<div style='background-color: none transparent;'></div>

Home » » လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်

လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်

ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ  တစ်မှုအား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
 
ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
 
(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦးလမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။ဟု ညောင်ဦး ရဲစခန်းစခန်းမှူးက ပြောသည်။
 
ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နှင့် Mrs.Coytbsarah တို့နှစ်ဦးတို့မှာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
 “ကျွန်မတို့က မြန်မာနိုင်ငံကိုလာတာ အခုအကြိမ်က ပထမဦးဆုံးအကြိမ်ပါ။ ကျွန်မတို့စက်ဘီးစီး နေတဲ့အချိန်မှာ အနောက်က   နေလိုက်ပြီးတော့ဆိုင်ကယ်နဲ့လူနှစ်ဦးက ခြင်းထဲက အိတ်ကို နှိုက်သွားတာ။ ကျွန်မတို့ကိုပြစ်မှုကျူး လွန်တဲ့သူတွေ ဖမ်းမိသွားပြီလို့ ပြောတော့ အံ့သြသွားတယ်။ အရမ်းဝမ်းသာလို့ မျက်ရည်တောင်ကျမိတယ်။ ဟု Mrs.Rahwinder Rettura ကပြောသည်။
         ယခုလိုနိုင်ငံခြားသားထံမှ ပစ္စည်းအလုခံရမှုနှင့်ပတ်သက်ပြီး လာရောက်လည်ပတ်သော ဧည့်သည်များအား မိမိတို့ပစ္စည်းများ အားလုံခြုံစိတ်ချသော နေရာ၌သာ အပ်နှံထားကြရန် Mrs.Rahwinder Rettura အကြံပြုပြောကြားခဲ့သည်။
 
အခုလာရောက်လည်ပတ်တဲ့သူတွေကိုပြောချင်တာက အပြင်တွေ ဘာတွေသွားမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေဖြစ်တဲ့ ဟိုတယ်အခန်းတို့၊ ဧည့်ကြိုကောင်တာတို့မှာ အပ်နှံထားခဲ့သင့်တယ်။ဟု Mrs.Rahwinder Rettura က အကြံပြု ပြောကြားသည်။
 
ပုဂံ-ညောင်ဦးဒေသခံတစ်ဦးဖြစ်သူကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ၄င်း၏ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။
 
ပုဂံ-ညောင်ဦးမှာ ဒီလိုလုတယ်ဆိုတာ မကြားဖူးဘူး။ အခုအဒေါ့်အသက်က (၄၀) ကျော်နေပြီး။ ဒီလိုကိစ္စတွေ ဖြစ်ဖူးတယ်ဆိုတာ လုံးဝကိုမကြားဖူးတာ။ အခုမှ ဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ ကြားဖူးတာ။ ဟု ဒေသခံတစ်ဦးက ပြောသည်။
 
အလုခံရသူများ၏ပစ္စည်းများအား ညောင်ဦးရဲစခန်းမှပြန်လည်ရှာဖွေကာ သက်သေများရှေ့မှောက်၌ ညောင်ဦးမြို့နယ် မှူးနှင့်ညောင်ဦးရဲစခန်းစခန်းမှူးတို့မှ အလုခံရသူများအား ပြန်လည်ပေးအပ်ခဲ့သည်။
 ထက်အောင်ခန့် (မြစ်မခ)Myit Makha Mediagroup
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map