<div style='background-color: none transparent;'></div>

Home » » သင့်ကျန်းမာရေး (မိခင်နှင့် အာဟာရ)

သင့်ကျန်းမာရေး (မိခင်နှင့် အာဟာရ)



ကိုယ်ဝန်ဆောင်တွေဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံး ဖြစ်စေမယ့် အစားအစာမျိုး ရွေးချယ်ပြီး နေ့စဉ် စားသုံးသင့်တယ်။ မိခင်တွေအဖို့ သာမန်ထက်ပိုပြီး စားသောက် ပေးရမယ်။ စားရိုးစားစဉ် ထမင်းနဲ့ဟင်း အပြင် အစား အစာနဲ့ ဆေးများကိုပါ ဖြည့်စွက် စားပေး ရမှာဖြစ်ပါတယ်။

ခန္ဓာကိုယ် အရိုးအကြောသန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အားလုံးကို စားတဲ့ အစာထဲက ရရှိမှာ ဖြစ်လို့ပါ။ အစာကို လတ်လတ် ဆတ်ဆတ် စားနိုင်လေ အာဟာရ ပြည့်စုံလေပဲ။ နေ့စဉ် ပြည့်မီတဲ့ အဟာရရဖို့ ရွေးချယ် စားသင့်တယ်။

ပထမတန်းစား ပရိုတိန်း အစားအစာဖြစ်တဲ့ အသား၊ ကြက်၊ ဘဲ၊ ငါး၊ ဥ၊ ဒိန်ခဲ၊ နို့နဲ့နို့ထွက် အစားအစာတွေကို တစ်နေ့သုံးကြိမ် စားသင့်တယ်။ ဒုတိယတန်းစား ပရိုတိန်း ဖြစ်တဲ့ ဟင်းသီးဟင်းရွက် အဝါရောင်၊ အနီရောင်၊ အစိမ်းရောင် အသီးအနှံတွေကို တစ်နေ့ သုံးကြိမ် စားရမယ်။ ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရပ်ပါတဲ့ အစာ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ငါးတို့ကို တစ်နေ့လေးကြိမ်၊ နို့တိုက် မိခင်တွေက နေ့စဉ်တစ်နေ့ ငါးကြိမ် စားသင့်တယ်။ အရည် အမျိုးမျိုး၊ အချိုရည်၊ ကွေကာနဲ့ အိုဗာတင်း သောက်ပါ။ ရေကို တစ်နေ့နှစ်လီတာ ရှစ်ဖန်ခွက်လောက် သောက်ရမယ်။အစားအစာ ချက်ပြုတ်မယ် ဆိုရင် စနစ်တကျ ရှိသင့်တယ်။ အိုးခွက် ပန်းကန်တွေကို အမြဲ သန့်ရှင်းထားရမယ်။ အေးခဲတဲ့ အစာ၊ ကြက်၊ ဝက်၊ ငါးတို့ကို သေချာနူးနပ်အောင် ချက်ရမယ်။ သားစိမ်း၊ ငါးစိမ်းချက်သလို၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ချက်စားသင့်တယ်။ စံမီပြည့်ဝတဲ့ အဟာရဖြစ်ဖို့ အသားစိမ်း၊ ငါးစိမ်းနဲ့ ဟင်းသီးဟင်းရွက် တို့ကို လတ်လတ်ဆတ်ဆတ် ချက်စားသင့်တယ်။ ကိုင်တွယ်မယ့် လက်နဲ့အိုးခွက် ပန်းကန်တွေကို သန့်သန့်ရှင်းရှင်း ဆေးကြော ထားရမယ်။အစာမစားခင်၊ အိမ်သာ တက်ပြီးတိုင်းနဲ့ အစာကို မကိုင်တွယ် မိခင်မှာ လက်ကို ဆပ်ပြာနဲ့တိုက်ပြီး ရေစင်ကြယ်အောင် ဆေးသင့်တယ်။ လက်မှာ ပွန်းရှဒဏ်ရာ ရှိရင် ပတ်တီး စည်းထားရမယ် သို့မဟုတ် ပလာစတာ ကပ်ထားရမယ်။ မလွှဲသာလို့ အညစ်အကြေး ကိုင်ရင် လက်အိတ် စွပ်ရမယ်။ အလုပ်ပြီးရင် ဆေးကြောပြီးမှ အစားအစာ

Read More >> http://www.myawady.com.mm/health/knowledge/item/20852-2013-07-29-13-35-21
Myawady News..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map