<div style='background-color: none transparent;'></div>

Home » » တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး


ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဝေဇယန္တာ လမ်းအတိုင်း တောင်ဥက္ကလာပ ဗဟိုဈေးဘက်မှ ပါရမီမီးပွိုင့်ဘက်သို့ မောင်းနှင်လာသောR Minus အပြာရောင် ကိုယ်ပိုင် ယာဉ်တစ်စီးသည် အင်းဝ ၃လမ်းထိပ်အရောက်တွင် တောင်ဥက္ကလာပ ရဲစခန်းမှ ဒုတပ်ကြပ်ဟန်သာစော စီးနင်းလာ သော Shanyan-110 အနက်ရောင် ဆိုင်ကယ်ကိုအနောက်မှ ဝင်တိုက်မိပြီး ဆက်လက်၍ တပ်ကြပ်
သန်းထွန်းစီးနင်းလာသည့် JLM 125 အနက်ရောင် ဆိုင်ကယ်ကို ထပ်မံ ဝင်ရောက် တိုက်မိရာ ယင်းနောက်မှ လိုက်ပါ စီးနင်း လာသော တပ်ကြပ်လေးကြည်မှာ မေးစေ့ပွန်း၊ လက်ပြင်ပွန်း၊ ရင် ဘတ်နာကျင်၊ ယာခြေထောက်ပေါက်ပြဲဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ယာဉ်မဆင်မခြင်မောင်းနှင်သူ စည်သူအောင်အား တောင်ဥက္ကလာပ ရဲစခန်းက (ပ) ၁၅၇/ ၁၂၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄ က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
venus news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map