<div style='background-color: none transparent;'></div>

Home » » ဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး နေပြည်တော်အသင်း ဖီဖာအထိ အယူခံဝင်မည်

ဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး နေပြည်တော်အသင်း ဖီဖာအထိ အယူခံဝင်မည်


Monday, September 2, 2013

နေ ပြည်တော်အသင်းသည် ၎င်းတို့ ၏ အယူခံလွှာအား ဘောလုံးအ ဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထံ အယူခံတင်သွားရန် ရည်ရွယ် ထားကြောင်း သိရသည်။

နေပြည်တော် အသင်းအ နေဖြင့် ၎င်းတို့အား ချမှတ်ထား သော ပြစ်ဒဏ်များကို ဩဂုတ် ၁၉ ရက်က အယူခံတင်သွင်းထား ခဲ့ပြီး ၂၀၁၄ င်္ဗဃ ဃကစ ပြိုင်ပွဲ များအား အိမ်ကွင်းတွင် လက်ခံ ကျင်းပခွင့်ရရန် ဘောလုံးအဖွဲ့ ချုပ်ထံ တောင်းဆိုထားခဲ့သော် လည်း ဘောလုံးအဖွဲ့ချုပ်မှ လက် ခံရရှိသေးခြင်း မရှိကြောင်း သိ ရသည်။

နေပြည်တော်အသင်း၏ စီမံမန်နေဂျာ ဦးဇော်ဝင်းက ''ကျွန် တော်တို့အနေနဲ့ ဘောလုံးအဖွဲ့ ချုပ်ကို အယူခံတင်ထားတာ ဩ ဂုတ် ၁၉ ရက်ကတည်းကပါ။ ကျွန် တော်တို့ဆီမှာ စာလက်ခံ ရှိပါ တယ်။ ကျွန်တော်တို့ရဲ့စာက ဘာ ဖြစ်လို့ တာဝန်ရှိသူတွေဆီ မ ရောက်တာလဲဆိုတာ နားမလည် ဘူး။ အဲဒီတော့ ကျွန်တော်တို့အ နေနဲ့ နောက်ထပ်တစ်ပတ် စောင့် ကြည့်ဦးမယ်။ ဘာမှထူးမလာဘူး ဆိုရင် ကျွန်တော်တို့ တခြားဟာ ကို စဉ်းစားမယ်။ အရင်က ဖီဖာ မှာ အယူခံဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အဆင့်မကျော်ချင်လို့ ဘောလုံး အဖွဲ့ချုပ်ကို အရင်စာတင်ခဲ့တာ ပါ။ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ပြီး ဖီဖာအထိ အယူခံဝင် သင့် မဝင်သင့် ဆုံးဖြတ်သွားမှာ ပါ''ဟု ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ''နေ ပြည်တော်အသင်းဘက်က တ ရားဝင် တင်သွင်းလာတဲ့ အသ နားခံစာရော၊ အယူခံစာရော မ ရောက်ရှိ သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီကို ရောက်ရှိလာ ခဲ့မယ်ဆိုရင်တောင် အခုအချိန် မှာ ချက်ချင်းဆုံးဖြတ်ပေးမှာ မ ဟုတ်ပါဘူး။ ဒီကိစ္စကို သေသေ ချာချာ ပြန်လည်သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆုံး ဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချ မှတ်လို့ မရပါဘူး။ င်္ဗဃ ဃကစ ပြိုင်ပွဲကို အိမ်ကွင်းမှာ ကျင်းပနိုင် ဖို့ဆိုတာကိုလဲ အခုအချိန်မှာ ပြော လို့မရနိုင်သေးပါဘူး''ဟု ပြောကြား ခဲ့သည်။

စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး ကလည်း နေပြည်တော်အသင်း ၏ အယူခံဝင်စာအား လက်ခံမ ရရှိသေးကြောင်းနှင့် အယူခံလွှာ ရရှိလာပါကလည်း ယင်းကိစ္စ အား အယူခံကော်မတီ ဖွဲ့စည်းပြီး မှ ဆုံးဖြတ်သွားမှာဖြစ်ပြီး ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း ပြော သည်။

Yangon Media Group
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map