Home »
သတင်း
» မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်

ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေ ဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။
ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက် ထပ်ပြိး မြေကွက်များ ကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အာြး ပစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေး ခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အမှုနှင့်ပတ်သက်ပြီး သိကျွမ်းသည်ဟု ထင်မြင်ယူဆရသူများကို တစ်ဆက်တစ်စပ်တည်း တားဆီးချု ပ်နှောင်ထားရှိချိန် ၂၄နာရီထက် မကျော်လွန်စေရေးအတွက်လည်း အထူးအလေးထား စီမံကြပ်မတ် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၂၄ရက်နေ့ နံနက် ၅နာရီတွင် မနန်းဝိုးဖန်သည် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနအဆောက်အအုံမှာ ကျသေဆုံးသွားကြောင်း၊ ယင်းသေဆုံးမှု ကို ပြည်ထဲရေး ၀န်ကြီးဌာန က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အခြေအနေအသေးစိတ် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ မနန်းဝိုးဖန်မှာ မတော်တဆပြုတ်ကျသေဆုံးခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ် တရားရုံးကလည်း ဇွန်လ ၁၃ရက်နေ့တွင် သေမှုသေခင်းဖြစ်စဉ်အဖြစ် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း မနန်းဝိုးဖန်သေဆုံးမှုအတွက် ရန်ကုန်တိုင်းဒေသကြီးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲနှစ်ဦးတို့ကို ဌာနညွှန်ကြားရေးမှူးချုပ်က သတိပေးဆုံးမပြီး အထိုက်အလျောက်တာဝန်ရှိသည့် ဦးစီးအရာရှိ၊ စုံစမ်းစစ်ဆေးရေးမှူး၊ ဒုတိယစုံစမ်းစစ်ဆေးရေးမှူးအပါအ၀င် ၀န်ထမ်း (၅) ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr.Namase Motohiko အပါအ၀င်မြေကွက် အရောင်းအ၀ယ် လုပ်သူ ခြောက်ဦးကို မေလ ၁၇ရက်နေ့မှ စတင်ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် တရားရုံတွင် ပြစ် မှုကြီးအမှတ် ၉၇၆/၂၀၁၂ဖြင့် တရားစွဲဆို အမှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
myanmartharkaun
0 comments:
Post a Comment