<div style='background-color: none transparent;'></div>

Home » » မရဏအုပ်စုထဲ အာဆင်နယ်ရောက်ခဲ့ပြီး ဥရောပအကောင်းဆုံး ကစားသမားဆု ရစ်ဘာရီဆွတ်ခူး

မရဏအုပ်စုထဲ အာဆင်နယ်ရောက်ခဲ့ပြီး ဥရောပအကောင်းဆုံး ကစားသမားဆု ရစ်ဘာရီဆွတ်ခူး



ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကိုပြင်သစ်နိုင်ငံ မိုနာကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်း မရဏအုပ်စုတွင်း
ကျရောက်ခဲ့ရပြီး ဘာစီလိုနာနှင့် အေစီမီလန်၊ ရီးရဲလ်နှင့် ဂျူဗင်တပ်တို့ အုပ်စုတစ်အုပ်စုတည်း ပါဝင်ခဲ့သည်။ အာဆင်နယ်မှာ အုပ်စု (F)တွင် နိုင်ခြေ အဆင့်(၂)မာဆေးလ်၊ နိုင်ခြေအဆင့်(၃) ဒေါ့မွန်၊ နိုင်ခြေအဆင့် (၄) နာပိုလီတို့နှင့် ကျရောက်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ် မဲခွဲမှုများအပြီး ယမန်နှစ်ရာသီအတွက် ဥရောပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရွေးချယ်ရာတွင် ဘိုင်ယန်နှင့်အတူ ဖလား ၃လုံး ဆွတ်ခူးနိုင်ခဲ့သည့်ပြင်သစ်တောင်ပံကစားသမားရစ်ဘာရီမှာ
ရော်နယ်ဒို၊ မက်ဆီတို့ကို ကျော်ဖြတ်၍ ဆုရရှိသွားခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် မေလ ၂၄ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ရှိ၊ အက်စ်တာဒီယိုဒီလက်ဇ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အတွက် ပေါ်တူဂီ ဂန္တ၀င်ကစားသမား ဖီဂိုကို သံတမန်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

အုပ်စု (A) မန်ယူ၊ ရှက်တာဒိုးနက်၊ လေဗာကူဆင်၊ ဆိုစီဒက်

အုပ်စု(B) ရီးရဲလ်၊ ဂျူဗင်တပ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်

အုပ်စု (C) ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အိုလံပီယာကို့စ်၊ အန်ဒါလက်ခ်ျ

အုပ်စု (D) ဘိုင်ယန်၊ စီအက်စ်ကေအေ၊ မန်စီးတီး၊ ဗစ်တိုးရီးယားပယ်ဇန်

အုပ်စု (E) ချဲလ်ဆီး၊ ရှော်လ်ကေး၊ ဘေဆယ်၊ စတူအာဘူခါရက်

အုပ်စု(F) အာဆင်နယ်၊မာဆေးလ်၊ ဒေါ့မွန်၊ နာပိုလီ

အုပ်စု (G) ပေါ်တို၊ အက်သလက်တီကို၊ ဇင်းနစ်၊ သြစကြီးယားဝီယန်

အုပ်စု (H) ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်စ်၊ ဆဲလ်တစ် 


ဇော်ထွန်း(ရိုးရာလေး)...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map