<div style='background-color: none transparent;'></div>

Home » » Justin Bieber နှင့် သူ၏မိခင် Pattie Mallette ရုပ်သံတွေ့ဆုံခန်းတွင် ဂရမ်မီဆုရွေးချယ်ရေးအဖွဲ့ကို ဝေဖန်

Justin Bieber နှင့် သူ၏မိခင် Pattie Mallette ရုပ်သံတွေ့ဆုံခန်းတွင် ဂရမ်မီဆုရွေးချယ်ရေးအဖွဲ့ကို ဝေဖန်

               ဂရမ်မီဂီတထူးချွန်ဆုပေးပွဲတင်ဆက်သည့် Recording Academy သည် သားဖြစ်သူ Justin Bieber ကို ယခုနှစ် ဆင်ကာတင်စာရင်းတွင် ချန်လှပ်ထားခဲ့ခြင်းဖြင့် ပစ်ပယ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု  Justin Bieber  ၏ မိခင်ဖြစ်သူ Pattie Mallette က Fuse ရုပ်သံတွေ့ဆုံခန်းတွင်  ထုတ်ဖေါ်ပြောကြားလိုက်သည်။Pattie Mallette က "ကိုယ့်သားဖက်နည်းနည်းတော့လိုက်ပြောရမှာပေါ့ ။ သားက မကြာခင်ကဘဲ ရောင်းအားအကောင်းဆုံး နံပါတ် တစ် စွဲတဲ့ငါးခုမြောက်အယ်လ်ဘမ်ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့်သူ့ဂီတတွေက စကားပြောလာတာလို့ပဲယူဆပါတယ်" ဟု ဆိုသည်။
      ဂရမ်မီဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခြင်းမှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟု ဆိုသော်လည်း ထိုသော မပါဝင်ခြင်းကပင် နောက်ထပ် မျှော်မှန်းချက်တစ်ရပ်ကို ထပ်မံကြိုးပမ်းဆောင်ရွက်ရန်
တွန်းအားတရပ်ပေးသည့်နှယ်ဖြစ်ရာ တစ်နည်းအားဖြင့်ဆိုသော် ကောင်းသည်ဟု ပင်ယူဆနိုင်ကြောင်း Pattie Mallette က ပြောကြားခဲ့သည်။ Bieber ၏ Believe Acoustic  အမည်ရ အယ်လ်ဘမ်သစ်သည် Billboard ထိပ်တန်းတွင် နံပါတ်တစ်စွဲခဲ့သည့် အယ်လ်ဘမ်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် Justin Bieber ၏ ပဉ္စမမြောက် နံပါတ် တစ် ရ အယ်လ်ဘမ်လည်းဖြစ်သည်။ ထို့အပြင် Bieber သည် အယ်လ်ဘမ်ပါ သီချင်းတိုင်းကို ကိုယ်တိုင်ရေးသားထုတ်လုပ်ခဲ့သူလည်းဖြစ်သည်။ ဂရမ်မီဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခဲ့ခြင်းအတွက် Justin Bieber ကိုယ်တိုင်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားခဲ့သည်။ NBC ရုပ်သံ က ဖေဖေါ်ဝါရီ ၉ ရက်တွင် ထုတ်လုပ်မည့် Saturday Night Live အစီအစဉ်တွင် Bieber  နှင့် သူ၏မိခင် Pattie Mallette တို့ပါဝင်တင်ဆက်ပေးမည်ဖြစ်ရာ ဂရမ်မီအကြိုညတွင် ရိုက်ကူးမည့်အဆိုပါ အစီအစဉ်အတွက် နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေမိကြောင်း Pattie Mallette ကပြောကြားခဲ့သည်။

Myanmar Daily News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map