<div style='background-color: none transparent;'></div>

Home » » အိန်ဂျလိနာ ဂျိုလီကို သဘောကျပြီး ဖိုက်တင်ကျင့်ခဲ့ရသူ ချစ်သုဝေ

အိန်ဂျလိနာ ဂျိုလီကို သဘောကျပြီး ဖိုက်တင်ကျင့်ခဲ့ရသူ ချစ်သုဝေ



‘အိုင်တောသူ၊ ယူမြို့သား’ ဇာတ်ကားကို ရိုက်ကူးနေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာ အန်ဂျလီနာ ဂျိုလီကို သဘောကျပြီး ဖိုက်တင်ကို ဝါသနာ ပါတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဟာသ ဇာတ်လမ်းေ တွ ရိုက်တာနည်းတဲ့ ချစ်သုဝေက ဒီဇာတ်လမ်းကို လက်ခံတုန်းက ဟာသဇာတ်လမ်း ပဲဖြစ်တဲ့အတွက် အဆင်ပြေမယ် ဆိုပြီးရိုက်ခဲ့ပေမယ့် တကယ်ရိုက်တဲ့ အချိန်မှာတော့ ဟာသအက်ရှင်ဇာတ် လမ်းမျိုးဖြစ် တာကြောင့် မှတ်မှတ်ရရဖြစ်ရတဲ့ဇာတ်လမ်းဖြစ်ကြောင်းပြောပါတယ်။ ရိုက် ကွင်းပေါ်မှာလည်း အထိအခိုက်များခဲ့တယ်ဆိုတဲ့ ချစ်သုဝေက..

“ဒီဇာတ်ကားက ပင်ပန်းတယ်။ အထိအခိုက်လည်းများတယ်။ သန်လျင်မှာ ဖိုက်တင် ခန်းတွေလည်း ရိုက်ရတယ်။ တစ်သက်လုံး လေ့ကျင့်ခန်းလည်း မလုပ်ခဲ့တဲ့ သူဆိုတော့ ဒီတစ်ပတ်လုံးက ကိုယ်တွေလက်တွေ ကိုက်ခဲနေ တာပဲ။ အိမ်ပြန်ရင် လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး။ ဒါပေမဲ့ ပျော်စရာကြီး။ လူကြမ်းမင်း သားတွေနဲ့ ဒါရိုက်တာက ဖိုက်တင်သင်ပေးတယ်။ ထရီဇာလည်းကြိုးကြိုးစားစားနဲ့သူတို့သင်ပေးတဲ့ အကွက်ကလေးတွေကို မိမိရရလေးလိုက်နိုင် အောင် လုပ်တယ်။ မှတ်မှတ်ရရ ကားပေါ်က နေခုန်ချ လိုက်တာ ထိခရုံးပင်ပေါ်တည့်တည့် ခုန်ချတယ်။ ထိခရုံးပင်ဆိုတော့ ခြေထောက်ထဲ ဆူးဝင်သွားတယ်။ ဒီဇာတ်ကားက အမှတ်တရ များတယ်။ ယုန်လေးက ထရီဇာ့တံခါး ကိုလာ ခေါက်တော့ ယုန်လေးကိုသတ်ပြီး ယုန်စွပ် ပြုတ်လုပ်တိုက်တဲ့ အခန်းဆိုရင် ယုန်လေးကို နားရွက်ကနေချီရတာ တအား သနားတော့ တအား ငိုလိုက်ရတယ်။ ယုန်လေးကို နားရွက် ကနေဆွဲမတာ သူ့သဘာဝလို့ ဒါရိုက်တာက ပြောတယ်။ ယုန်လေးက မနာဘူး။ နားရွက် ကနေဆွဲရတယ်။ ဒါပေမဲ့ ယုန်တွေရဲ့အခံကိုက သူတို့ က ကြောက်တတ်၊ ထိတ်လန့် တတ် တော့ ထရီဇာဆွဲလိုက်တဲ့အချိန်မှာ သူတို့ တုန်နေတာက သူတို့ဖီလင် က ကိုယ့်ဆီကူးပြီး တအား ဝမ်းနည်းခဲ့ရတယ်” လို့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်တဲ့အဝတ်အစားတွေကို စက်တင်ဘာ ၁ရက်ကနေ ၃ရက်အထိဘန်ကောက်မှာသွားဝယ် မှာဖြစ်ကြောင်း ပြောပါတယ်။ ဗီဒီယိုဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး မီးအိမ် ကဗျာ ဗီစီဒီအတွက်လည်း ရိုက်ကူးဖြစ်သလို ဒုတိယတစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ စုနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအခွေ ထဲမှာ ကလေးတွေနဲ့ဆိုင်တဲ့ သီချင်းတချို့၊ လူမှုရေးနဲ့ဆိုင်တဲ့ သီချင်းတချို့လည်း ပါဝင်မှာဖြစ်ကြောင်း ချစ်သုဝေကပြော ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map