Home »
သတင်း
» ချဲလ်ဆီး ကစားသမား ဖြစ်တော့မည့် အီတိုး
ချဲလ်ဆီး ကစားသမား ဖြစ်တော့မည့် အီတိုး
အန်ဇီး တိုက်စစ်မှုး ဆင်မြူရယ် အီတိုးသည် ချဲလ်ဆီး အသင်းသို့ ပြောင်းရွေ့ 
ကစားရန် အတွက် ဗုဒ္ဓဟူးနေ့ညက လန်ဒန်သို့ ရောက်ရှိလာပြီး ဆေးစစ်မှု
ခံယူတော့မည် ဖြစ်သည်။ အန်ဇီးတွင် တစ်နှစ်လုပ်ခ ပေါင်(၁၇)သန်း ခံစားခွင့်
ရနေသော အသက်(၃၂)နှစ် အရွယ် အီတိုးသည် ချဲလ်ဆီး အသင်းတွင် တစ်နှစ်လုပ်ခ
ပေါင်(၇)သန်း သာ ခံစားခွင့်ရမည် ဖြစ်သည်။ ဘောလုံး လောက၏ လုပ်ခ လစာ
အများဆုံး မှတ်တမ်းဝင်ထားသူ အီတိုးသည် ဆရာဟောင်း ဖြစ်သူ မော်ရင်ညိုဖြင့်
လက်တွဲပြီး ပရီးမီးယားလိဂ်တွင် ကစားခွင့် ရရှိရေး အတွက် လုပ်ခလစာ
ပေါင်(၁၀)သန်း အထိကို လျော့ပေးခဲ့သည်။
ဘဏ္ဍာရေး ပြဿနာ
ရင်ဆိုင်နေရသော အန်ဇီးက အီတိုးကို ဆက်လက် ထိန်းသိမ်းချင် လိုသော်လည်း
လုပ်ခလစာ အများဆုံး ပေးချေ နေရသေကြောင့် အလွတ်ပြောင်းရွေ့ကြေးဖြင့်ပင်
ထွက်ခွာခွင့် ပြုခဲ့သည်။ မော်ရင်ညိုသည် မန်ယူနိုက်တက် တိုက်စစ်မှုး
ရွန်းနီအား ခေါ်ယူရေး မအောင်မြင်သောကြောင့် ၎င်း၏ Plan B အတိုင်း အီတိုးအား
ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အီတိုးနှင့် ပတ်သက်ပြီး မော်ရင်ညိုက - "သူ့လို
တိုက်စစ်မှုးနဲ့ အတူ အလုပ်တွဲ မလုပ်ချင်ဘူးဆိုတဲ့ နည်းပြဟာ ရူးနေလို့ပါပဲ"
ဟု ပြောကြား သွားခဲ့သည်။
ရိုးရာလေး..............မှ
0 comments:
Post a Comment