<div style='background-color: none transparent;'></div>

Home » » အများဆန္ဒ၊ အများသဘောနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး ရှေ့ဆက်သွားမယ် ဆိုတဲ့ လူမင်း

အများဆန္ဒ၊ အများသဘောနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး ရှေ့ဆက်သွားမယ် ဆိုတဲ့ လူမင်း

ရုပ်ရှင် အစည်းအရုံးမှာ ရှေ့ ဆက်သွားမယ့် အနာဂတ် ခရီးတွေနဲ့ ဒီကြားထဲမှာ ကြုံတွေ့ရတဲ့ အခက် အခဲတွေကိုပြောရမယ်ဆိုရင်တော့ ပြဿနာ၊ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော်ခံ ယူထားတာက အဲဒီဟာတွေကို ထိုင် ပြီးဖြေရှင်းနေမယ့်အစား ကျွန်တော် တို့သွားချင်တဲ့ အနာဂတ်ခရီးလမ်း ကိုတော့ ဘယ်တော့မှ အပျောက် မခံနိုင်ပါဘူး။ ကိုယ်လုပ်စရာရှိတာကို လုပ်မယ်။ ရှင်းစရာရှိတာကို ရှင်း မယ်။ ဘယ်အရာမဆို ကျွန်တော် တစ်ယောက်တည်းပဲ ဘယ်တော့မှ မဆုံးဖြတ်ပါဘူး။
အများဆန္ဒ၊ အ များသဘောနဲ့ မှန်မှန်ကန်ကန်ဆုံး ဖြတ်ပြီးတော့ ရှေ့ဆက်သွားမယ်လို့ ခံယူထားပါတယ်။ ဗီဒီယိုဈေးကွက်နဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုအခြေခံ ဗဟိုကနေပြီးတော့ ဗီဒီယိုဆိုတာကို သီးသန့်ကိုင်တွယ်အုပ်ချုပ်တဲ့ ကဏ္ဍ ရှိပါတယ်။ကျွန်တော်တို့ ရုပ်ရှင်အ စည်းအရုံးအနေနဲ့ ဗီဒီယိုဈေးကွက် ကိုဘယ်လိုလုပ်စေ၊ ဘယ်အရာလုပ် စေဆိုပြီးတော့ ဝင်ပြီး ချမှတ်ပေးတာ မရှိပါဘူး။ ဗီဒီယိုနဲ့ ပတ်သက်ပြီး ခိုး ကူးခွေနဲ့ပတ်သက် သမျှကိုတော့ ဖမ်း ဆီးမှုတွေက အရှိန်အဟုန်မပြတ် လုပ်ဆောင်နေပါတယ်။ သက်ဆိုင် ရာပြည်သူရဲ့ တပ်ဖွဲ့တွေကလည်း ပူးပေါင်းပါဝင် ကူညီမှုတွေ အများ ကြီးရှိပါတယ်။
ဒီရက်ပိုင်း အတွင်းမှာ တောင် ဟိုတစ်ခါလုပ်သလို၊ ခိုးကူး ခွေဖျက်ဆီးတဲ့ပွဲထပ်လုပ်ဖို့ရှိပါတယ်။ ရာသီဥတုကြောင့်မို့လို့ ရက်လေး နည်းနည်းရွှေ့ထားတယ်။ နောက် တစ်ပွဲထပ်လုပ်ဖို့ရှိပါသေးတယ်။ အဲဒီလိုပဲဆင်ဆာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လောကသားတွေ လည်းဆွေးနွေးဖြစ်ပါတယ်။ ဆင် ဆာအဖွဲ့ဝင်လူကြီးတွေနဲ့ ဆွေးနွေး ဖြစ်တယ်။
ကျွန်တော်တို့ ရုပ်ရှင်ဆို တာက ရုပ်ရှင်သည် ပြည်သူ့အတွက် လို့ခံယူထားတာလေ။ ပြည်သူတွေရဲ့ ဝေဖန်အကြံပြုအသံတွေကို အလေး အနက်ထားရမှာပါပဲ။ အဲဒီအပေါ် မှာ ကျွန်တော်တို့ပြင်သင့်တာကို ပြင် ရမယ်။ ဆင်ခြင်သင့်တာကို ဆင်ခြင် ရပါမယ်။ ပရိသတ်နဲ့ထိပ်တိုက်တိုး ပြီးရပ်တည်ရမယ့် အနုပညာသမား မျိုးတွေကို ဘယ်သူမှဖြစ်ချင်ကြမှာ လဲ မဟုတ်ဘူးလေ။ အဲဒီတော့ ပြင် သင့်တာပြင်မယ်။ ဆင်ခြင်သင့်တာ ကိုဆင်ခြင်မယ်။ တာဝန်ကိုသိမှ လည်း ကိုယ့်တာဝန်ကိုကိုယ်ယူရ မယ်။ ဆင်ဆာအဖွဲ့က ထင်မြင်ချက် တွေတွေ့ရှိချက်တွေကိုထောက်ပြတာ ကလည်းသူတို့အလုပ်ပဲ။ ကျွန်တော် တို့ဘက်မှာလည်း ကိုယ့်တာဝန်ကိုယ် ယူရမယ့် အပိုင်းလေးတွေက နောက် ပိုင်းမှာပိုပြီးအရေးကြီး လာပါတယ်။
ဒီနှစ်ပေးမယ့် အကယ်ဒမီနဲ့ ပတ်သက် ပြီး သေသေချာချာ ထပ်ပြောပါ့မယ်။ ဒီနှစ်ပေးမယ့် အကယ်ဒမီက ကျွန်တော် တို့ရုပ်ရှင် အစည်းအရုံးက ကြီးမှူး ကျင်းပမယ့် အကယ်ဒမီပွဲ မဟုတ်သေး ပါဘူး။ ရုပ်ရှင်လုပ်ငန်းပြန်ကြားရေး ဝန်ကြီးဌာနက ကျင်းပတဲ့ ပွဲလေးပါ။ နောက်နှစ်မှာမှ ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံးကနေ ပေးရမယ့်ပွဲလေး ဖြစ်မှာမို့ ဒီနှစ်အတွက်က ကျွန်တော် တို့အတွက် ရီဟာဇယ်လိုဖြစ်တာ ပေါ့။ စိစစ်အကဲဖြတ်ပေးတာတို့က အစ ကျွန်တော်တို့ရဲ့အနုပညာရှင် ကြီးတွေက သေသေချာချာစနစ်တ ကျပါဝင်ပြီးအကဲဖြတ်ပေးကြမှာပါ။ 

yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map