၂၀၁၁ အကယ်ဒမီကတော့ ညှို့ပဲညှို့လွန်းအားကြီးပါတယ်။
အခုထိ အဆုံးမသတ်နိုင်သေးတဲ့စကားသံတွေက ဖိတ်လျှံကျနေတုန်း။
သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီးဖြေရှင်းချက်တွေ ပေးခဲ့ရပြီးပါပြီ။ အခုတော့
စီစစ်အကဲဖြတ်ရေးအဖွဲ့ဝင်တွေခမျာလည်း ငြိမ်ငြိမ်မနေကြရတော့ပါဘူး။ သူတို့ ၂၄
ဦးစုပေါင်းပြီး ကြေညာချက်တစ်စောင်ထုတ်ပေးခဲ့ကြရရှာပါလေရော့လား။ တကယ်က
အကဲဖြတ်အဖွဲ့ကို လူပုဂ္ဂိုလ်ပေါင်း ၁၇ ဦးနှင့် အဆင့် ၃ ဆင့်
ပိုင်းခြားဖွဲ့စည်းခဲ့တာပါ။ တစ်ဆင့်စီမှာ လူပုဂ္ဂိုလ် ၈ ဦးစီနဲ့
ဖွဲ့စည်းခဲ့လို့ စုစုပေါင်းပါဝင်သူအရေအတွက်က ၂၄ ဦးအထိ
ရှိသွားခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ကြေငြာချက်မှာ
ပါဝင်တဲ့အခြေခံအချက်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်ရှိ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း စံချိန်စံနှုန်း မူဝါဒတွေနဲ့ စီစစ်ပြီး အကဲဖြတ်ခဲ့တယ်ဆိုတာပါပဲ။ ဘယ်လိုပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့သွေးဆောင်ဖြားယောင်းမှုကိုမှ ခံယူခြင်းမရှိပဲ သမာသမတ်နဲ့ အညီ ဓမ္မဓိဌာန်ကျကျအကဲဖြတ်ခဲ့တယ်ဆိုတာကလည်း သူတို့ရဲ့ခံဝန်ချက်တစ်ခုပါ။ အဲဒီမှာတင် ရုပ်ရှင်အစုအဖွဲ့က အကဲဖြတ်မှုနှင့် အမှန်တကယ် ဆုရရှိသွားသူတွေကြား ထပ်တူကျမှုပမာဏ ဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတာ ကိန်းဂဏာန်းတွေကိုကြည့်ပြီး သိရှိလာကြရတော့တာပါပဲ။ ဒါရိုက်တာဆု ၇၅%၊ ဇာတ်ညွှန်းဆု ၈၀.၅% ၊ အသံဆု ၁၀၀% ၊ တည်းဖြတ်ဆု ၈၇.၅% ၊ နောက်ခံတေးဂီတဆု ၆၂.၅%၊ အမျိုးသားဇာတ်ဆောင်ဆု ၅၀% ၊ အမျိုးသမီးဇာတ်ဆောင်ဆု ၇၅%၊ အမျိုးသားဇာတ်ပို့ဆု ၈၇.၅%၊ အမျိုးသမီးဇာတ်ပို့ဆု ၇၁.၄၃% ၊ ဓါတ်ပုံဆု ၈၇.၅%၊ ဇာတ်ကားဆု ၁၀၀% ဆိုတာတွေက ရုပ်ရှင်အတက်ပညာရှင် (၂၄)ဦးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါဝင်လာတဲ့ကိန်းဂဏန်းတွေပါ။ အဲဒီမှာတင် အားလုံးသူတစ်သွေးတစ်သံတည်း ဖြစ်ခဲ့တာက အသံဆုနဲ့ ဇာတ်ကားဆုသာ ရရှိခဲ့တယ်ဆိုတာ မြင်တွေ့လိုက်ကြရပါလေတော့တယ်။ ဒါပေမယ့် ကိုက်ညီခြင်းမရှိတဲ့ ရာနှုန်းတွေဆိုတာ တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် သက်ရောက်တာမျိုးမဟုတ်ပဲ တခြားရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဆီကိုလည်း ခွဲဝေသက်ရောက်နိုင်ခဲ့တဲ့အကြောင်း ရုပ်ရှင် အတက်ပညာရှင် (၂၄)ဦးက ရှင်းလင်းချက်ပေးသွားခဲ့တာပါ။ အတက်ပညာရှင် ၂၄ ဦးရဲ့သဘောထားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကြား ကိုက်ညီမှု ၅၀% သာ ရှိခဲ့တယ်ဆိုတာကတော့ တွေးဆကြည့်စရာပုစ္ဆာလေးတစ်ခုအဖြစ်သို့လောသို့ကျန်နေရစ်တုန်းပါပဲ။
Myanmar Daily News

0 comments:
Post a Comment