<div style='background-color: none transparent;'></div>

Home » » ဂီတသမားများ စီးပွားပျက်နေကြသည်ဟု ဖိုးသောကြာဆို

ဂီတသမားများ စီးပွားပျက်နေကြသည်ဟု ဖိုးသောကြာဆို

ခိုးကူးခွေကြောင့် ဂီတလောကသမားများ အနေဖြင့် စီးပွားပျက်နေကြောင်းနှင့် အဆိုပါ ခိုးကူးခွေနှင့်
ပက်သက်ပြီး အစိုးရကိုယ်တိုင် ဖိဖိစီးစီး လုပ်ပေးမှရမည်ဟု သရုပ်ဆောင် အဆိုတော် ဖိုးသောကြာက
မြန်မာခေတ်သို့ ပြောကြားခဲ့သည်။

ယနေ့ခေတ် ဂီတလောကတွင် ဂီတသမားများအနေဖြင့် သီချင်းခွေများ ထုတ်လိုသော်လည်း
ခိုးကူးခွေ အမြစ်မပြတ်နိုင်၍ အများစုမှာ အခွေမထုတ်ရဲ ဖြစ်နေကြကြောင်း ဂီတ အသိုင်းအဝိုင်း
မှသိရသည်။

"ဂီတလောကကတော့ သူဟာနဲ့သူရှိနေတာပဲ။သူ့ဘာသာသူ စီးပွားပျက်နေတာတော့ ဘာမှမတတ်
နိုင်ဘူး။ ဘာမှမတတ်နိုင်ဘူးဆိုတာက အစိုးရကိုယ်တိုင်က ဖိဖိစီးစီး လုပ်ပေးမှ ရမယ့်ကိစ္စမျိုးတွေလည်းပါမယ်။အဲဒါကြောင့် ဘာမှမပြောချင်ဘူး။ ပြောတိုင်းလည်း ရမှမရတာ" ဟု ဖိုးသောကြာက ပြောကြားခဲ့သည်။



"ကျွန်တော်လည်း လူငယ်တစ်ယောက်ပဲ။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာသံကိုလည်း
ထောင်တယ်၊ ဒီဘက်က ခေတ်သီချင်းတွေကိုလည်းအကုန်လိုလို နားထောင်တယ်။ ကျွန်တော့်အကြိုက်
အဆိုတော်ကို ပြောပြပါဆို ကျွန်တော် ကိုလေးဖြူကို
ကြိုက်တယ်။ ဒါပေမယ့် လူငယ်တွေကမြန်မာသံစဉ်ကိုစိတ်မဝင်စားတော့တာ မဟုတ်ပါဘူး။ လူစိတ်ဝင်စားနိုင်အောင်လုပ်တဲ့ဟာလေးတွေအားနည်းနေလို့ပါ။ မြန်မာနိုင်ငံမှာ
နေနေတဲ့အတွက် မြန်မာသံစဉ် ဘယ်လိုမှ ပျောက်သွားမှာမဟုတ်ပါဘူး'ဟု အဆိုရှင်များ မြန်မာသံစဉ်ပေါ် အာရုံစိုက်မှု နည်းလာသည်နှင့် ပတ်သက်၍ ၄င်း၏ အမြင်ကို
ပြောကြားသည်။

မြန်မာသံစဉ် လုပ်သည့် ကုန်ကျစရိတ်နှင့် ခေတ်ပေါ် သီချင်း ကုန်ကျစရိတ်မှာ ညီမျှနေကြောင်းသိရပြီး ပြန်လည် မြတ်စွန်းမှုမှာ ကွာခြားကြောင်း၊ ခေတ်ပေါ် သံစဉ်များသည် စီးပွား ရေးဈေးကွက်
တွင် ထွင်ကျယ်ကြောင်းနှင့် နံမည်ကြီးရန် လျင်မြန် လွယ်ကူသည့်
အတွက် မြန်မာ သံစဉ်အပေါ်အာရုံစိုက်မှု အားနည်းလာခြင်းဖြစ်
ကြောင်း ထပ်မံပြောကြားခဲ့သည်။

အိအိ
 myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map