<div style='background-color: none transparent;'></div>

Home » » ဆီးချို သွေးချိုရောဂါ ရှိသူတို့ အတွက် မင်္ဂလာပွဲ မတိုင်မီ ကြိုတင်ပြင်ဆင် သင့်သည်များ

ဆီးချို သွေးချိုရောဂါ ရှိသူတို့ အတွက် မင်္ဂလာပွဲ မတိုင်မီ ကြိုတင်ပြင်ဆင် သင့်သည်များ

မင်္ဂလာ နေ့မှာ ကျန်းမာပြီး လှပတဲ့ သတို့ သမီးတစ်ယောက် အဖြစ် ပွဲလယ်တင်ဖို့ ပြင်ဆင်မှုတွေထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ ရောဂါ ကင်းရှင်းပြီး ကျန်းမာနေသူ တစ်ဦး ဖြစ်ရင်တောင် မင်္ဂလာပွဲနေ့ရောက်မှ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ခြေလက် ညောင်းညာကိုက်ခဲတာ စတဲ့ အပရဟိတ ဝေဒတနာ မျိုးတွေ မဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။
(၁) ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ထားပါ
မင်္ဂလာ ဧည့်ခံပွဲနေ့မှာ မင်္ဂလာကိတ် မုန့်၊ ရေခဲမုန့် စားတာ၊ မင်္ဂလာ ညစာစားပွဲ မှာ မိတ်ဆွေတွေ အတင်းတိုက်လို့ မင်္ဂ လာအရက်ကို မဖြစ်မနေ သောက်ရတဲ့ အခါ သင့်မှာရှိနေတဲ့ ဆီးချိုသွေးချိုရော ဂါကို ဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမတိုင်မီ ဆရာဝန်နဲ့ ပြသတိုင်ပင်ထားပြီး ဆရာဝန်ရဲ့ ညွှန် ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။
(၂) အစားအသောက် ကြိုတင်စီစဉ်ထားပါ
မင်္ဂလာပွဲနေ့က စိတ်အလှုပ်ရှားဆုံး နဲ့ အလုပ်အများဆုံးနေ့တစ်နေ့မှာ စိတ် လှုပ်ရှားမှုများတာကြောင့် အစာမစားဘဲ မနေပါနဲ့။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့ ခက်ခဲသွားတတ်ပါတယ်။ စားနေကျ အစားအသောက်ဖြစ်စေ၊ သ ရေစာဖြစ်စေ ကြိုတင်စီစဉ်ထားဖို့ လိုပါ တယ်။
(၃) စိတ်ဖိစီးမှုများကို လျှော့ချပါ
မင်္ဂလာပွဲနေ့မှာ သတို့သား၊ သတို့ သမီးတို့က စိတ်လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ရ ဆုံးအချိန်ပါ။ ဆီးချို သွေးချိုရောဂါ ရှိသူ တစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုတွေခံစား ရပါက သွေးတွင်းသကြားဓာတ်ကို ထိန်း ဖို့ ခက်ခဲပါတယ်။ မင်္ဂလာပွဲ မကျင်းပမီ အချိန်ကတည်းက စိတ်ဖိစီးမှုကို လျှော့ချ နိုင်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်နေ့ကို အချိန် ၅ မိနစ် လောက် စိတ်နဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့ ပြီး လဲလျောင်းကာ အသက်ကို ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။
(၄) ကိုယ်အလေးချိန်ထိန်းသိမ်းပါ
ကိုယ်အလေးချိန်ကို သင့်တင့်တဲ့အ တိုင်းအတာ အတိုင်း ထိန်းသိမ်း ထားပါမှ မင်္ဂလာ ဝတ်စုံလေး ဝတ်ဆင်တဲ့အခါ လှပ ကြည့်ကောင်းနေမှာပါ။ ဆီးချိုသွေးချိုရှိ သူတစ်ယောက်ဆိုရင် မင်္ဂလာပွဲအတွက် စီစဉ်နေတဲ့ အချိန်မှာ တစ်ပတ်ကို ပေါင် ဝက်ကနေ နှစ်ပေါင်လောက်အထိ လျှော့ ချထားသင့်ပါတယ်။ ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချင်း လျှော့ချတာက ပိုမိုထိ ရောက်မှုရှိပါတယ်။
(၅) မင်္ဂလာဝတ်စုံကို သေသေချာချာ ရွေးချယ်ပါ
သက်တောင့် သင်သာ မရှိတဲ့ မင်္ဂ လာဝတ်စုံကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင် မင်္ဂလာဝတ်စုံကို စိတ်တိုင်း ကျရွေးချယ်ပြီး အစမ်းဝတ်ကြည့်ထားဖို့ လိုပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ စိတ်အနှောင့်အယှက်ဖြစ်တာကြောင့် သွေးတွင်းအင်ဆူလင်ရဲ့ လုပ်ဆောင်မှု တွေကို အဟန့်အတားဖြစ်စေတာကြောင့် ပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map