<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့ အကြာဆုံး အနမ်းပြိုင်ပွဲ

ကမ္ဘာ့ အကြာဆုံး အနမ်းပြိုင်ပွဲ

ဖေဖောဝါရီလ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာ့အကြာဆုံး အနမ်းပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ စတင်ကျင်း ပခဲ့ပြီး နိုင်ငံပေါင်းစုံမှ စုံတွဲများ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ ကြသည်။ အဆိုပါပွဲတွင် ထိုင်းစုံတွဲ တစ်တွဲဖြစ်သည့် ဆေးရုံလုံခြုံရေး ၀န်းထမ်း အီကာချီ သီရာနာရက် နှင့်ဇနီးဖြစ်သူ လာစ်ဆာနာတို့သည် ၅၈ နာရီ ၃၅ မီးနစ်၅၈ စက္ကန့်ဖြစ် ကမ္ဘာ့အကြာဆုံး နမ်းသည့်
စုံတွဲအဖြစ် စံချိန်တင် သွားခဲ့သည်။ ၄င်းသည် ရေသောက်ချိန်မှအပ အပေါ့အပါး သွားချိန်များ အပါ အ၀င် တစ်ချိန်လုံး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်း ရူပ်ထား ခဲ့ရသည်။ ၄င်းတို့သည် နှစ်ရက်ခွဲကြာ အိပ်စက်အနား ယူရခြင်း မရှိသောကြောင့် အားနည်း နေပြီ ဆေးကုသမှုများ လုပ်ဆောင်ပေး ရကြောင်း ထိုပြိုင်ပွဲ၏ ဒုတိယ ဥက္ကဋ္ဌ ဆွမ်ပရွန်နာ ခက်ဆူသောင် က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုစုံတွဲအား အမေရိကန်ဒေါ်လာ ၃၃၀၀ နှင့် စိန်လက် စွပ် နှစ်ကွင်းဆုချီးမြှင့် သွားမည်ဖြစ် ကြောင်းသိရ သည်.။
ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map