<div style='background-color: none transparent;'></div>

Home » » သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက်

သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက်

 ဆေးရုံတစ်ရုံ၊ အလွှာတစ်ခု၊ လူနာအခန်း တစ်ခန်းက ကုတင်တစ်ခု မှာပါ။ လာလာကြည့်လိုက်တိုင်း လူနာတွေက သေနေပါတယ်။ ပြန်လည် စစ်ဆေး ချက်များအရ နေ့စဉ် ညနေ ၃ နာရီရောက်တိုင်း ကွယ်လွန် သွားခဲ့ကြ တာ ဖြစ်ပါတယ်။

တစ်ခါတည်းတောင် မဟုတ်ပဲ။ လူနာ တစ်ယောက်တည်းလည်း မဟုတ်၊ တစ်ရက်လာတည်းတဲ့ လူနာလည်းသေ၊ နောက်နေ့လာတည်းလည်း သေ၊ လနဲ့ချီပြီး သေနေတော့ ဆရာဝန်တွေရော၊ သူနာပြုတွေရော ကြောက်နေ ပါပြီ။ ယင်း ကုတင်မှာ သိုက်တစ်ခုခုသို့မဟုတ်၊ နတ်ဆိုးတွေ ဝင်စီးနေ တယ်လို့တောင် ထင်လာတယ်။ ဒါကြောင့် နောက်ဆုံး မှာ ကမ္ဘာ့အတော်ဆုံး ပညာရှင်တွေ၊ အောက်လမ်း၊အထက်လမ်း ဆရာတွေ ခေါ်လို့ ညနေ ၃ နာရီ အချိန်မှာ စုစည်းပါတယ်။



ကုတင်ကို အားလုံးဝိုင်းကြည့်နေကြပါတယ်။ မကြာပါဘူး။ ၃ နာရီ ကျော်ကျော် လေးမှာပဲ လူနာခန်းရှေ့  စင်္ကြံ တံမြက်စည်းလှည်းတဲ့ သန့်ရှင်းရေးသမားတစ်ယောက် အခန်းဝမှာ ရှိတဲ့ ပလက်ပေါက်က ကြိုး ကို ဖြုတ်လို့ သူ့ဖုန်းအားသွင်းပြီး ထားခဲ့ပါတယ်။ နာရီဝက်လောက်ပဲ အား သွင်းပြီး သူ့ဖုန်း ပြန်ပြန်လာယူနေကျ ဖြစ်ပါတယ်။

သူဖြုတ်လိုက်တဲ့ ကြိုးက ကုတင်ပေါ်က အရေးပေါ်လူနာအတိုင်းအတွက် မတပ်မနေ တပ်ရတဲ့ အောက်ဆီဂျင်လေအိုး နဲ့ အခြား စက်ပစ္စည်းအားလုံးနဲ့ ပင်မ Source ဖြစ်ပါတယ်။
---
---
သင်ခန်းစာ - ဘာပဲလုပ်လုပ် ကြောင်းကျိုးစစ်ဆေး ပြီးမှ လုပ်ပါ။ မိမိတစ်ယောက် ကောင်းဖို့အတွက် သူတစ်ပါးအား မထိခိုက်ပါစေနှင့်။

-
Aung Kham (TSJ team)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map