DVD ကားမရိုက်ရ တော့ဘူးဆိုတာ သင်ဇာ့ရဲ့အမြင် ပြောရရင် ကောင်းပါတယ်။
ဗီဒီယိုဆိုရင်လည်း ဗီဒီယိုနဲ့ တူအောင် ရိုက်ကြတယ်။ ရုပ်ရှင်ဆိုရင်လည်း
ရုပ်ရှင်နဲ့ တူအောင် ရိုက်ကြတယ်။ DVD ဆိုတာကျတော့ ဒီယိုနဲ့ ရုပ်ရှင်ကြားမှာ
အလယ်အလတ်ကြီး ဖြစ်နေတာပေါ့။ အရင်က သင်ဇာတို့ဆိုရင်လည်း ဗီဒီယိုပါ
ဆိုပြီးတော DVD ဆိုပြီး ပြောင်းလိုက်တဲ့ကား တွေလည်းရှိတယ်။
သင်ဇာကတော့ အဲဒါနဲ့ပတ် သက်ပြီး ဘာမှမပြောတော့ ပါဘူး။ သင်ဇာ့ဆီမှာ ကားကြီးရိုက်ထား တောကတော့ လောလောဆယ် မရှိသေးဘူး။ ရုံမတင်ရ သေးတဲ့ကား ကြီးတွေတော့ ရှိပါတယ်။ အဲဒီကားကြီး တွေအတွက် ရင်ခုန်မှုက တစ်ခါတလေ ကိုယ်က ငါဒီလောက်လုပ် လိုက်မယ်လို့ လုပ်ထားပေမယ့် ပရိသတ်နဲ့ ထပ်တူမ ကျတာ တွေလည်းရှိပါတယ်။ တစ်ခါတလေ ဘာမှမ ဟုတ်ပေမယ့်လည်း ပရိသတ်က ကြိုက်ချင်ကြိုက် သွားတာပဲလေ။ အခုဗီဒီယိုတစ်လ သုံးကားရိုက်လာ တော့ ကားကြီးမှာ ဘယ်လိုရိုက်လာ မလဲဆိုတာတော့ သင်ဇာလည်း ရိုက်ကြည့်ပြီးမှ သိမှာလေ။
အခုလော လာဆယ် ကားကြီးမရိုက်ရ သေးတော့ ကြိုပြီးပြောလို့ တော့မရ သေးဘူးပေါ့။ မှော်ဝင်ကျားသစ် တုန်းက ကျားသစ် တစ်ကောင်လို ထူးထူးဆန်းဆန်း သရုပ် ဆောင်ရ တာဆိုတော့ အရမ်းကြောက်တယ်။ အဲဒါရိုက်တုန်းက ပင်လည်းပင်ပန်း တယ်။ အဲဒီလိုကာ ရိုက်တာအသစ် တွေရိုက်ဖို့ ရှိလားဆိုတာက ကြိုပြီး ပြောလို့တော့ လောလောဆယ်မသိ သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်ဇာတို့က ဇာတ်ညွှန်းကိုမရိုက် ခင်နှစ်ရက်၊ သုံးရက်လောက်မှရ တာဆိုတော့ ဘာတွေရိုက်ဖို့ရှိလဲ ဆိုပြီး ကြိုပြီးတော့ မသိရဘူး။
yoyarlay

0 comments:
Post a Comment