လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည် အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။
နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက အဓိကကျ ကြောင်းကို
Read More >> http://www.myawady.com.mm/
Myawady News


0 comments:
Post a Comment