<div style='background-color: none transparent;'></div>

Home » » စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်းနှိုက်ယူခံရမှု ဖြစ်ပွား

စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်းနှိုက်ယူခံရမှု ဖြစ်ပွား


           ပုဂံညောင်ဦးဒေသတွင် စက်ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြားသားများ၏ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသောပစ္စည်းများနှင့် ငွေများကို ဆိုင်ကယ်သမားတချို့က နှိုက်ယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံခြားသားများအား စက်ဘီးငှားသူတစ်ဦးက ပြောသည်။

တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲမေးတယ်။ သူ့ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ်သမားတစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာအကြီး တစ်လုံးရယ်၊ ဒေါ်လာရော၊ မြန်မာငွေရော အတော်များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာရီခန့်တွင် ညနေ နေဝင်ချိန်အလှကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန် ညောင်ဦးဘက်သို့ ပြန်အလာတွင် ဆိုင်ကယ်သမားမှ နှိုက်ယူထွက် ပြေးသွားခဲ့ကြောင်း၊



သူမ၏ အိတ်အတွင်းမှ ကင်နွန်ကင်မရာအကြီး တစ်လုံး၊ အမေရိကန် ဒေါ်လာ သုံးရာ၊ မြန်မာငွေနှစ်သိန်းကျော်နှင့် ပတ်စ်ပို့၊ ဘဏ်ကတ် စသည်များပါ ဆုံးသွားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက်ကြီးအင်းရပ်ကွက်အနီးတွင် ဗြိတိန် အမျိုးသမီးတစ်ဦး သူမ၏ စက်ဘီးရှေ့ခြင်း အတွင်းမှ အိတ်အား ဆိုင်ကယ်သမားမှ နှိုက်ယူ ထွက်ပြေးခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ရာကျော်၊ ဟောင်ကောင်ဒေါ်လာ နှစ်ရာနှင့် ကင်မရာ တစ်လုံးဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်များ မတိုင်မီ ဝက်ကြီးအင်းရပ်အတွင်း ဂျာမန်အမျိုးသမီး တစ်ဦးကလည်း သူမ စက်ဘီး ရှေ့ခြင်းအတွင်းမှ အိတ်ကို ဆိုင်ကယ်သမားမှ နှိုက်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဂံသစ္စာ
 Popular  Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map