<div style='background-color: none transparent;'></div>

♪♫♪အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ♪♫♪

Shwe Yoe

ဘယ်နိုင်ငံကလာတာလဲ

Popular Posts

မိန်းကလေးများအထူးဖတ်ရှုရန်...


မှန်တစ်ချပ်ရဲ့ရှေ့မှာအ၀တ်လဲတော့မယ်ဆိုရင်..ရှလွတ်..ဆိုပြီးမလုပ်ပါနဲ့တဲ့..လက်ညှိုးလေးနဲ့မှန်ကိုအဲဒီလိုအရင်ထောက်ကြည့်ပါဦးတဲ့..ကိုယ့်ရဲ့လက်ညှိုးနဲ့
မှန်ထဲမှာပေါ်နေတဲ့လက်ညှိုးရဲ့ထိပ်မှာ ကြားထဲမှာ (space) နေရာလွတ်ကလေးတစ်ခုရှိနေရမယ်.အဲဒါဆိုရင်မှန်အစစ်ပါ..စိတ်အေးလက်အေးခရီးဆက်လို့ရပါပြီတဲ့..
အဲလိုမှမဟုတ်ပဲ..ညာဘက်ပုံထဲကလို လက်ညှိုးထိပ်၂ခုထိနေ ကပ်နေတယ်ဆိုရင်တော့..

Continue Reading | comments

အဖော်အချွတ်ရဲတင်းသော သရုပ်ဆောင်မော်ဒယ် ရွှေစင်နဲ့ ပြောဖြစ်သမျှ

Continue Reading | comments

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....



(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

Continue Reading | comments

သင်္ကြန်မိုး အဖွဲ့သားများ တန်ခူးရင်ခွင်မှာ ပြန်ဆုံပြီ

"ဒါရိုက်တာ မောင်တင်ဦးရဲ့ အနုပညာကျောင်းဆင်း သင်္ကြန်မိုး အဖွဲ့သားများ တန်ခူး ရင်ခွင်မှာပြန်ဆုံပြီ"

သင်္ကြန် နားလည်း နီးလာပြီဖြစ်တာကြောင့် အနုပညာရှင်တွေက သင်္ကြန် မတိုင်ခင် သင်္ကြန် ဇာတ်ကားတွေကို ကြိုတင် ရိုက်ကူးကြရပါတယ်။ သင်္ကြန် ဆိုတာ နဲ့ ‘သင်္ကြန်မိုး’ဇာတ်ကားကို ပရိသတ်တွေမြင်ယောင်မိကြမှာပါ။

ဒီတစ်ပတ်မှာတော့ သင်္ကြန်ဇာတ်ကား ရိုက်ကွင်း တည်ရှိရာ သာကေတမြခွာညို အိမ်ရာ ကို ရောက်တယ် ဆိုရင်ပဲ ထူးထူးခြားခြား ‘သင်္ကြန်မိုး’ ဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ဇင်ဝိုင်း ၊မေရွက်ဝါ၊ မေသန်းနု တို့နဲ့ ဒါရိုက်တာ ဦးတင်ဦးက’တန်ခူးရင်ခွင်’ ဆိုတဲ့ သင်္ကြန် ဇာတ်ကား ရိုက်ကွင်းဖြစ်နေပါတယ်။ ဒီဇာတ်ကားမှာတော့ လူငယ် သရုပ်ဆောင်တွေ ဖြစ်တဲ့ ရဲတိုက်၊ ရွှေ သမီးတို့လည်း ပါဝင်ပါတယ်။ တွဲဖက် ဒါရိုက်တာကတော့ ဒါရိုက်တာရီဇော်ပဲဖြစ်ပါတယ်။

Continue Reading | comments

သမီးအရင်းဖြစ်သူကို ဖခင်ကအဓမ္မပြုကျင့်

  ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် မြို့နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖခင်ဖြစ်သူက သမီးအ ရင်းအား အဓမ္မပြု ကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သောင်းကြီးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက Venus News Weekly သို့ပြော သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ လ ၇ ရက် ညနေ ၈ နာရီတွင် Global Hair ဆံပင်တု စက်ရုံ အလုပ်သမား အသက် ၁၈ နှစ် အရွယ် မ---- အား ဖခင်ဖြစ်သူက တွေ့ချင်သည်ဟုဆိုကာ
Continue Reading | comments

အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

Continue Reading | comments

အမေရိကန်တွင် ကိုးနှစ်သား ကလေးက ဘဏ်ဓားပြတိုက်ခဲ့

                   ၁၉၈၁ ခုနှစ်မတ်လတုန်း က ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Manhattan ခရိုင်က ဘဏ်တစ်ခုမှာ ဖြစ်ပြီး ကိုးနှစ်သား ကလေးငယ်က သေနတ်အတုနဲ့ ဘဏ်ဝင်စီးပါတယ်။ ဒီတော့ အချိန်မှီတားဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရားရုံးတင်စစ်ဆေးကြည့်တဲ့အခါ ယင်း ကလေးငယ်ဟာ အိမ်ထောင်ကွဲ မိသားစုမှ ပေါက်ဖွားပြီး ဖခင်နဲ့အတူနေသူ ဖြစ်ပါတယ်။ အိမ်မှာ အဖေ ဖြစ်သူက ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေကို အမြဲလိုလိုကြည့်ရှုတဲ့ အတွက် သူ့စိတ်ထဲမှာ ဘဏ်ဓားပြတိုက်တာဟာ လူစွမ်းကောင်း လုပ်ရပ် တစ်ခုလို စွဲလမ်းနေပြီး ယခုလို မထင်မှတ်ပဲ လုပ်ဆောင်မိခြင်း ဖြစ်ပါတယ်။

Continue Reading | comments

မြန်မာ့ရုပ်ရှင်ပေလော ??

ပထွေးနေရာတွင် အောင်ခိုင် စိုင်းအောင်တင့် ဆိုပါက မင်းသမီး ပိပိရိရိနေသော်လည်း မုဒိမ်းမှုကျိန်းသေဖြစ်မည်
သို့သော် ဘယ်သောအခါမှ အထမမြောက်ပါ
ကယ်တင်ရှင်အမြဲပေါ်လာသည်။
ပထွေးနေရာတွင် မင်းသားဆိုပါက မယားပါသမီးနှင့် မီးပျက်သောညတွင် နှစ်ယောက်တည်းနေပါသော်လည်း ဘာမှမဖြစ်နိုင်ပါ
သို့သော် လူတိုင်းက အထင်လွဲမည်
. . .
မိထွေးနေရာတွင် ခင်မို့မို့အေး စံပါယ်မိုးတို့ ဆိုပါက သေချာပေါက် အကောက်ကြံမည်ဖြစ်သော်လည်း
အခြားမင်းသမီးကြီးဆိုပါက အမေအရင်းထက်ပင် ကောင်းနိုင်သည်
ထို့ကြောင့် သင့်မိဘ နောက်အိမ်ထောင်ပြုပါက စိုင်းအောင်တင့် အောင်ခိုင် ခင်မို့မို့အေး စံပါယ်မိုး တို့နှင့် ရုပ်ဆင်သောသူများကို သဘောမတူသင့်ပါ

Continue Reading | comments

မိန်းမသားတွေ....



တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။

ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။

ကြိုးမှာချိတ်နေတဲ့လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။

အဲဒီအချိန်မှာ...

Continue Reading | comments

ချမ်းသာပလာဇာရှေ့ ကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်(သတင်း/ဓာတ်ပုံ)

ဖေဖော်ဝါရီလ ၂၆ ရက်ညနေ ၃နာရီ ၅၀ မိနစ်ခန့်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီး ချမ်းသာပလာဇာ ရှေ့တွင် Presea (C2) အမျိုးအစား ကားတစ်စီးမောင်းနှင်ရင်းမှ ရုတ်တရက် မီးလောင်ကျွမ်းမှုဖြစ်သွားခဲ့သည်။
Continue Reading | comments

“ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်”

အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်းကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။ သူ့ အိပ်ချိန်၊စားချိန်တွေကို ထိခိုက်မှာစိုးတယ်။ ရိုက်လို့ရှိရင် လူစိမ်းတွေ အများကြီးရှိတယ်ဆိုရင် နည်း နည်း ဂျီကျမှာစိုးတယ်။ အလုပ်လုပ်မယ့် လူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ကြော်ငြာရိုက်ဖို့လာပြော တာ ၃ခုရှိတယ်။ သူတစ်ယောက် တည်းရိုက်ချင်တာတစ်ခု၊ မိသားစုနဲ့ ရိုက်ချင်တာ ၂ခုရှိတယ်။ ဒါပေမဲ့ အူဝဲတို့လက်မခံဖြစ်ဘူး။ သူကလူ အများကြီးနဲ့ဆို ဂျီကျချင်တယ်။ အရင်တုန်းက တီဗီကြော်ငြာရိုက်တာ မဟုတ်ဘူး။
Continue Reading | comments

အပျိုလေးမို့ပါရှင်...........

တိုက်နယ်ဆေးရုံကလေးသို့လှည်းတစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။နုနယ်ပျိုမြစ်သောအရွယ်မိန်းကလေး လူနာမှာတော၏ သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာဓားစက်ထိသွား၏သွေးများအထွက်လွန်ကာ သတိပင်မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး
Continue Reading | comments (2)

ညှို့မဂ္ဂဇင်းပြီးနောက် ပုံစံတစ်မျိုးဖြင့် အသွင်တူ ထွက်လာခဲ့သော မာယာမဂ္ဂဇင်း

တစ်ကြိမ်ထွက်ပြီးနောက် တားမြစ်ခြင်း ခံရသည့် ညှို့မဂ္ဂဇင်းကဲ့သို့ လိင်မှု အသားပေး မဂ္ဂဇင်းေ နာက် ပိုင်း တွင် မာယာမဂ္ဂဇင်းဟူ၍ ထွက်ပေါ်လာကြောင်း သိရသည်။ သို့သော် မာယာမဂ္ဂဇင်းအား အမြည်းဖတ် ခွင့် မရ ဘဲ ပလတ်စတစ်ဖြင့် ထုပ်ပိုး၍ တစ်အုပ် ၇၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
Continue Reading | comments (8)

ဆယ်တန်းကျောင်းသူကို ရိုက်မိသဖြင့် ဟင်္သာတမှ ကျောင်းအုပ်ဆရာမကြီး ရဲစခန်းတွင် အမှုဖွင့်ခံရ

 ဟင်္သာတမြို့နယ် အ.ထ.က(ဒူးယား)မှ ဆယ်တန်းကျောင်းသူ မခင်သူဇာမွန်ကို ကျောင်းအုပ်ဆရာမကြီးမှ ရိုက်သဖြင့် ကျောင်းအုပ်ဆရာမကြီးကို ရဲစခန်းတွင် အမှုဖွင့်တရားစွဲထားသည်ဟု The Voice သတင်းတွင် ဖော်ပြထားပါသည်။

ဖြစ်စဉ်မှာ စာမေးပွဲနီးသဖြင့် ကျောင်းသားများအား ညဘက် အနီးကပ် သင်ကြားနေချိန် စားပြီးသား ပန်းကန် မဆေးဘဲ ထားမိရာ ကျောင်းအုပ်ကြီးမှ မေးမြန်းသည်ကို မဖြေသဖြင့် ရိုက်နှက်ခြင်း ဖြစ်ကြောင်း ၊ ၀ါးခြမ်းပြား ဖြင့် တင်ပါးကို ရိုက်ခြင်း၊ လက်မောင်းကို ကုတ်ခြစ်၍ နားရွက်လိမ်ဆွဲခြင်း၊ ကျောကုန်းကို ထုခြင်းများ ပြုလုပ်ခံရခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Continue Reading | comments

မြန်မာမလေးတိုင်းလည်း သက်မွန်မြင့်လိုပဲ ရိုးရိုးလေးလှနိုင်ကြပါစေ

ကျွန်တော်ဟာ ရှေးရိုးစွဲလည်းမဟုတ်သလို ကွန်ဆာဗေးတစ်လည်း မဟုတ်ဘူး။ဒါပေမယ့် ကျွန်တော် မင်းသမီးပုံတွေ တင်လိုက်ရင် ပုံတော်ဒေါက်မြင့်နဲ့ ချိတ်ထမီနဲ့ ပါတိတ်ဝမ်းဆက်နဲ့ အဲဒီလို ပုံတွေက များနေတယ်။
အဲဒါကြောင့် ဒီတစ်ခါတော့ အရင်တုန်းက နည်းနည်းလေးခြားနားမယ်ထင်တဲ့ပုံလေးတွေကို သက်မွန်မြင့်ရဲ့ facebook ကနေ ရှာတင်ပေးလိုက်ပါတယ်။
ဒီလို စတိုင်ရိုးရိုးလေးတွေကလည်း တစ်မျိုးလှ၊ တစ်မျိုးချစ်ဖို့ ကောင်းတာပါပဲ။

Continue Reading | comments

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ (အရက်သောက်ပြီး ကားမမောင်းကြပါနဲ့)


==================================

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။

Continue Reading | comments

တိုက်စစ်မှူးတစ်ဖြစ်လဲ လေယာဉ်မှူး ရော်နယ်ဒို

ဒီပို့တီဗိုကို ၁-၂ ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ် မတိုင်မီက ရော်နယ်ဒိုမှာ
လေယာဉ်မောင်းနေသည့် ပုံစံဖြင့် ဓာတ်ပုံ ရိုက်ခဲ့ပြီး အဆိုပါ ပုံကို ၎င်း၏ တွစ်တာ စာမျက်နှာတွင် ခဏတာ လေယာဉ်မှူးဆိုသည့် စာသားနှင့် တင်ခဲ့ကြောင်း သိရှိရသည်။
ရီးရဲလ်မှာ လာလီဂါတွင် ဘာစီလိုနာနှင့် ၁၅မှတ်ကွာ ဟနေပြီး ချန်ပီယံဘွဲ့ ဆုံးရှုံးရန် နီးစပ်နေပြီး ၎င်းနှင့်
Continue Reading | comments

ကျုံမငေးမြို့ကထူးဆန်းသည့် ကုက္ကိုပင်ကြီး(သတင်း/ဓာတ်ပုံ)

ဘဲချောင်းရွာသည် ဧရာဝတီမြစ် လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့် ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။ ၀ါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက် လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့ တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။ ထိုအပင်ကြီးတွင် နှစ်စဉ်တပို့တွဲလရောက်တိုင်း မည်သည့် နေရာကလာသည် မသိသော ငှက်ကြီးဝန်ပိုလို ငှက်ကြီးများ အကောင်လေးငါးဆယ်ခန့် လာရောက်နားခိုကာ အသိုက်လုပ်လေ့ ရှိသည်ဟုဆိုသည်။
Continue Reading | comments

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန် တွင် ပြောကြားသည်။
ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်
Continue Reading | comments

အကယ်ဒမီပေးပွဲမှ မပြီးဆုံးသေးသော ဂယက်ပု စ္ဆာများ

 ၂၀၁၁ အကယ်ဒမီကတော့ ညှို့ပဲညှို့လွန်းအားကြီးပါတယ်။ အခုထိ အဆုံးမသတ်နိုင်သေးတဲ့စကားသံတွေက ဖိတ်လျှံကျနေတုန်း။ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီးဖြေရှင်းချက်တွေ ပေးခဲ့ရပြီးပါပြီ။ အခုတော့ စီစစ်အကဲဖြတ်ရေးအဖွဲ့ဝင်တွေခမျာလည်း ငြိမ်ငြိမ်မနေကြရတော့ပါဘူး။ သူတို့ ၂၄ ဦးစုပေါင်းပြီး ကြေညာချက်တစ်စောင်ထုတ်ပေးခဲ့ကြရရှာပါလေရော့လား။ တကယ်က အကဲဖြတ်အဖွဲ့ကို လူပုဂ္ဂိုလ်ပေါင်း ၁၇ ဦးနှင့် အဆင့် ၃ ဆင့် ပိုင်းခြားဖွဲ့စည်းခဲ့တာပါ။ တစ်ဆင့်စီမှာ လူပုဂ္ဂိုလ် ၈ ဦးစီနဲ့ ဖွဲ့စည်းခဲ့လို့ စုစုပေါင်းပါဝင်သူအရေအတွက်က ၂၄ ဦးအထိ ရှိသွားခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ကြေငြာချက်မှာ
Continue Reading | comments

ပရဟိတအဖွဲ့ကို ဗန်းပြပြီး ဒေါ်လာသန်းထောင်ချီ လောင်းကစားလုပ်ခဲ့သည့် မြို့တော်ဝန်ဟောင်း

ပရဟိတအဖွဲ့ အစည်းတစ်ခု ဖြစ်သည့် RP ဖောင်ဒေး ရှင်းကို ရုပ်ပြသက်သက် ထောင်ထားပြီး စေတနာရှင် များ၏ အလှူငွေသန်း တစ်ထောင်ကျော်ကို လောင်း ကစားလုပ်ရာတွင် သုံးစွဲခဲ့သည့် အမေရိကန် ပြည်ထောင်စုရှိ ဆန်ဒေးကိုမြို.တော် ၀န်ဟောင်းကို အရေးယူ လိုက်ပြီဖြစ်သည်။ မြို့ တော်ဝန်ဟောင်း မော်ရန်အို ကွန်နော်သည် RP အဖွဲ့အစည်းကို လှူဒါန်း ထားသည့်
Continue Reading | comments

ကားကြီးဆိုပေမယ့် ပရိသတ်နဲ့ ထပ်တူမကျ တာတွေရှိတယ် သင်ဇာဝင့်ကျော်

DVD ကားမရိုက်ရ တော့ဘူးဆိုတာ သင်ဇာ့ရဲ့အမြင် ပြောရရင် ကောင်းပါတယ်။ ဗီဒီယိုဆိုရင်လည်း ဗီဒီယိုနဲ့ တူအောင် ရိုက်ကြတယ်။ ရုပ်ရှင်ဆိုရင်လည်း ရုပ်ရှင်နဲ့ တူအောင် ရိုက်ကြတယ်။ DVD ဆိုတာကျတော့ ဒီယိုနဲ့ ရုပ်ရှင်ကြားမှာ အလယ်အလတ်ကြီး ဖြစ်နေတာပေါ့။ အရင်က သင်ဇာတို့ဆိုရင်လည်း ဗီဒီယိုပါ ဆိုပြီးတော DVD ဆိုပြီး ပြောင်းလိုက်တဲ့ကား တွေလည်းရှိတယ်။
သင်ဇာကတော့ အဲဒါနဲ့ပတ် သက်ပြီး ဘာမှမပြောတော့ ပါဘူး။ သင်ဇာ့ဆီမှာ ကားကြီးရိုက်ထား တောကတော့ လောလောဆယ် မရှိသေးဘူး။ ရုံမတင်ရ သေးတဲ့ကား ကြီးတွေတော့ ရှိပါတယ်။ အဲဒီကားကြီး တွေအတွက် ရင်ခုန်မှုက တစ်ခါတလေ ကိုယ်က ငါဒီလောက်လုပ် လိုက်မယ်လို့ လုပ်ထားပေမယ့် ပရိသတ်နဲ့ ထပ်တူမ ကျတာ တွေလည်းရှိပါတယ်။ တစ်ခါတလေ ဘာမှမ ဟုတ်ပေမယ့်လည်း ပရိသတ်က ကြိုက်ချင်ကြိုက် သွားတာပဲလေ။ အခုဗီဒီယိုတစ်လ သုံးကားရိုက်လာ တော့ ကားကြီးမှာ ဘယ်လိုရိုက်လာ မလဲဆိုတာတော့ သင်ဇာလည်း ရိုက်ကြည့်ပြီးမှ သိမှာလေ။
Continue Reading | comments

သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက်

 ဆေးရုံတစ်ရုံ၊ အလွှာတစ်ခု၊ လူနာအခန်း တစ်ခန်းက ကုတင်တစ်ခု မှာပါ။ လာလာကြည့်လိုက်တိုင်း လူနာတွေက သေနေပါတယ်။ ပြန်လည် စစ်ဆေး ချက်များအရ နေ့စဉ် ညနေ ၃ နာရီရောက်တိုင်း ကွယ်လွန် သွားခဲ့ကြ တာ ဖြစ်ပါတယ်။

တစ်ခါတည်းတောင် မဟုတ်ပဲ။ လူနာ တစ်ယောက်တည်းလည်း မဟုတ်၊ တစ်ရက်လာတည်းတဲ့ လူနာလည်းသေ၊ နောက်နေ့လာတည်းလည်း သေ၊ လနဲ့ချီပြီး သေနေတော့ ဆရာဝန်တွေရော၊ သူနာပြုတွေရော ကြောက်နေ ပါပြီ။ ယင်း ကုတင်မှာ သိုက်တစ်ခုခုသို့မဟုတ်၊ နတ်ဆိုးတွေ ဝင်စီးနေ တယ်လို့တောင် ထင်လာတယ်။ ဒါကြောင့် နောက်ဆုံး မှာ ကမ္ဘာ့အတော်ဆုံး ပညာရှင်တွေ၊ အောက်လမ်း၊အထက်လမ်း ဆရာတွေ ခေါ်လို့ ညနေ ၃ နာရီ အချိန်မှာ စုစည်းပါတယ်။

Continue Reading | comments

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ



      မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံးများ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည် အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ အခြားအလှမယ်များ၏ ဘီကီနီများကို ဖော်ပြကြသည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရားမ၀င် ထွက်လာကြလေသည်။
Continue Reading | comments

မည်သို့ပင် ဆိုစေ . . . .(Living Together )



              မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။
ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။

မြန်မာ့ထုံးတမ်း အစဉ်အလာအရ အငြင်းပွား ဖွယ်ရာ ကောင်းသည့် လူမှုပုံစံ တစ်ခုဖြစ်သည့် Living Together သည် မိသားစု နှုန်းစံမြင့်မားဆဲ ဖြစ်သည့်၊ အစဉ်အလာယဉ်ကျေးမှု နှုန်းစံများ မြင့်မားဆဲဖြစ် သည့် မြန်မာ့လူမှု နယ်ပယ်တွင် ပေါ်ပေါ်ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှ ရှိသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မိသားစုနှင့်အဝေး၊ ယဉ်ကျေးမှုနှုန်းစံများနှင့် အဝေးဖြစ်သည့် ပြည်ပ နိုင်ငံ များသို့ ရောက်သွားသည့်အခါ Living Together ဟူသည့် အသံသည် ပိုကျယ်လာသည်။ ထင်သာမြင် သာ ရှိလာသည်။

ကိုထွန်းဦးသည် လုပ်သားပေါင်း ၁၀၀၀ ကျော်ရှိသည့် စင်ကာပူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့ သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ ပြန် အခြေချနေသူ ဖြစ်သည်။ သူ့အဆိုအရ Living Together နေထိုင်သူ များသည် ပထမအဆင့် အွန်လိုင်းတွင် တွေ့၊ နောက်မှ အပြင်မှာချိန်းတွေ့ ကြပြီးမှ နေထိုင်ကြသည်က များသည်။
Continue Reading | comments

အိမ်မွေးခွေးတစ်ကောင်ကြောင့် တစ်မိသားစုလုံး မီးဘေးမှ ကင်းလွတ်ခဲ့

အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ်၊ဝင်စ တန်မြို့ နေအိမ်တစ်အိမ်တွင်
အဝတ်ခြောက်စက် မှ တစ်ဆင့်မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ်တွင် မွေးမြူ ထားသော ၁၀ နှစ်သားအရွယ် ခွေးတစ်ကောင် ကြောင့်တစ်မိသားစု လုံးမီးဘေး အန္တရာယ်မှ လွတ် မြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ဘေဘီအမည်ရှိ၎င်းခွေးသည် မီးလောင်ကျွမ်းမှုစတင် ဖြစ်ပွားပွားချင်း
Continue Reading | comments

ကမ္ဘာ့ အကြာဆုံး အနမ်းပြိုင်ပွဲ

ဖေဖောဝါရီလ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာ့အကြာဆုံး အနမ်းပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ စတင်ကျင်း ပခဲ့ပြီး နိုင်ငံပေါင်းစုံမှ စုံတွဲများ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ ကြသည်။ အဆိုပါပွဲတွင် ထိုင်းစုံတွဲ တစ်တွဲဖြစ်သည့် ဆေးရုံလုံခြုံရေး ၀န်းထမ်း အီကာချီ သီရာနာရက် နှင့်ဇနီးဖြစ်သူ လာစ်ဆာနာတို့သည် ၅၈ နာရီ ၃၅ မီးနစ်၅၈ စက္ကန့်ဖြစ် ကမ္ဘာ့အကြာဆုံး နမ်းသည့်
Continue Reading | comments

ဒီမိုကရေစီကို ဖင်ခုထိုင်ပြီး သရုပ်ပျက်ဝတ်စားလာသော မြန်မာ မော်ဒယ်များ


  အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သလို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မလိုက်မိစေလိုသောကြောင့်ရေးသားခြင်းသာဖြစ်ပါတယ်။ ဒီနေ့Facebook စာမျက်နှာနှင့် ဘလော့ဂါတစ်ချို့မှာ အကျယ်တ၀င့်ဖေါ်ပြပြီး ဝေဖန်မှုပေါင်းများစွာနဲ့ကြုံရတဲ့ Myanmar Model Show တစ်ခုကြောင့် မြန်မာပြည်ကြီး ဤသို့ဖြစ်ကုန်ပြီလား..မြန်မာ့ယဉ်ကျေးမှု ဆိုတာကကော စာအုပ်ထဲ မှာ ပုံပြင်အဖြစ်နဲ့သာ ရှိနေခဲ့ပြီလော..ဒီလိုသရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုကော ထိန်းချုပ်မယ့် ဥပဒေ မရှိတော့ပြီလား ဆိုပြီး တွေးမိလာပါတယ်။ ဒီလိုသရုပ်ပျက်မှုတွေအတွက်
Continue Reading | comments

ရင်သွေးလေး ယူတော့မယ်လို့ပြောတဲ့ သဇင်

 ဆယ့်နှစ်နာရီ သတို့သား အထူးပွဲကို တက်ရောက် လာတဲ့ အဆိုတော် သရုပ်ဆောင် သဇင်ကို ဒီဇာတ် ကားထဲက ကာရိုက်တာက ကိုယ် ဝန်ဆောင် ကာရိုက် တာနော်၊ ဘယ်တော့လောက် သဇင်ရဲ့မျိုးဆက်ကို ယူမလဲလို့ မေးကြည့်ခဲ့တော့ သဇင်ရဲ့ မိဘတွေက လည်း ယူစေချင်နေ ကြပြီလေလို့ ပြောပါတယ်။
Continue Reading | comments

မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

မိခင်ဖြစ်သူ သေအံ့မူးမူး ဝေဒနာခံစားနေရချိန်တွင် ဖခင်ဖြစ်သူက သားသမီးများအားလုံးကို သတ်ပစ်လိုက် သည့် ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိ စီရီ ဖူးလားဆိုသူသည် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ဆမ်၊ သမီးများဖြစ်သည် ရေဘက်ကာ (၈ နှစ်)၊ ရှားလော့ (၇ နှစ်) တို့အား ဓားဖြင့်ထိုးသတ်ပြီး နောက် သူကိုယ်တိုင် ပေ ၈၀ ခန့်နက်သည့် ချောက်ထဲသို့ ခုန်ချကာ သတ်သေခဲ့သည့် ပြစ်မှုတစ်ခု အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ 
Continue Reading | comments

မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ကြေငြာ ဝေဖန်ခံရ


  
 လူကုန်ကူးမှု့တိုက်ဖျက်ရေး ကို  မူးယစ်ဆေး ၀ါးရောင်းဝယ်မှု တိုက်ဖျက်ရေးကဲ့သို့  လေးထား  ဆောင်ရွက် လာကြရာ မြန်မာပြည်တွင်လည်း အင်တိုက် အားတိုက် ဆောင်ရွက်လာသည် ကို မီဒီယာမှ တဆင့်တွေ့ရသည်၊
လူကုန်ကူးမှု့ တိုက်ဖျက်ရေးတွင်တာဝန်ရှိသူ အစိုးရ အဖွဲ့အစည်းများမှ
ကျူးလွန်သူများကို   ရှာဖွေဖော်ထုတ် အရေးယူခြင်းသာမက ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်လာအောင်  ပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရပါသည်။
Continue Reading | comments

မောင်နှမ အချစ် (ရင်ကို စူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်)



ကျမမှာ ကျမထက် သုံးနှစ်ငယ်တဲ့ မောင်လေး တစ်ယောက် ရှိတယ်။ ကျွန်မဟာ ကိုယ့် ပတ်ဝန်းကျင်က မိန်းကလေးငယ်လေးတွေ အားလုံးလိုလိုမှာ ရှိကြတဲ့ လက်ကိုင်ပုဝါလေး တစ်ထည်ကို ဝယ်ချင်ခဲ့တယ်။ ဒါကြောင့်မို့ ကျမဟာ တစ်နေ့မှာတော့ ဖေဖေ့ စားပွဲအံဆွဲထဲက ငွေ ပြာငါးဆယ်ကို ခိုးယူမိပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက်သွားတာကို သိပါတယ်။ ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ သူ့လက်ထဲမှာလည်း ကြိမ်လုံးကို ကိုင်ထားတယ်။

“ဘယ်သူ ပိုက်ဆံ ခိုးသလဲ”လို့ သူက မေးပါတယ်။

ကျမလေ ကြက်သေသေသွားပြီး စကားပြောမထွက်အောင် ကြောက်ရွံ့နေပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဘယ်သူကမှ အပြစ်ကို ဝန်မခံကြပါဘူး။ ဒီတော့ ဖေဖေက
“ကောင်းပြီလေ။ ဘယ်သူမှ ဝန်မခံချင်ရင်တော့ နှစ်ယောက်လုံးကို ရိုက်ရမှာပေါ့”လို့ ပြောပြီး ကြိမ်လုံးကို မြှောက်လိုက်ပါတော့တယ်။

Continue Reading | comments (3)

ချစ်သူများနေ့တွင် အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား၍ နှစ်ကြိမ် မွေးဖွားခဲ့သူ အမျိုးသမီး


အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှ မိခင် တစ်ဦးသည် ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် ဟျူစတန် ဆေးရုံ၌ အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား ၍ နှစ်ကြိမ်တိုင်တိုင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူ ထရက်ဆာယွန် တာပိုသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး

၎င်း၏ ရင်သွေးငယ် များကို သီတင်းပတ် ၃၁ပတ် အကြာတွင် တက္ကဆက် ပြည်နယ် ဟျူစတန်မြို့ရှိ အမျိုးသမီး ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထရက်ဆာနှင့် မန်နျူရယ်လ် ယွန်တာဗိုတို့တွင် နှစ်နှစ်အရွယ် သားတစ်ဦး ရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် သားဖြစ်သူ အဖော် ရရန်အတွက် ရင်သွေးတစ်ဦး ထပ်မံ လိုချင် ခဲ့ကြေ ကြာင်း၊ ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၁ဝ ပတ် အကြာတွင် ဆရာဝန် ဖြစ်သူမှ သူမသည် ကလေးလေးဦးကို လွယ်ထားရကြောင်း၊ သို့ရာတွင် ကလေး လေးဦးသည် လေးမြွှာပူး မဟုတ် ဘဲ နှစ်မြွှာပူး နှစ်စုံ ဖြစ်သည်ဟု သူမတို့ထံ ပြောကြားခဲ့ကြောင်း ထရက်ဆာ က ပြောကြားခဲ့သည်။

Continue Reading | comments

ခရီးသည်များဘက်သို့ လက်ခလယ်ထောင်ကာ ဓာတ်ပုံရိုက်ခဲ့သူလေယာဉ်မယ် အလုပ်ဖြုတ်ခံရ

ရုရှားအခြေစိုက် နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အဲရိုးဖလုတ် လေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးသည် စီးနင်းလိုက် ပါလာသော လေယာဉ်စီး ခရီးသည်များဘက်သို့ လက်ခလယ်ထောင်ကာ ဓာတ်ပုံရိုက်ကူးပြီး အင်တာနက် စာမျက်နှာသို့ လွှင့်တင်ခဲ့သဖြင့် အရေးယူခြင်း ခံခဲ့ရကြောင်း သတင်းများ အရသိရသည်
Continue Reading | comments

လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်

ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ  တစ်မှုအား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
 
ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
 
(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦးလမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။ဟု ညောင်ဦး ရဲစခန်းစခန်းမှူးက ပြောသည်။
Continue Reading | comments

အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံး

 အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်း
မှာ အချိန်ပိုင်း ကောလိပ် ကျောင်းသား တဦးဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သေနတ်ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် သူကိုယ်တိုင်အပါအဝင် လူ ၄ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အောရိန့်ခ်ျကောင်တီ စီရင်စုက ဆက်ဒလ်ဘက်ခ် အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသား အလီဆယစ်ဒ်ဟာ အိမ်မှာလည်း အမျိုးသမီး ၁ ဦးကို သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ၂ ဦးကိုလည်း မော်တော်ကား ခိုးယူ လုယက်တဲ့ ဖြစ်စဉ်တွေမှာ သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဆယစ်ဒ်ဟာ သူ ကိုင်ဆောင် ပစ်ခတ်တဲ့ သေနတ်တိုကို သူ့အိမ်ကနေ ယူဆောင်လာတာဖြစ်ပြီး ခုလို ပစ်ခတ်မှု ဖြစ်သွားရတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
Continue Reading | comments

လည်နေသော တိုက်



ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တိုက်ဖြစ်ပါတယ်။

ယင်းတိုက်ဟာ ၁၁ ထပ်ရှိပြီး တစ်ထပ်စီ တစ်ထပ်စီဟာ ၃၆၀ ဒီဂရီ လည်ပတ်လို့ရပါတယ်။ အဲဒီလိုလည်ပတ်နိုင်အောင် စက်ခန်းတစ်ခုမှ ထိမ်းချုပ်ပေးထားမှာ ဖြစ်ပြီး တစ်ပတ်အပြည့် လည်ဖို့အတွက်

Continue Reading | comments

စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်းနှိုက်ယူခံရမှု ဖြစ်ပွား


           ပုဂံညောင်ဦးဒေသတွင် စက်ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြားသားများ၏ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသောပစ္စည်းများနှင့် ငွေများကို ဆိုင်ကယ်သမားတချို့က နှိုက်ယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံခြားသားများအား စက်ဘီးငှားသူတစ်ဦးက ပြောသည်။

တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲမေးတယ်။ သူ့ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ်သမားတစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာအကြီး တစ်လုံးရယ်၊ ဒေါ်လာရော၊ မြန်မာငွေရော အတော်များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာရီခန့်တွင် ညနေ နေဝင်ချိန်အလှကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန် ညောင်ဦးဘက်သို့ ပြန်အလာတွင် ဆိုင်ကယ်သမားမှ နှိုက်ယူထွက် ပြေးသွားခဲ့ကြောင်း၊

Continue Reading | comments

မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ

ချောရတနာက အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ပေ မယ့်လည်း အနုပညာနဲ့ အဆက် မပြတ် သွားအောင်တော့ လေ့လာဖြစ်နေပါ တယ်လို့ပြောပါတယ်။ “ချောက အခုဆိုအိမ်ထောင်ကျပြီး အနုပညာအလုပ်ကို သိပ်ပြီးမလုပ်ဖြစ်တော့ဘူး။ အိမ်မှာတော့ အားနေတဲ့အချိန်ဆိုရင် အခွေတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအစုံကြည့်တယ်။ စာအုပ်ဖတ်တယ်။ အပြင်လည်း သိပ်ပြီးတော့ အရင်ကတည်းကမထွက်ဖြစ်တော့ အိမ်မှာပဲစာဖတ်လိုက်၊ အခွေကြည့်လိုက်ပဲနေဖြစ်တယ်” လို့ အိမ်ထောင်ကျပြီး အနုပညာအလုပ် သိပ်မလုပ်ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုနဲ့ ညီမဖြစ်သူ သန္တာဗိုကိုလည်း အစ်မတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ အကြံဥာဏ်ပေးဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
Continue Reading | comments

မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ



သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သြစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ
Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။ အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို
လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။

Continue Reading | comments

Justin Bieber နှင့် သူ၏မိခင် Pattie Mallette ရုပ်သံတွေ့ဆုံခန်းတွင် ဂရမ်မီဆုရွေးချယ်ရေးအဖွဲ့ကို ဝေဖန်

               ဂရမ်မီဂီတထူးချွန်ဆုပေးပွဲတင်ဆက်သည့် Recording Academy သည် သားဖြစ်သူ Justin Bieber ကို ယခုနှစ် ဆင်ကာတင်စာရင်းတွင် ချန်လှပ်ထားခဲ့ခြင်းဖြင့် ပစ်ပယ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု  Justin Bieber  ၏ မိခင်ဖြစ်သူ Pattie Mallette က Fuse ရုပ်သံတွေ့ဆုံခန်းတွင်  ထုတ်ဖေါ်ပြောကြားလိုက်သည်။Pattie Mallette က "ကိုယ့်သားဖက်နည်းနည်းတော့လိုက်ပြောရမှာပေါ့ ။ သားက မကြာခင်ကဘဲ ရောင်းအားအကောင်းဆုံး နံပါတ် တစ် စွဲတဲ့ငါးခုမြောက်အယ်လ်ဘမ်ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့်သူ့ဂီတတွေက စကားပြောလာတာလို့ပဲယူဆပါတယ်" ဟု ဆိုသည်။
      ဂရမ်မီဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခြင်းမှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟု ဆိုသော်လည်း ထိုသော မပါဝင်ခြင်းကပင် နောက်ထပ် မျှော်မှန်းချက်တစ်ရပ်ကို ထပ်မံကြိုးပမ်းဆောင်ရွက်ရန်
Continue Reading | comments

‘မင်္ဂလာဦးည’မှသည် ‘ထာဝရအလင်းတန်းများ’ဆီ အနုပညာမှတ်တိုင်စိုက်ခဲ့သူ မော့စ်

ခေတ်ပြောင်းစနစ်ပြောင်းကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင်ကို အသက်ဆက်ပေးနိုင်ခဲ့သည့် မြန်မာ့ဗီဒီယိုလောကသမိုင်းကို ခြေရာပြန်ကောက်မည်ဆိုပါလျှင် ဟာသပညာရှင် မော့စ် ၏ စင်တင်ဟာသပြဇာတ်’မင်္ဂလာဦးည’ ဗီဒီယိုတိပ်ခွေကို ချန်လှပ်၍ ရမည်မထင်။
လူရွှင်တော်မော့စ်ကို သရုပ်ဆောင်ဘက်ကူးနိုင်ဖို့ အခွင့်အလမ်းပေးခဲ့သလို ပြည်သူလူထု ပရိသတ်အတွက်လည်း စိတ်ထွက်ပေါက်တစ်ခုအနေဖြင့် ကြည်နူးပျော်ရွှင် စေခဲ့သည့် အဆိုပါ ‘မင်္ဂလာဦးည’ဗီဒီယိုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုကျော်ကာလ မဟာရန်ကုန်စံပြသဘင်(ဦး)မိုးဝင်းဇာတ်သဘင် စင်မြင့်ပေါ်မှာရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်၏။ ‘မင်္ဂလာဦးည’ကို အောက်ပိုင်းပြက်လုံးတွေကြောင့် နှာခေါင်းရှုံ့ ခဲ့ကြသေးသော်လည်း မော့စ်ခေါင်းဆောင်သော ဇာတ်သဘင်ပညာရှင် လူရွှင်တော်များ ၏ မျက်ကွယ်ပြုမရနိုင်သော ဟာသအနုပညာကြောင့် အဆိုပါ တစ်ခန်းရပ် ဖျော်ဖြေမှုကဏ္ဍလေးသည် မမျှော်လင့်ဘဲ ပြည်သူလူထု ပရိသတ်ဘဝင်တွေ့စေခဲ့သည်။
ယခုတော့ အနုပညာအရည် အသွေး ပြည့်ဝသူ အကယ်ဒမီမော့စ်ကို ချစ်သူတို့ ဝမ်းနည်း မျက်ရည် ကျခဲ့ကြရပြီ…..
ကျော်ထူး
” ကိုမော့စ်တို့ဆိုတာ အရင်တုန်းက ‘မင်္ဂလာဦးည’ ဇာတ်ကားလေး ကလည်း တအားနာမည်ကြီးခဲ့တယ်။ သူတို့က ဇာတ်ညွှန်းလည်း အရေး ကောင်းပြီးသားဆိုတော့ တအား ကောင်းခဲ့တယ်။ ပြီးတော့ အရင်တုန်းက ဆိုနီ၊ မိုးကျော်၊ မေတ္တာ၊ ကွမ်းသီး၊ ကိုမော့စ်၊ ကိုမိုးဒီဆိုပြီး အတွဲတွေနဲ့
Continue Reading | comments

စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး

       ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက်မှု ကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံတွဲသည် ၎င်းတို့၏ ကမ္ဘာပတ် စက်ဘီးစီး ခရီးစဉ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ တစ်ဝန်း၊ အရှေ့ အလယ်ပိုင်း ဒေသနှင့် တရုတ် နိုင်ငံတို့ကို စက်ဘီးစီး၍ ဖြတ်ကျော် ခဲ့သည်။

ပီတာရုထ်တို့ စုံတွဲသည် ထိုင်းနိုင်ငံ အတွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် လမ်းတစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပစ်ကပ်ကား တစ်စီး၏ ဝင်တိုက်မှုကို ခံရပြီး အသက် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တယ်လီဂရပ် သတင်း ဌာန က ဖော်ပြခဲ့သည်။
Continue Reading | comments

ဦးခေါင်းပြတ် အမျိုးသမီးအမှု သံသယရှိသူတစ်ဦးကို စတင်စစ်ဆေးနေ

    ဖြူးမြို့နယ်အတွင်း ဦးခေါင်းပြတ်ကာ သေဆုံးနေသော အမျိုးသမီး အလောင်းမှုခင်းကိစ္စရပ်နှင့် ဆက်နွှယ် နေသည်ဟု သံသယရှိသူကို စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ချစ်သူများနေ့ဖြစ်သော ဖေဖော် ဝါရီ ၁၄ ရက် နံနက် ၉ နာရီ အချိန် ခန့်က ဖြူးမြို့နယ် သပြေလှကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း၌ ဦးခေါင်းမပါသည့် ရုပ်အလောင်းအား အိတ်ဖြင့်စွန့်ပစ်ထည့်ထားမှုကို သက် ဆိုင်ရာမှ တွေ့ရှိခဲ့သည့်အပေါ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''အဲဒီရွာကပါပဲ။ အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ဆေးနေပါတယ်။ သံသယရှိတဲ့ အတွက်ကြောင့်ပါ''ဟု ဒုတိယရဲမှူး ကြီးဝင်းစိန်က ပြောသည်။
Continue Reading | comments

ဂီတသမားများ စီးပွားပျက်နေကြသည်ဟု ဖိုးသောကြာဆို

ခိုးကူးခွေကြောင့် ဂီတလောကသမားများ အနေဖြင့် စီးပွားပျက်နေကြောင်းနှင့် အဆိုပါ ခိုးကူးခွေနှင့်
ပက်သက်ပြီး အစိုးရကိုယ်တိုင် ဖိဖိစီးစီး လုပ်ပေးမှရမည်ဟု သရုပ်ဆောင် အဆိုတော် ဖိုးသောကြာက
မြန်မာခေတ်သို့ ပြောကြားခဲ့သည်။

ယနေ့ခေတ် ဂီတလောကတွင် ဂီတသမားများအနေဖြင့် သီချင်းခွေများ ထုတ်လိုသော်လည်း
ခိုးကူးခွေ အမြစ်မပြတ်နိုင်၍ အများစုမှာ အခွေမထုတ်ရဲ ဖြစ်နေကြကြောင်း ဂီတ အသိုင်းအဝိုင်း
မှသိရသည်။

"ဂီတလောကကတော့ သူဟာနဲ့သူရှိနေတာပဲ။သူ့ဘာသာသူ စီးပွားပျက်နေတာတော့ ဘာမှမတတ်
နိုင်ဘူး။ ဘာမှမတတ်နိုင်ဘူးဆိုတာက အစိုးရကိုယ်တိုင်က ဖိဖိစီးစီး လုပ်ပေးမှ ရမယ့်ကိစ္စမျိုးတွေလည်းပါမယ်။အဲဒါကြောင့် ဘာမှမပြောချင်ဘူး။ ပြောတိုင်းလည်း ရမှမရတာ" ဟု ဖိုးသောကြာက ပြောကြားခဲ့သည်။

Continue Reading | comments

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။
Continue Reading | comments

မင်္ဂလာပွဲအတွက် ကြိုတင်စိတ်ကူးနဲ့ ဝိုင်းစုခိုင်သိန်း

သရုပ်ဆောင်အဆိုတော် ဝိုင်းစုခိုင်သိန်းက ဇန်နဝါရီ ၁၅ရက်နေ့မှာချစ်သူ ကိုဥက္ကာမြင့်ကြူနေထိုင်တဲ့ အမေရိကကို၁လကြာအလည်အပတ်သွားရောက်ခဲ့ရာမှဖေဖော်ဝါရီ၁၃ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အမေရိကကို ရောက်ရှိနေစဉ်အတွင်းမှာပဲ ဖေဖော် ဝါရီ ၁၂ရက်နေ့မှာတော့ အင်တာနက်ပေါ်မှာ ဝိုင်းစုခိုင်သိန်းတစ်ယောက် သူ့ချစ်သူနဲ့ အတူ မင်္ဂလာဦးဆွမ်းကျွေးလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဒီသတင်းကြောင့် ဝိုင်းစုခိုင်သိန်းကိုချစ်တဲ့ ပရိသတ်တွေကလည်း တအား စိတ်ဝင်စားခဲ့ကြပြီး ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာသတင်းမှန်ကန်မှုရှိ မရှိကို ဖေဖော်ဝါရီ၁၄ရက်နေ့က ကာယကံရှင် ဝိုင်းစုခိုင်သိန်းရဲ့နေအိမ် မှာ ပေါ်ပြူလာဂျာနယ်ကသွားရောက် တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။
မင်္ဂလာသတင်းဂယက်
 ” အမှန်တကယ်က အဲဒီအိမ်ကို ပြောင်းတာမကြာသေးဘူး။ သူတို့က ပွဲလုပ်နေကျလေ။ ဝိုင်းစုတို့ဒီက အနုပညာရှင်တွေအကုန်လုံးက အရင် အိမ်မှာပဲတည်းဖူးတယ်။ အခုအိမ် ပြောင်းတာကိုလည်း အကုန်လုံးသိတယ်။ ဝိုင်းစုပြန်လာတော့ ဘုန်းကြီး ဆွမ်းကပ်ပြီးတစ်ခါတည်း အိမ်တက် လုပ်လိုက်တာပါ။
Continue Reading | comments

သ၀န်တိုမှုကြောင့် သွေးစွန်းသွားသည့်ချစ်သူများနေ့

ချစ်သူရည်စား၏ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သောတန်ချိန်းချင်း(Tan Ching Chin) ၏မိသားစုဝင်များကိုတွေ့ဆုံမေးမြန်းရန် သတင်းထောက်များသည် ဆယ်ဘယ်ရန်ဂျာရာ(Seberang Jaya)ဆေးရုံရှိရင်ခွဲဆောင်တွင် စောင့်ဆိုင်းလျက်ရှိကြသည်။ . အခြားစုံတွဲများသည် ချစ်သူများနေ့အထိမ်း အမှတ်(Valentine’s Day)ချစ်ခြင်းပြယုဂ်အဖြစ်ပန်းစည်းနှင့်လက်ဆောင်များအပြန်အလှန်ပေးပို့နေ ကြစဉ် သ၀န်တိုမှုကြောင့် အထက်ပါစုံတွဲမှာ ယမန်နေ့တွင် အသက်သေဆုံးသည်အထိ ခိုက်ရန်ဖြစ်ပွား ခဲ့ကြသည်။ .

တမန်ဟွာဆင်(Taman Hwa Seng)ရှိ တိုက်ခန်း တစ်ခန်းအတွင်းတွင် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်၌အခင်းဖြစ်ပွားခဲ့သည်။ သေဆုံးသူတန်ချိန်းချင်း သည် ရေချိုးနေချိန်တွင် သူမ၏ချစ်သူရည်းစားအသက် ၃၁ နှစ်အရွယ်မှာ ရေချိုးခန်းအတွင်း ရုတ်တ ရက်ဝင်ခဲ့ကာ မီးဖိုချောင်ဓါးဖြင့်

Continue Reading | comments

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွား လုံခြုံရေး သုံးဦး သေဆုံး

မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီမြို့ လယ်ကောင်၌
ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပျော်တမ်း လုံခြုံရေး ဝန်ထမ်း သုံးဦး သေဆုံး ခဲ့ပြီး အရပ်သားများ အပါအဝင် ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက် ကွဲမှုသည် နရာသီဝပ် ပြည်နယ်ရှိ စစ်အခြေစိုက် စခန်း တစ်ခုအား လွန်ခဲ့သည့် သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သည့် အောင်မြင်မှု မရှိခဲ့သော တိုက်ခိုက်မှုနှင့် ဆက်စပ်လျက် ရှိကြောင်း နိုင်ငံ လုံခြုံရေး
ကောင်စီမှ အတွင်းရေး မှူးချုပ် ပါရာဒွန်ပတ် တနာသာအူ က ပြောကြားခဲ့သည်။

Continue Reading | comments
 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map