<div style='background-color: none transparent;'></div>

Home » » ရန်ကုန်-ဒလ ကြိုးတံတားတည်ဆောက်မည်

ရန်ကုန်-ဒလ ကြိုးတံတားတည်ဆောက်မည်


ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်မည့် ရန်ကုန်-ဒလကြိုးတံတား ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၌ ကျင်းပသော လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“အခုက နိုင်ငံခြားအကူအညီနဲ့ ဆောက်ချင်တဲ့တံတား ခုနစ်ခုရှိပါတယ်။ အဲဒီတံတားအထဲမှာ ရန်ကုန်နဲ့ ဒလမြို့ကို ဆက်သွယ်ထားတဲ့ ကြိုးတံတားတစ်စင်းလည်းပါပါတယ်”ဟု ၎င်းကဆက်လက်ပြောကြား သည်။


အဆိုပါ ရန်ကုန်-ဒလကြိုးတံတား၏အရှည်မှာ ခန့်မှန်းပေ ၂၇၀၀ ပေရှိမည်ဖြစ်ကြောင်း၊ အကယ်၍ နိုင်ငံခြားအကူအညီရ၍ တည်ဆောက်ပြီးပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အချိန်တိုတိုဖြင့် ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ငမိုးရိပ်ချောင်းကို ဖြတ်ကျော်၍ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ဖောက် လုပ်ထားသည့် သာကေတ သံပေါင်တံတားအစား တံတားတစ်စင်း ထပ်မံအစားထိုးသွားရန် အစီအစဉ်ရှိ ကြောင်း၊ အဆိုပါတံတားအသစ်ကို အထက်ပုဇွန်တောင်လမ်းနှင့် သာကေတမြို့နယ် သုမနလမ်းကြီး၊ ဇင်္ဂမလမ်း မကြီးတို့အကြားတွင် လမ်းအူကြောင်း လျာထားဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ မြေပုံအရ သိရသည်။

ယင်းအပြင် နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည်ဆောက်လိုသော တံ တားများမှာ ရန်ကုန်-ဒလကြိုးတံတား တံတားအရှည်ခန့်မှန်းပေ ၂၇၀၀ ပေအပါအ၀င် လှိုင်မြစ်ကူးတံတား တံ တားအရှည် ခန့်မှန်းပေ ၁၉၇၀ ပေ၊ သာကေတတံတား တံတားအရှည်ခန့်မှန်းပေ ၉၀၀ ပေ၊ ၀ါးတရာတံတားခန့် မှန်းအရှည် ၉၉၀ ပေတို့ဖြစ်ပြီး လှိုင်မြစ်ကူးတံတား၊ ဘုရင့်နောင်အမှတ်(၂) တံတား၊ ၀ါးတရာတံတားတို့မှာ လှိုင် မြစ်ကိုဖြတ်ကျော်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
 The Voice Weekly Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map