<div style='background-color: none transparent;'></div>

Home » » အမေရိကန်တွင် ကိုးနှစ်သား ကလေးက ဘဏ်ဓားပြတိုက်ခဲ့

အမေရိကန်တွင် ကိုးနှစ်သား ကလေးက ဘဏ်ဓားပြတိုက်ခဲ့

                   ၁၉၈၁ ခုနှစ်မတ်လတုန်း က ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Manhattan ခရိုင်က ဘဏ်တစ်ခုမှာ ဖြစ်ပြီး ကိုးနှစ်သား ကလေးငယ်က သေနတ်အတုနဲ့ ဘဏ်ဝင်စီးပါတယ်။ ဒီတော့ အချိန်မှီတားဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရားရုံးတင်စစ်ဆေးကြည့်တဲ့အခါ ယင်း ကလေးငယ်ဟာ အိမ်ထောင်ကွဲ မိသားစုမှ ပေါက်ဖွားပြီး ဖခင်နဲ့အတူနေသူ ဖြစ်ပါတယ်။ အိမ်မှာ အဖေ ဖြစ်သူက ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေကို အမြဲလိုလိုကြည့်ရှုတဲ့ အတွက် သူ့စိတ်ထဲမှာ ဘဏ်ဓားပြတိုက်တာဟာ လူစွမ်းကောင်း လုပ်ရပ် တစ်ခုလို စွဲလမ်းနေပြီး ယခုလို မထင်မှတ်ပဲ လုပ်ဆောင်မိခြင်း ဖြစ်ပါတယ်။


ကလေးငယ်မှာ ငွေပစ္စည်း ရယူဖို့အတွက် ဆန္ဒလုံးဝ မရှိပါဘူး။ ရုပ်ရှင်တွေက ဇာတ်လိုက်တွေကို အားကျပြီး လိုက်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သူကြည့်တဲ့ ရုပ်ရှင်များကတော့ ''Adam 12,'' ''The Rockford Files'' နဲ့ ''Hogan's Heroes' အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ ယင်း ရုပ်ရှင်များထဲက လုပ်ဆောင်ချက်များ၊ ဇာတ်ဝင်ခန်းများကို စွဲလမ်းပြီး လိုက်လံ ပြုမူခြင်း ဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နောက်ပိုင်း အမေရိကန် ရုပ်ရှင်နဲ့ အနုပညာာ လောကမှာ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ Privacy နဲ့ Content Warning ဖြစ်ပြီး အသက် ၁၃ နှစ်အောက်မကြည်ရ၊ ၁၆ နှစ်အောက်မကြည့်ရ၊ ၁၈ အောက်မကြည့်ရ ဆိုတာမျိုး Rank အသီးသီး ခွဲတဲ့ စနစ် အရှိန်အဟုန်နဲ့ ထွန်းကားလာပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်တွင်းနဲ့ ပြည်ပ က ရောက်ရှိသမျှ ရုပ်ရှင်တွေကို Rank ဖို့ထက် စနစ်တကျ လမ်းကြောင်း ဖန်တီးပြုလုပ်ပေးဖို့တောင် အားနည်းနေပါတယ်။ ဒါကြောင့် လူငယ်ရော၊ လူကြီးရော၊ လူလတ်ရော အားလုံး Content Warning, Privacy ခံထားသည်ဖြစ်၊ မခံထားသည်ဖြစ် ခွေများ ဝယ်လို့ ၊ငှားလို့ ကြည့်ရှုနေကြပါတယ်။ ဆိုးကျိုး အနေနဲ့ ရုပ်ရှင်ထဲက အပြုအမူများဟာ သင်ယူမှုမြန်ဆန်တဲ့ ကလေးငယ်နဲ့ လူလတ်ပိုင်းတွေကြားမှာ အတုယူမှားစရာ ဖြစ်လာနိုင်ချေများတယ်လို့ သတိပေထားကြကြောင်း သိရပါတယ်။
myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map