ရုရှားအခြေစိုက် နိုင်ငံတကာ
လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အဲရိုးဖလုတ် လေကြောင်းလိုင်းမှ
လေယာဉ်မယ်တစ်ဦးသည် စီးနင်းလိုက် ပါလာသော လေယာဉ်စီး ခရီးသည်များဘက်သို့
လက်ခလယ်ထောင်ကာ ဓာတ်ပုံရိုက်ကူးပြီး အင်တာနက် စာမျက်နှာသို့
လွှင့်တင်ခဲ့သဖြင့် အရေးယူခြင်း ခံခဲ့ရကြောင်း သတင်းများ အရသိရသည်
။ တာတီယာနာ ကိုဇန်လန်ကို အမည်ရှိ ယင်းလေယာဉ်မယ်သည် အလှဓာတ်ပုံများ မကြာခဏရိုက်ကူးပြီး Facebook ကွန်ရက်ကဲ့သို့ ရုရှားနိုင်ငံ၌ ထင်ရှားသည့် ဗာကွန်တက်ကလီ Websiteပေါ်တွင် လွှင့်တင်ခဲ့သည်။ လေကြောင်းခရီးတွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအပေါ် ရိုင်းပျသည့် အပြုအမူပုံစံဖြစ်သော ယင်းဓာတ်ပုံနှင့် ပတ်သက်၍ အဲရိုးဖလုတ် လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ခရီးသည်များကို တောင်းပန် ပြောကြားခဲ့ပြီး ကိုဇန်လန်ကိုအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ပြည်မြန်မာ

0 comments:
Post a Comment