရင် ပိုက်ဆံ ဘတ် ၂ သိန်းကို (၂၂ ရက်နေ့) မနက် ၁၀ နာရီမှာ ကိုဖိုးစန်း ဘဏ်နံပါတ်နဲ့ လွှဲထည့်ပေးပါလို့ပြောတယ်” ဟု သူမက ဆက်ပြောသည်။
၂၁ ရက်နေ့ ညတွင် မြ၀တီရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ထို့နောက် မြဝတီတာဝန်ရှိရဲနှင့် မအေးမူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အာဏာပိုင်များထံသို့လည်း သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
ပြန်ပေးသမားများကလည်း မအေးမူက ငွေ နှစ်သိန်း မရှိဟု ဆိုသဖြင့် ငွေ ၁ သိန်းဖြင့် လာရွေးရန် သဘောတူ ခဲ့သည်။
မြ၀တီမှ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “ပြန်ပေးဆွဲခံရတာ ၂ ရက်လောက်နေမှ လာတိုင်တယ်။ ကျွန်တော်တို့ စုံစမ်းလိုက်တော့ ကရင်တစ်စုလို့ သိရတယ်။ ဘတ် ၁သိန်းနဲ့ လူနဲ့ လဲရမယ်။ ထိုင်းရဲကလဲ ပြန်ပေးဆွဲခံရသူကို အရှင်ဘဲလိုချင်တယ်” ဟု ပြောသည်။
     ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံရှေ့တွင် ပြန်ပေးသမားများက ရပ်ထားခဲ့သော ကိုဖိုးစန်း၏ တိုယိုတာ အဖြူရောင်ကားကို မဲဆောက်ရဲစခန်းသို့ ပြောင်းရွေ့လိုက်ပြီဖြစ်သည်။ကိုဖိုစန်း ၏ပေါင်နှစ်ဘက်ကို ဓားဖြင့်လှီးပြီး ဆားသိပ်ထားသည်ဟု ခြိမ်းခြောက်၍ ဘတ် ၁ သိန်း မရှိလည်း ခြောက်သောင်းကို ဘဏ်မှ လွှဲပေးပါဟု ပြန်ပေးဆွဲသူက ထပ်မံပြောဆိုကြောင်း မအေးမူ ကပြောသည်။
ဇွန်လ ၂၉ ရက် ထိုင်းစံတော်ချိန် ညနေ ၅ နာရီအထိ ကိုဖိုးစန်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

goldenworkers
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map