<div style='background-color: none transparent;'></div>

Home » » ဆယ်တန်းကျောင်းသူကို ရိုက်မိသဖြင့် ဟင်္သာတမှ ကျောင်းအုပ်ဆရာမကြီး ရဲစခန်းတွင် အမှုဖွင့်ခံရ

ဆယ်တန်းကျောင်းသူကို ရိုက်မိသဖြင့် ဟင်္သာတမှ ကျောင်းအုပ်ဆရာမကြီး ရဲစခန်းတွင် အမှုဖွင့်ခံရ

 ဟင်္သာတမြို့နယ် အ.ထ.က(ဒူးယား)မှ ဆယ်တန်းကျောင်းသူ မခင်သူဇာမွန်ကို ကျောင်းအုပ်ဆရာမကြီးမှ ရိုက်သဖြင့် ကျောင်းအုပ်ဆရာမကြီးကို ရဲစခန်းတွင် အမှုဖွင့်တရားစွဲထားသည်ဟု The Voice သတင်းတွင် ဖော်ပြထားပါသည်။

ဖြစ်စဉ်မှာ စာမေးပွဲနီးသဖြင့် ကျောင်းသားများအား ညဘက် အနီးကပ် သင်ကြားနေချိန် စားပြီးသား ပန်းကန် မဆေးဘဲ ထားမိရာ ကျောင်းအုပ်ကြီးမှ မေးမြန်းသည်ကို မဖြေသဖြင့် ရိုက်နှက်ခြင်း ဖြစ်ကြောင်း ၊ ၀ါးခြမ်းပြား ဖြင့် တင်ပါးကို ရိုက်ခြင်း၊ လက်မောင်းကို ကုတ်ခြစ်၍ နားရွက်လိမ်ဆွဲခြင်း၊ ကျောကုန်းကို ထုခြင်းများ ပြုလုပ်ခံရခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
မခင်သူဇာမွန်မှ ရှက်လွန်းသဖြင့် စာတောင် ဆက်မသင်ချင်တော့ဟု ပြောခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးအား မေးမြန်းရာ ၄င်းမှ မေးမြန်းချိန်တွင် ဘေးစောင်းနေသဖြင့် ရိုက်နှက်ဆုံးမမိခြင်း ဖြစ်ကြောင်း၊ မိဘများနှင့် ကျောင်းကော်မတီကို တောင်းပန်ထားကြောင်း ဖြေခဲ့ပါသည်။

တိုက်နယ် ဆေးရုံအုပ်ကြီးမှ သာမန်ဒဏ်ရာဟု မှတ်ချက်ပေးပြီး ကျောင်းသူ၏ မိဘများ တိုင်ကြားမှုကို ဒူးယားရဲစခန်းမှ အမှုဖွင့်၍ ဟင်္သာတ တရားရုံးသို့ လျှောက်ထားပေးကြောင်း The Voice တွင် ဖော်ပြထားပါသည်။
myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map