<div style='background-color: none transparent;'></div>

Home » » မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ

မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ

ချောရတနာက အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ပေ မယ့်လည်း အနုပညာနဲ့ အဆက် မပြတ် သွားအောင်တော့ လေ့လာဖြစ်နေပါ တယ်လို့ပြောပါတယ်။ “ချောက အခုဆိုအိမ်ထောင်ကျပြီး အနုပညာအလုပ်ကို သိပ်ပြီးမလုပ်ဖြစ်တော့ဘူး။ အိမ်မှာတော့ အားနေတဲ့အချိန်ဆိုရင် အခွေတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအစုံကြည့်တယ်။ စာအုပ်ဖတ်တယ်။ အပြင်လည်း သိပ်ပြီးတော့ အရင်ကတည်းကမထွက်ဖြစ်တော့ အိမ်မှာပဲစာဖတ်လိုက်၊ အခွေကြည့်လိုက်ပဲနေဖြစ်တယ်” လို့ အိမ်ထောင်ကျပြီး အနုပညာအလုပ် သိပ်မလုပ်ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုနဲ့ ညီမဖြစ်သူ သန္တာဗိုကိုလည်း အစ်မတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ အကြံဥာဏ်ပေးဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

“ချောရဲ့ညီမလေးနဲ့လည်း ချောက နေ့တိုင်းလို ဖုန်းပြောဖြစ်တယ်။ မပြောဖြစ်ရင် အပြင်မှာတွေ့ဖြစ်တယ်။တွေ့တဲ့အခါ သူ့ရဲ့အလုပ်နဲ့ ပတ်သက်တာတွေကိုပဲ ချောကိုပြောပြတယ်။ ချောက ပြောပေးနိုင်တာ၊ လုပ်ပေးနိုင်တာလေးတွေဆိုရင် သူ့ကို အကြံပေးဖြစ်တယ်။ သူ့ကို တအားချုပ်ချယ်တာတွေတော့ ချောမလုပ်ဘူး။ နောက်ပြီး ချောက သူ့ကို ဒါကိုဖြစ်အောင်လုပ်ရမယ်ဆိုပြီး ဘယ်တော့မှမပြောဘူး။ သူ့ ဘာသာသူ ပျော်သလိုကြိုးစားပြီး လုပ်နေတာကိုပဲ ဘေးကနေ ပံ့ပိုးဖြစ်တယ်”လို့ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျ ပြီးနောက်ပိုင်း အနုပညာ အလုပ်ကို  အရင်ကထက်စာရင် နည်းနည်းပါးပါးပဲလုပ်ဖြစ်တော့မှာဖြစ်ပြီး အိမ်ထောင်ရှင်ဖြစ်နေပြီဖြစ်တဲ့အတွက် မိခင် တစ်ယောက်လည်း ဖြစ်ခွင့်ရချင်နေပြီဖြစ်လို့ ခင်ပွန်းသည် နဲ့အတူ ရင်သွေးလေးယူဖို့ကိုလည်း စဉ်းစားနေသလို နှစ်ယောက်စလုံးကလည်း ကလေးလိုချင်နေပါပြီလို့ ပြောပါတယ်။
လွင်လွင်ထွန်း
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map