<div style='background-color: none transparent;'></div>

Home » » အိမ်ရှင်မများအတွက် သတင်းလက်ဆောင်

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်



(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား။
ပုရွက်ဆိတ်တွေကသခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီး အခွံတွေကိုပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေသန့်သန့် သောက်ချင်ပါသလား။
ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်လျော်ရာ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်တော့ ရေခဲရေသန့်သန့်ရပြီပေါ့။

(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား။
Sprite အချိုရည်နဲ့မှန်ကိုသုတ်ပေးလိုက်ပါ။

(၄) အဝတ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါ သလား။
အဲဒီအဝတ်အထည်ကို ရေခဲသေတ္တာထဲ တစ်နာရီလောက်ထည့် ပေးပြီးနောက်မှာတော့ ပီကေတွေခွာလို့ရပါပြီ။

(၅) အဝတ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား။
ဇလုံတစ်ခုထဲမှာ ရေနွေးပူပူထည့်ပြီးရင် သံပရာသီးတစ်စိတ်လောက် ညှစ်ထည့်ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အဝတ်ဖြူ ၁ဝ မိနစ်လောက် စိမ်ထားပြီးမှ ပုံမှန်အတိုင်း ဆပ်ပြာတိုက်လျှော်ဖွတ်ပေးပါ။

(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား။
ရှလကာရည် တစ်ဇွန်းလောက်ကို ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင် ရေအေးနဲ့လျှော်ချလိုက်ပါ။ (ရေခဲရေ မဟုတ်ပါ)

(၇) သံပရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား။
ဦးစွာ သံပရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တစ်နာရီလောက် စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။

(၈) ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ အစိမ်းနံ့နံနေတာကို ဘယ်လိုဖျောက် ရမလဲ။
ဂေါ်ဖီထုပ်ချက်နေတဲ့ဟင်းအိုးထဲကို ပေါင်မုန့်အပိုင်းအစလေး ထည့်ချက်လိုက်ရုံပါပဲ။

(၉) ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့။
ပီကေဝါးရင်း ကြက်သွန်နီ လှီးပေးပါ။

(၁ဝ) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား။
မပြုတ်ခင်မှာ အာလူးရဲ့ တစ်ဖက်တစ်ချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာရန်မလိုအပ်ပေ)

(၁၁) အဝတ်ပေါ်က မင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါ သလား။
မင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေးများများအုံပြီးနောက် အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့တဲ့အခါမှ အဝတ်လျှော် လိုက်ပါ။

(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား။
ပြုတ်ပြီးစ ကန်စွန်းဥပူပူကို အိုးထဲကဆယ်ယူပြီး ရေအေးထဲ ချက်ချင်းနှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)

(၁၃) ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့။
ကြွက်တွေလာတတ်တဲ့နေရာကို ငရုတ်ကောင်းမှုန့် (အမည်းရောင်) ဖြူးပေးထားရုံပါပဲ။ ငရုတ်ကောင်းမှုန့်အနံ့ကြောင့် ကြွက်တွေထွက်ပြေး ကုန်ပါလေရော။

(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ရာမဝင်ခင် ဘာလုပ်သင့်သလဲ။
နှလုံးရောဂါသည်တွေ သောက်ရေအေး တစ်ခွက် (သို့မဟုတ်) နှစ်ခွက်သောက် ပြီးမှ ညအိပ်ရာဝင်ပါ။ ဒါဆို နံနက်အိပ်ရာထ အမော မဖောက်စေတော့ပါဘူး။ (ရေခဲရေ မဟုတ်ပါ)

ပေါက်ပေါက်
Union Daily
Share this article :

1 comments:

Unknown said...

Did you know there's a 12 word phrase you can communicate to your man... that will trigger deep emotions of love and impulsive attraction to you buried within his chest?

Because deep inside these 12 words is a "secret signal" that triggers a man's impulse to love, worship and protect you with all his heart...

12 Words Who Trigger A Man's Desire Instinct

This impulse is so built-in to a man's genetics that it will drive him to work better than before to make your relationship the best part of both of your lives.

Matter-of-fact, triggering this influential impulse is absolutely important to getting the best possible relationship with your man that the moment you send your man a "Secret Signal"...

...You'll instantly find him expose his heart and mind for you in a way he never experienced before and he will distinguish you as the only woman in the universe who has ever truly interested him.

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map