skip to main |
skip to sidebar
"ကျိန်စာ"
အစွမ်းထက်တဲ့ စုန်းမကြီး တစ်ယောက်ကို ကိုကျေးညိုသွားတွေ့တယ်
စုန်းမကြီးက မေးတယ်... ...
'ဘာကိစ္စလဲ လူလေး'
'ကျနော့်အပေါ်မှာ အနှစ် ၂ဝ လောက်ကြာအောင် မိနေတဲ့ ကျိန်စာကို ပျက်ပြယ်အောင် ကူညီပါ'
'ရတယ်လေ၊ မင်းကို ဘယ်သူက ကျိန်စာတိုက်လိုက်တာလဲ'
'ကျနော့် ယောက်ခမ'
'ဟင်... ဘယ်တုန်းကလဲ'
'လွန်ခဲ့တဲ့ အနှစ် ၂ဝ၊ သူ့သမီးကို သွားတောင်းတုန်းက'
'ဘယ်လို ကျိန်လိုက်တာလဲ၊ တိတိကျကျပြော၊ ဒါမှ ချေဖျက်တဲ့အခါ ထိရောက်တာ'
ဒီတော့ ကိုကျေးညိုကလည်း တိတိကျကျရွတ်ပြတယ်... ...
'ယနေ့မှစပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ'... တဲ့
အီး ဟီး ...။
သန်၎ကို-ဘာသာပြန်သည်
အေးချမ်းမွန်...............မှ
0 comments:
Post a Comment