အာဂျင်တီးနား မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကြောင့် မက်ဆီတစ်ယောက် ပြဿနာ
ကြုံဖို့ ရှိနေပါတယ်။ ပရွန်တို မဂ္ဂဇင်းဟာ လက်ဗီးဂတ်စ်မှာ ရွှေညိုရောင်
ဆံနွယ်ပိုင်ရှင် မိန်းမတစ်ယောက်နဲ့ ဖက်ထားတဲ့ မက်ဆီရဲ့ပုံကို မျက်နှာဖုံးတင်ခဲ့ပြီး ဒီအကြောင်းကို “မီးလျှံများထဲက လတ်ဗီးဂတ်စ်ည”လို့ ရေးသားခဲ့ပါတယ်။
မက်ဆီဟာ ဇူလိုင် ၅ရက်နေ့က ချီကာဂိုမှာ ခြေစမ်းပွဲ လာကစားခဲ့ပြီး လတ်ဗီးဂတ်စ်က ညတွေအတွက် အခုလို ပြောခဲ့ပါတယ်။ “အပြစ်တွေကြားက မြို့ကို အလည်သွားတုန်းက ရွှေညိုရောင် ဆံနွယ်ရှင်လေးနဲ့ ပါတီပွဲ နွဲခဲ့ပါသေးတယ်”လို့ မက်ဆီက ၀န်ခံခဲ့တာပါ။ ဒီအကြောင်းအရာဟာ ချစ်သူ ရော့ကတ်ဇိုနဲ့ သူ့ကြား ဆက်ဆံရေးကို ထိခိုက်စေမလား ဆိုတဲ့မေးခွန်းကလည်း သူတို့အသိုင်းအ၀ိုင်းကြားရေပန်းစားနေလေရဲ့ဗျာ။
yoyarlay

0 comments:
Post a Comment