<div style='background-color: none transparent;'></div>

Home » » သ၀န်တိုမှုကြောင့် သွေးစွန်းသွားသည့်ချစ်သူများနေ့

သ၀န်တိုမှုကြောင့် သွေးစွန်းသွားသည့်ချစ်သူများနေ့

ချစ်သူရည်စား၏ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သောတန်ချိန်းချင်း(Tan Ching Chin) ၏မိသားစုဝင်များကိုတွေ့ဆုံမေးမြန်းရန် သတင်းထောက်များသည် ဆယ်ဘယ်ရန်ဂျာရာ(Seberang Jaya)ဆေးရုံရှိရင်ခွဲဆောင်တွင် စောင့်ဆိုင်းလျက်ရှိကြသည်။ . အခြားစုံတွဲများသည် ချစ်သူများနေ့အထိမ်း အမှတ်(Valentine’s Day)ချစ်ခြင်းပြယုဂ်အဖြစ်ပန်းစည်းနှင့်လက်ဆောင်များအပြန်အလှန်ပေးပို့နေ ကြစဉ် သ၀န်တိုမှုကြောင့် အထက်ပါစုံတွဲမှာ ယမန်နေ့တွင် အသက်သေဆုံးသည်အထိ ခိုက်ရန်ဖြစ်ပွား ခဲ့ကြသည်။ .

တမန်ဟွာဆင်(Taman Hwa Seng)ရှိ တိုက်ခန်း တစ်ခန်းအတွင်းတွင် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်၌အခင်းဖြစ်ပွားခဲ့သည်။ သေဆုံးသူတန်ချိန်းချင်း သည် ရေချိုးနေချိန်တွင် သူမ၏ချစ်သူရည်းစားအသက် ၃၁ နှစ်အရွယ်မှာ ရေချိုးခန်းအတွင်း ရုတ်တ ရက်ဝင်ခဲ့ကာ မီးဖိုချောင်ဓါးဖြင့်

သူမကိုမသေမချင်းခုတ်ခဲ့သည်ဟု ယုံကြည်ရသည်။ ချစ်မကောင်မလေး အား အသက်သေဆုံးသည်အထိ ခုတ်ထစ်ခဲ့ပြီးနောက် ချစ်သူရည်စားသည် သူ့ကိုယ်သူ ဓါးဖြင့် ဆက် လက်ထိုးနှက်ခဲ့သည်။ ၄င်းသည် ဖမ်းဆီးအရေးယူခံရပြီး ဘူကစ်မယ်တာဂျမ်ဆေးရုံ(Bukit Mertajam Hospital)တွင် စိုးရိမ်ရသည့်အခြေအနေဖြင့် ကုသမှုခံရလျက်ရှိသည်။ တန်သည် ၀မ်းဗိုက်တွင် ၃ ချက်တိတိဓါးထိုးခံရကာ သွေးလွန်မှုကြောင့် မကြာမီတွင် သေဆုံးသွားခဲ့သည်ဟု ပီနန် စီအိုင်ဒီချုပ်မတ်ဇ်လန်ကီဆာ(Mazlan Kesah)က အတည်ပြုပြောကြားခဲ့သည်။

. ၅ ရက်ခန့်အတူနေထိုင်ခဲ့သည့်စုံတွဲသည် ကြာခဏအငြင်းပွားလေ့ရှိသည်ဟု သိရသည်။ အခြားအမျိုးသားတစ်ဦးထံမှ ဖုန်းလက်ခံဖြေကြားခဲ့သောကြောင့် ချစ်သူရည်စားအကြား တွင် အငြင်းပွားမှုအရှိန်မြင့်တက်ခဲ့သည်။ သေဆုံးသူ၏ရည်းစားဖြစ်သောသံသယရှိသူသည် သေဆုံးသူ နှင့် ၆ လခန့်ချစ်ကြိုက်ခဲ့ကြပြီး၊ သ၀န်တိုမှုကြောင့် ချစ်ဇာတ်လမ်းအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။
‘သေဆုံးသူရဲ့ရည်းစားက ပယ်ရပ်(Perak)ကပါ။ တရုတ်နှစ်သစ်ကူးမှာ သူမဆီ ကိုအလည်လာရင်း တည်းတယ်။ အခင်းဖြစ်တဲ့အချိန်မှာ ကောင်မလေးရဲ့မိသားစုဝင်တစ်ယောက်မှမရှိ ဘူး။ အိမ်ဖော်တစ်ယောက်ပဲ ရှိခဲ့တယ်’ဟု ရဲချုပ်မတ်ဇ်လန်က ရှင်းပြသည်။

သေဆုံးသူတန့်အစ်ကို၏ကုမ္ပဏီနှင့်လက်တွဲအလုပ် လုပ်နေသောသံသယရှိသူကို ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဆယ်ဘယ်ရန်ဂျာ ရာတွင် ရင်ခွဲစစ်ဆေးရန် အလောင်းကိုပို့ထားသည်။
 myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map