<div style='background-color: none transparent;'></div>

Home » » ဦးခေါင်းပြတ် အမျိုးသမီးအမှု သံသယရှိသူတစ်ဦးကို စတင်စစ်ဆေးနေ

ဦးခေါင်းပြတ် အမျိုးသမီးအမှု သံသယရှိသူတစ်ဦးကို စတင်စစ်ဆေးနေ

    ဖြူးမြို့နယ်အတွင်း ဦးခေါင်းပြတ်ကာ သေဆုံးနေသော အမျိုးသမီး အလောင်းမှုခင်းကိစ္စရပ်နှင့် ဆက်နွှယ် နေသည်ဟု သံသယရှိသူကို စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ချစ်သူများနေ့ဖြစ်သော ဖေဖော် ဝါရီ ၁၄ ရက် နံနက် ၉ နာရီ အချိန် ခန့်က ဖြူးမြို့နယ် သပြေလှကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း၌ ဦးခေါင်းမပါသည့် ရုပ်အလောင်းအား အိတ်ဖြင့်စွန့်ပစ်ထည့်ထားမှုကို သက် ဆိုင်ရာမှ တွေ့ရှိခဲ့သည့်အပေါ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''အဲဒီရွာကပါပဲ။ အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ဆေးနေပါတယ်။ သံသယရှိတဲ့ အတွက်ကြောင့်ပါ''ဟု ဒုတိယရဲမှူး ကြီးဝင်းစိန်က ပြောသည်။


အဆိုပါ မှုခင်းဖြစ်စဉ်ကို ဖြူးမြို့ နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ နှင့်အမှုဖွင့်ထားပြီး အမျိုး သမီး ဦးခေါင်းဖြတ်အသတ်ခံရမှုကို ဗဟိုမှုခင်းတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ တစ်ဖွဲ့ဖွဲ့ကာ ကိုင်တွယ်မည်ဟု သိရ သည်။

ဒုတိယရဲမှူးကြီး ဝင်းစိန်က ''ရဲ မှူးချုပ်ကိုယ်တိုင် ကွပ်ကဲပါမယ်။ အဖွဲ့ဝင်တွေအဖြစ် ရဲမှူးကြီး၊ ဒုရဲ မှူးကြီးတွေနဲ့ ရဲမှူးတွေ ပါဝင်ပါ မယ်''ဟု ပြောသည်။

လက်ရှိတွင် သံသယရှိသူအား စစ်ဆေးနေခြင်း ဖြစ်စဉ်ကို ထောက် လှမ်းစုံစမ်းခြင်းများ ပြုလုပ်နေကာ တရားခံဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်း နေသည်ဟုရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းအရ ဒီဇင်ဘာလတွင် မြန်မာတစ်နိုင်ငံ လုံး၌ လူသတ်မှု ၁ဝ၈ မှု၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် လူသတ်မှု ၉၉ ခု ဖြစ်ပွားခဲ့သည်။

Popular Myanmar News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map