<div style='background-color: none transparent;'></div>

Home » » ချစ်သူများနေ့တွင် အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား၍ နှစ်ကြိမ် မွေးဖွားခဲ့သူ အမျိုးသမီး

ချစ်သူများနေ့တွင် အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား၍ နှစ်ကြိမ် မွေးဖွားခဲ့သူ အမျိုးသမီး


အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှ မိခင် တစ်ဦးသည် ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် ဟျူစတန် ဆေးရုံ၌ အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား ၍ နှစ်ကြိမ်တိုင်တိုင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူ ထရက်ဆာယွန် တာပိုသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး

၎င်း၏ ရင်သွေးငယ် များကို သီတင်းပတ် ၃၁ပတ် အကြာတွင် တက္ကဆက် ပြည်နယ် ဟျူစတန်မြို့ရှိ အမျိုးသမီး ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထရက်ဆာနှင့် မန်နျူရယ်လ် ယွန်တာဗိုတို့တွင် နှစ်နှစ်အရွယ် သားတစ်ဦး ရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် သားဖြစ်သူ အဖော် ရရန်အတွက် ရင်သွေးတစ်ဦး ထပ်မံ လိုချင် ခဲ့ကြေ ကြာင်း၊ ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၁ဝ ပတ် အကြာတွင် ဆရာဝန် ဖြစ်သူမှ သူမသည် ကလေးလေးဦးကို လွယ်ထားရကြောင်း၊ သို့ရာတွင် ကလေး လေးဦးသည် လေးမြွှာပူး မဟုတ် ဘဲ နှစ်မြွှာပူး နှစ်စုံ ဖြစ်သည်ဟု သူမတို့ထံ ပြောကြားခဲ့ကြောင်း ထရက်ဆာ က ပြောကြားခဲ့သည်။



ခွဲ၍မရအောင် တူသည့် အမြွှာ နှစ်စုံကို မွေးဖွားခြင်းသည် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ သန်း ၇ဝ ၌ တစ်ဦး တွင်သာ ဖြစ်ပွားတတ်သည့် အခြေအနေ ဖြစ်ကြောင်းနှင့် အမြွှာပူး နှစ်စုံသည် အချင်း တစ်ခုစီဖြင့် မွေးဖွား ခဲ့ကြောင်း ဆရာဝန်များက ပြောကြားသည်။ ကလေးများ အနက် Ace နှင့် Blaine ကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီ ၅၁ မိနစ်တွင် မွေးဖွားခဲ့ပြီး ၃ ပေါင် ၁ဝ အောင်စနှင့် ၃ ပေါင် ၁၅ အောင်စ အသီးသီး ရှိကြ သည်။ တစ်မိနစ်ခန့် အကြာတွင် Cash နှင့် Dylan တို့ကို မွေးဖွားခဲ့ပြီး အလေးချိန် နှစ်ပေါင် ၁၅ အောင်စနှင့် ၃ ပေါင် ၆ အောင်စတို့ ဖြစ်ပြီး ကလေးလေးဦး စလုံးမှာ ခွဲ၍မရအောင် ဆင်တူကြောင်း သိရသည်။ မိမိတို့ အနေဖြင့် ကလေးငယ်များကို A, B, C, D ဖြင့် မှတ်ထားကြောင်း၊ ကလေး တစ်ဦးကို ရရန် ကြိုးစား ခဲ့သော်လည်း လုံးဝ မမျှော်လင့်ဘဲ ကလေးလေးဦးကို မွေးဖွား ခဲ့ကြောင်းနှင့် သမီးလေး တစ်ဦးကို ထပ်မံ၍ အလို ရှိသေးကြောင်း ထရက်ဆာက ပြောကြားခဲ့သည်။

မြ၀တီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map