<div style='background-color: none transparent;'></div>

Home » » ဘက်ထရီကောင်းသည့် Acer စမတ်ဖုန်း Liquid S1

ဘက်ထရီကောင်းသည့် Acer စမတ်ဖုန်း Liquid S1



အရွယ်အစားက ၅.၇ လက်မ ဆိုတော့ ကျောက်သင်-စမတ်ဖုန်း လို့ ခေါ်ရ ပါမယ်။ ထူးခြားချက်ကတော့ ဘက်ထရီက ယနေ့ ထွက်နေတဲ့ စမတ်ဖုန်း အားလုံးထက် ပိုမို တာရှည်ခံပါတယ်လို့ဆိုပါတယ်။ Liquid S1 လို့ အမည်ပေး ထားပါတယ်။

1280x 720 screen, Processor 1.5 GHz, Android က 4.2 Jelly Bean OS, RAM က 1GB, internal က 8 GB, 32 GB အထိ Expend လုပ်နိုင်၊ ကင်မရာက 8 megapixel ဆိုတော့ ယနေ့နောက်ဆုံးပေါ် HTC One, Samsung S4 တို့ကို မမှီတာတော့ သေချာ ပါတယ်။

Dual-SIM feature လည်း ပါဝင်ပါတယ်တဲ့။ ဘက်ထရီ ကတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းထားရင် တော်ရုံဖုန်းက ၂၄ နာရီ သုံးပြီးတဲ့အခါ ၂၀ ရာခိုင်နှုန်းအောက်ကို ရောက်ပါတယ်။ ထိုင်ဝမ် တရုတ်ဖုန်း ပေမယ့် အရည်အသွေးကိုတော့ အာမခံထားပါတယ်။ အဓိကက ဥရောပနဲ့ အမေရိက ဈေးကွက်ကို ဖြန့်ချိမှာပါ။ ဈေးနှုန်းကလည်း သက်သာမယ့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: pocketlint
ရိုးရာလေး နည်းပညာ...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map