<div style='background-color: none transparent;'></div>

Home » » မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့ တွင် မြန်မာ အပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ

မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့ တွင် မြန်မာ အပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ


မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစ၍ အထူး စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီး ရှားနှ င့် နီပေါနိုင်ငံများမှ အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး ပါဝင်ပြီး နေထိုင်ခွင့် စာရွက် စာ တမ်း အ တုများ ကိုင်ဆောင်မှု၊ အလုပ်လုပ်ခွင့် ပါမစ်အတုနှင့် နိုင်ငံတွင်း သက်တမ်းကျော် နေထိုင်မှု များဖြင့် ဘူခစ်ရာဂျာ၊ ကလန်းနှင့် ဒန်ကေးမြို့များရှိ ၎င်းတို့နေထိုင်သည့် အိမ်များတွင် ဖမ်းဆီးခဲ့ခြ င်း ဖြစ် သည်။

အထူးစီမံချက်ဖြင့် အဆိုပါ မြို့များ၌ ဖမ်းဆီးခဲ့မှုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင် ဌာနတို့မှ ၀န်ထမ်းပေါင်း ၁၅၀ ပါဝင်ခဲ့ကြောင်း သိရသည်။ သုံးလကြာ ဆက်တိုက်ပြုလုပ်မည့် ယခုစီမံချက်အရ ဖမ်းဆီး ခံရ သည့် တရားမ၀င် နေထိုင်သူများအား နေ ထိုင်ခွင့် မှတ်ပုံတင်ရေးနှင့် မိမိတို့ အစီအစဉ်ဖြင့် နေ ရပ်ပြန်စေခြင်းတို့ကို ခွင့်မပြုဘဲ မလေးရှား အစိုးရက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့ သွားမည်ဖြ စ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော အလုပ်သမား များ မှတ်ပုံ တင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော နိုင်ငံခြား အလုပ်သ မား နှစ်သန်းခန့်အနက် ၁ ဒသမ ၃ သန်းသာ လာရောက်မှတ်ပုံ တင်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က မှတ်ပုံတင် လျှောက်ထားခဲ့သူများအနက် ၅၀၀၀၀၀ ကိုသာ လက်ခံခဲ့ပြီး ၃၃၀၀၀၀ ဦးကို နေရပ် သို့ ပြန်ပို့ခဲ့သည်။ စက်တင်ဘာ ၁ ရက် နံနက် ၃ နာရီခန့်က ဒန်ကေးမြို့တွင် ပြုလုပ်ခဲ့သည့် ဖမ်းဆီး မှုတွင် တရားမ၀င် အလုပ်သမား အချို့သည် ခွေးဟောင်သံများကြောင့်နိုးပြီး ၎င်းတို့၏ နေအိမ်များမှ နီးစပ်ရာ တောတွင်းသို့ ထွက်ပြေး သွားခဲ့သော်လည်း ၂၁ ဦးကို ၎င်းတို့နေအိမ်များတွင် ၀ှက်ထား သည့် ဆာမူရိုင်း ဓားရှည် တစ်ချောင်း၊ တူများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်အနေနဲ့ အလုပ်လုပ်ခွင့် ပါမစ်အစစ် လိုချင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့သူဌေးက ကျွန်တော့် ကို လိမ်ခဲ့တယ်။ ပါမစ်လျှောက်ပေးမယ်ပြောလို့ ကျွန်တော်သူ့ကို ရင်းဂစ် ၃၀၀၀ ပေးခဲ့ရပေမယ့် အခုအချိန် အထိ လုပ်မပေးခဲ့ပါဘူး" ဟု ဖမ်းဆီးခံခဲ့ရသူ အသက် ၃၄ အရွယ် အင်ဒိုနီးရှားနိုင်ငံသား ဆူဟာမင် က ပြောကြားသည်။ ပြည်ပအလုပ်သမားများ မှတ်ပုံတင် အစီအစဉ်တွင် အဘယ်ကြော င့် လျှောက်ထားမှု မပြုလုပ်ရခြင်းအပေါ် ဖမ်းဆီးရေး အရာရှိများက မေးမြန်းရာတွင် မိမိအနေဖြ င့်ေ န ရ ပ် သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်သောကြောင့် မလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဆူဟာမင်က ပြော ကြားခဲ့သည်။


ဖမ်းဆီးခံရသူများကို ပုဒ်မ ၆၊ ၁၅ (၄) နှင့် ၅၅ တို့အရ စစ်ဆေးသွားမည်ဖြစ်ပြီး နေရပ်သို့ ချက်ခြင်းပြန်ပို့ မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆာရာဗာနာ ကုမာက ပြောကြား သည်။
"အခုလို ဖမ်းဆီးမှုဟာ အလုပ်ရှင်တွေ အနေနဲ့ တရားမ၀င် အလုပ်သမားတွေကို မငှားရမ်းဖို့ ပြတ်ပြတ်သား သား သတိပေးခြင်း ဖြစ်ပါတယ်" ဟု ဆာရာဗာနာက ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ် ကုန်ပိုင်းအထိ ပြုလုပ်မည့် ယခုစီမံချက်တွင် တရားမ၀င် နေထိုင်သူ ၄၀၀၀၀ ခန့်နှင့် ၎င်းတို့ကို အလုပ်ခန့်ထားသည့် အလုပ်ရှင် ၄၅၀၀၀ ခန့်ကို ဖမ်းဆီးအရေးယူခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်း ကပြောကြားခဲ့သည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမ၀င် အလုပ်သမားတွေရဲ့ နေအိမ်တွေ၊ ခြံလုပ်ငန်းတွေ ၊ ဖြေဖျော်ေ ရး နေ ရာတွေနဲ့ အနှိပ်ခန်းတွေကို ၀င်ရောက်ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ အရင်ဖမ်းဆီးမှုတွေမှာ စီးပွားရေး လုပ်ငန်းအမျိုးမျိုးအတွက် တရားမ၀င် နေထိုင်သူတွေကို ငှားရမ်းလုပ်ကိုင်နေတဲ့ အလုပ် ရှင် ၂၀၀ ကိုလည်း အရေးယူထားပြီး ဖြစ်ပါတယ်" ဟု ဆာရာဗာနာက ပြောကြားခဲ့သည်။ ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့ ချက်ခြင်းပြန်ပို့သွားပြီး ၎င်းတို့၏ အလုပ်ရှင် များ ကို ရင်းဂစ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ်ခြောက်ချက် သို့မဟု တ် ပြစ် ဒဏ်အား လုံး ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Golden Land Myanmar..................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map