<div style='background-color: none transparent;'></div>

Home » » မိခင်က သေခါနီးဆဲဆဲ သမီးငယ်အတွက် ကမ္ဘာလှည့်ခရီးစရိတ်ကို ကြံကြံဖန်ဖန်အလှူခံ

မိခင်က သေခါနီးဆဲဆဲ သမီးငယ်အတွက် ကမ္ဘာလှည့်ခရီးစရိတ်ကို ကြံကြံဖန်ဖန်အလှူခံ

A-T(Ataxia-Telangiectasia) ဟုအမည်တွင်သည့် ခန္ဒာတွင်း မျိုးရိုးဗီဇဖောက်ပြန်မှုရောဂါသည် ရှားပါးလှပြီး ကုသရန်ခက်ခဲ၍ သေစေနိုင်သည့်ရောဂါ တစ်မျိုးဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် ကလေးငယ်၆ဝခန့်မှာ ၎င်းရောဂါခံစားနေရပြီး လိုလာဘလိုမာဆိုသူ အသက်သုံးနှစ်အရွက် ကောင်မလေးတစ်ဦးလည်း ပါဝင်သည်။ A-Tရောဂါသည် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပြီး ရင်ဘတ်အောင့်ခြင်း အဆုတ်ရောဂါရခြင်း သွေးကင်ဆာနှင့် အခြားကင်ဆာရောဂါများကို ဖြစ်စေနိုင်သည်။ ရောဂါသည်များမှာ နှစ်နှစ်ခန့်သာ လူကောင်းပကတိပမာ နေနိုင်ပြီး နောက်ပိုင်းတွင် ဘီးတပ်ကုလားထိုင် အထောက်အကူပစ္စည်း အစောက်အရှောက်တို့ဖြင့် နေသွားရကာ အသက်၂ဝမတိုင်ခင် သေဆုံးကြရသည်။ လိုလာ အသက်တစ်နှစ်ခွဲအရွယ်တွင် A-Tရောဂါ ခံစားရကြောင်း သူ၏မိခင် ဂျိုကသိလိုက်ရသည်။

သူမအနေဖြင့် အလွန်စိတ်ထိခိုက်လှပြီး မျှော်လင့်ချက်မရှိသည့် ရောဂါဝေဒနာဖြစ်နေသည့် သမီးအတွက် သူမလုပ်နိုင်သလောက် လုပ်ပေးမှာပါဟု ပြောဆိုခဲ့သည်။ သူမသည် သမီးကို ကမ္ဘာ့အံ့ဖွယ်ခုနှစ်နေရာဖြစ်သည့် တရုတ်နိုင်ငံမှမဟာတံတိုင်း အိန္ဒိယမှ တာ့ဂ်ျမဟာအဆောက်အအုံ ရောမမြို့မှ Colosseum ဘရာဇီးနိုင်င့မှ Christ the Redeemen  ဂျော်ဒန်နိုင်ငံမှ Petra ပီရူးနိုင်ငံမှ Machu Picchu နှင့် မက္ကဆီကိုနိုင်ငံမှ Chichen Itzaတို့ကို လိုက်ပို့ပေးချင်ပြီး အဆိုပါကုန်ကျစရိတ်အတွက် လူမှုရေး အထောက်အပံ့အဖွဲ့အစည်းများ လူများနှင့် အွန်လိုင်းမှတစ်ဆင့် အလှူငွေများ ကောက်ခံမှုတို့ကို ကြံကြံဖန်ဖန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြည်မြန်မာ
Share this article :

1 comments:

Anonymous said...

သနားစရာကောင်းတဲ့ သားအမိပဲနော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map