<div style='background-color: none transparent;'></div>

Home » » အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံး

အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံး

 အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်း
မှာ အချိန်ပိုင်း ကောလိပ် ကျောင်းသား တဦးဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သေနတ်ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် သူကိုယ်တိုင်အပါအဝင် လူ ၄ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အောရိန့်ခ်ျကောင်တီ စီရင်စုက ဆက်ဒလ်ဘက်ခ် အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသား အလီဆယစ်ဒ်ဟာ အိမ်မှာလည်း အမျိုးသမီး ၁ ဦးကို သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ၂ ဦးကိုလည်း မော်တော်ကား ခိုးယူ လုယက်တဲ့ ဖြစ်စဉ်တွေမှာ သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဆယစ်ဒ်ဟာ သူ ကိုင်ဆောင် ပစ်ခတ်တဲ့ သေနတ်တိုကို သူ့အိမ်ကနေ ယူဆောင်လာတာဖြစ်ပြီး ခုလို ပစ်ခတ်မှု ဖြစ်သွားရတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့လို့ လာဒီရာရန့်ခ်ျရှိ ဆယစ်ဒ်ရဲ့ နေအိမ်ဆီ ရောက်သွားရာမှာ အသက် ၂၀ လောက်ရှိတဲ့ အမျိုးသမီးတဦး သေနတ်ပစ်သတ်ခံထားရတာကို အာဏာပိုင်တွေ တွေ့ရှိခဲ့ရပြီး ဆယစ်ဒ်နဲ့ အဲဒီအမျိုးသမီးကြားက ဆက်ဆံရေးကို စုံစမ်းနေဆဲဖြစ်တယ်လို့ အဲဒီနယ်မြေ အုပ်ချုပ်ရေးဌာန ပြောခွင့်ရ ဂျင်မ် အာမော်မီနိုက ပြောပါတယ်။

သေနတ်သမား ဆယစ်ဒ်ဟာ ကားလုယက်မောင်းပြေးမှုကို ၂ ကြိမ် ထပ်ကျူးလွန်ခဲ့ပြီး အဲဒီကားမောင်းပြေးမှုမှာ နောက်ထပ် လူ ၂ ဦးလည်း သေဆုံးသွား ရခဲ့ပါတယ်။ ထပ်စတင်၊ ဆန်တာအန်နာ မြို့တွေကနေ ကားမောင်းပြေးလာတဲ့ ဆယစ်ဒ်ကို ဗီလာပါ့ခ်အနီးက မြို့မှာ အာဏာပိုင်တွေက ခိုးလာတဲ့ကားထဲကနေ ဆွဲထုတ်လိုက်ချိန်မှာတော့ သေနတ်သမားဟာ သူ့ရဲ့သေနတ်တိုနဲ့ သူ့ကိုယ်သူ ပစ်သတ်လိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

DVB
 myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map